Wednesday, November 5, 2008

မီးလေးဇာ ရဲ့ ၂၄ နှစ်ပြည့်မွေးနေ့











ဒီနေ့ ၅ရက်နေ့ဟာမီးလေးရဲ့... ၂၄ နှစ်ပြည့် မွေးနေ့လေးဖြစ်ပါတယ် ဒီနှစ်တော့နေ့မတိုက်တာနဲ့ဘာမှတော့မလုပ် ဖြစ်ပါဘူး မီးလေးလဲအလုပ်မနားရ သူငယ်ချင်းတွေလဲမအားတာနဲ့ မစီစဉ်ဖြစ်ဖူးပေါ့......ညကတော့. .အမေ့ဆီကိုဖုန်းဆက်ပြီးတော့ပြောဖြစ်ပါတယ် အမေကတော့မွေးနေ့လုပ်ဦးမလို့လားတဲ့ မလုပ်တော့ဘူးလို့ပဲပြောလိုက်ရတယ် အားမှမအားတာ အားရင်တော့လား..ဟဲဟဲ
ပြီးခဲ့တဲ့နှစ်တုန်းက အိမ်မှာလဲလုပ်တယ် နေ့ပိုင်းမအားတဲ့သူတွေကိုလဲ ညပိုင်းဆိုင်မှာလိုက်ကျွေးတယ် ပြီးတော့ဘာပြောထားတယ်ထင်လဲ... နင်တို့အ၀စားနော် နောက်နှစ်ငါ့မွေးနေ့မရှိတော့ဘူး မလုပ်တော့ဘူးလို့ သူတို့ကဘာဖြစ်လို့လဲတဲ့..ဟိဟိ..ယောင်္ကျားယူတော့မလို့လို့ပြောလိုက်တယ် အခုရလဲမရဘူး..ဟတ်ဟတ်
သူများတွေကမီးမီးကို အပျိုကြီးလို့ခေါ်ကုန်ကြပြီး..ဟင့်...
အမေကတော့အားပေးပါတယ် ဘာမှမပူနဲ့သမီးတဲ့ အမေဗန်းထဲထည့်ပြီး လိုက်ရောင်းပေးမယ်တဲ့ ဟင့်ဟင့်
သယ်ရင်းတွေကလဲ မရောင်းပါနဲ့အန်တီရယ်တဲ့ ခြေထောက်ညောင်းတာပဲအဖတ်တင်မယ် ဘယ်သူမှမ၀ယ်ဘူး တစ်ခုဝယ်တစ်ခုအပိုပေးမယ်ဆိုရင်တော့ရမလားမသိဘူးတဲ့..ဟင့် မီးကိုဝိုင်းပြောကြတယ်လေ..ဟင့်..
အဟဲ...ဘယ်တွေရောက်ကုန်ပါလိမ့်..ဟီးးးးးးးးး.
မီးလေးလဲဒီနှစ်မလုပ်တော့တာပေါ့နော်....ဘလော့ခ်လေးမှာပဲလုပ်လိုက်တော့မယ်
ကိတ်မုန့်တွေလဲရှယ်ပဲနော်...၀ိုင်တွေလဲအိမ်ပြန်သယ်သွားလို့ရတယ် တစ်ယောက်တစ်ပုလင်းယူပြန်နော် လက်ဆောင်ပေးတယ်........ဟဲဟဲ
မီးလေးဆီကိုလာရောက်လည်ပါတ် အားပေးသွားကျတဲ့သူများကိုမီးလေးအရမ်းပဲကျေးဇူးတင်ရှိပါတယ်နော်
နောက်များလဲမကြာခဏအမြဲတမ်း လာရောက်အားပေးကြပါဦးလို့ မီးလေးကဖတ်ခေါ်ပါတယ်နော်

25 comments:

ဖြိုးဝေတိုး said...

ပထမဦးဆုံးအနေနဲ့ ကော်မန့်ပေးရတာဝမ်းသာပါတယ်
အမရင်းတယောက်လို ခင်မင်မိပါတယ်။ ပြောမှားဆိုမှားရှိခဲရင်လည်းခွင်လွှတ်ပါလို့။
မောင်ငယ်တယောက်လိုလဲဆုံးမပေးပါနော်။
ဆုတောင်းကတော့ ကဗျာလေးနဲ့အတူပေးလိုက်ပါတယ်နော်။
မွေးနေ့မှာရွှင်လန်းချမ်မြေ့ပါစေ
ခင်လျှက်
ဖြိုးဝေတိုး(MoetAin)

တက်လူငယ် said...

မွေးနေ့ပွဲပါတီကို တက်ရောက်ပါတယ်ဗျာ။
ဘဝတစ်သက်တာမှာ ကိုယ်နှစ်သက်သော ချစ်သူနဲ့ ထာဝရလက်တွဲနိုင်ပါစေဗျာ..။ ရွှင်လန်းချမ်းမြေ့ပါစေ..။

ခင်မင်တဲ့...
တက်လူငယ်...

Anonymous said...

မီးလေးရေ ထွေထွေထူးထူးမရေးတော့ဘူးနော်.. ဟက်ပီဘတ်ဒေးပါ....။

megumi said...

ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေနော်။ :P :P
Blog မှာ မွေးနေ့လုပ်တာ ပိုကောင်းတယ်သိလား။ ပိုက်ပိုက်ကုန်ဘူး။ လက်ဆောင်လည်း ရသေးတယ်။ ဟိ ဟိ။

WWKM said...

HAPPY BIRTHDAY TO U.

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ. ညီမလေး ရေ။

ချစ်သော
မမ၀ါ

Anonymous said...

Happy Birthday!!!! မမ
အိပ်ရာထနောက်ကျလို့ နောက်ကျမှရောက်လာတယ်.. ဟီးး ဝင်ဝင်ခြင်း မွေးနေ့ဆိုပြီး ဘာကောင်တွေလည်းလို့ လန့်သွားတာပဲ အဲဒီအကောင်တွေများကျွေးနေလားလို့.. စာဖတ်ကြည့်မှသိတော့တယ်.. မမအတွက်မွေးနေ့လက်ဆောင်ပို့ပေးလိုက်မယ်နော်. ခဏစောင့် လေယျာဉ်မထွက်သေးလို့ မရောက်သေးဘူး :P
မွေးနေ့မှစနှစ်ပေါင်းများစွာ ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေမမရေ....

မသက်ဇင် said...

"မီးလေးဇာ ရဲ့ ၂၄ နှစ်ပြည့်မွေးနေ့"

မွေးနေ့မှ သည် အသက် ၁၂၀ ရှည်စေသော်--

ရည်ရွယ်ချက်များအောင်မြင်ပါစေ--

Dr Phyo Wai Kyaw said...

ဟက်ဟက်ဟက်
ရေးထားတာ ရယ်ရတယ်
ပျော်စရာကြီး

ကိုင်းခုလို
ယနေ့ယခုကျရောက်တဲ့
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
လူမျိုးဘာသာသာသနာ အကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေဗျာ။

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ...
ဆုပေး ဆုတောင်းသွားပြီ မုန့်လာကျွေးဦးနော်း)

Anonymous said...

မမရေ...
မှီရာအရပ်က မွေးနေ့ကို ရောက်အောင်လာတယ်နော်...
ပျော်ရွှင်ပါစေ...
လက်ဆောင်ပို့လိုက်တာရလား...
မုန့်လည်းစားသွားတယ်....
မွေးနေ့ဆုတောင်းက “လိုတိုင်းတ ရပါစေ”လို့နော်....

တောင်ပေါ်သား said...

ပထမဆုံး ညီမလေးလို့ ခေါ်ရတော့မယ်နဲ့ တူတယ်. ကျနော်က ၁၀ လပိုင်းက ၂၄ ပြည့်တာလေ.. ဒီတော့ အသက်ကြီးတာပေါ့နော့်..း) ၂၄ နှစ်ပြည့်မွေးနေ့လေးမှသည် နောက်နှစ်ပေါင်းများစွာ ချစ်သော မိသားစုနဲ့ ပျော်ရွှင်စွာ နေနိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ်နော့်

Pinkgold said...

Happy Birthday Mee Lay..

Wish you have the greatest things for your life!

Wish you may happy with your loving ones from now on!

Wish you can overcome all the barriers in the life!

Best,
Pinkgold

စိုင်းစိုင်းလားရှိုး said...

အဟေး....... မွေးနေ့ပွဲကို တစ်ရက်နောက်ကျပြီးမှ ရောက်ဖြစ်တော့တယ်၊ စားလို့ရတာအကုန်စားသွားတယ်၊ 24မှသည် နေချင်တဲ့ အချိန်အထိ နေနိုင်ပါစေ။

Anonymous said...

ပျော်ရွှင်ဖွယ်မွေးနေ့ လေးပါ

လာရောက်အားပေးပါတယ်..စားသောက်သွားပါတယ်

လက်ဆောင်ပါလာတယ်..၂၄ နှစ်မြောက်မွေးနေ့မှသည်

နောက်နှစ်ပေါင်း ၁၂၀တိုင်အောင် ဘ၀ကိုပျော်ရွှင်မှု၊အေးချမ်းမှု၊အောင်မြင်မှုတွေဖြင့်တက်
လမ်းနိုင်ပါစေလို့  ဒီနေရာကနေ ဆုမွန်ကောင်းပါးလိုက်ပါတယ်...ပျော်ရွှင်ဖွယ် မွေးနေ့ မင်္ဂလာလေးပါ ...


:clap: :clap:

Dream said...

မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်သော
မိသားစုနဲ့ အတူတကွ တသက်လုံးနေနိုင်ပါစေ..

မွေးနေ့မုန့်တွေ တ၀ကြီးစားပစ်လိုက်တယ်နော်..
အပြန်လည်း ပါဆယ် ယုသွားတယ်...
ဝိုင်လက်ဆောင်လည်းယူသွားတယ်နော်..

မွေးနေ့လက်ဆောင် အဖြစ် အာဝါးးး မြှောက်တစ်သိန်း
ပေးလိုက်တယ်နော်...
ဟီးဟီး... တစ်နေ့တခါနဲ့ ရက်တစ်သိန်း အတွက် .. ဟီးဟီး... :P :P

Minn Yoon Thit said...

ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ ဘုတ်ဘုတ် :P ဒိထက်အများကြီး ပိုဝလာပါစေ နာ့ညီမ... ဟီး

ဇင်ယော် said...

HAPPY BIRTHDAY ပါဗျား။

၂၄နှစ်မြောက် မွေးနေ့ ပွဲလေးမှသည် နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်ဖွယ်မွေးနေ့ ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေဗျာ။ ရည်မှန်းချက်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ သမီးအလိမ္မာလေး ဖြစ်ပါစေဗျာ။ ကိက်မုန့် တွေချည်းဆိုတော့ ဗိုက်မ၀ဘူးဗျာ။ အပေါ်က အကောင်တွေကိုတော့ ဟီး စားရဲဘူး။ ၀ိုင်တစ်ပုလင်းဆွဲ သွားပြီနော်။

လင်းလက်ကြယ်စင် said...

Happy Birthday sis !!! မွေးနေ့မှာ ပျော်ရွှင်မှုများစွာ ရရှိပါစေ။ ဘ၀တစ်လျှောက်လုံး မိမိလိုချင်သော ပန်းတိုင်ကို လျှောက်လှမ်းကာ စိတ်ချမ်းသာ ၊ ကိုယ်ချမ်းသာဖြင့် ချစ်တဲ့သူများအားလုံးနှင့် ပျော်ရွှင်ချမ်းမြေ့ပါစေနော် :)

Anonymous said...

hApPy BiRtHdAy! ဗျို့...

Anonymous said...

မီးလေးရေ ကွန်နက်ရှင် ပြတ်နေလို့ အခုမှ ရောက်လာတာ စိတ်မခုပါလင့် :P
အခုတောင် သူငယ်ချင်းဆီကနေ မီးလေး မွေးနေ့ပွဲကို အားတင်းပြီးလာရတာပါ .. အဲ့ဒီတော့ ထိုက်တန်အောင်တော့ မုန့်တွေ ကိတ်မုန့်တွေ အ၀စားသွားမယ်နော် ...၀ိုင်တွေလည်း အ၀သောက်သွားတယ် ဟဲဟဲ ..
မီးလေးကို အစက ငယ်မယ် မှတ်နေတာ.. ကျနော်နဲ့ သိပ်မကွာဘူး လပိုင်းလေးပဲ ကွာတယ် :P
ဘာပဲ ဖြစ်ဖြစ် HAPPY BIRTHDAY ပါဗျာ
မွေးနေ့မှသည် နောင်နှစ်ပေါင်း အများကြီး ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေဗျာ
ခင်မင်တဲ့
မိုးသောက်

Welcome said...

Happy Birthday ဖြစ်ပါစေ၊ အရောက်နောက် ကျတဲ့အတွက် ပိုလို့ ဆုတောင်းပေးလိုက်ပါတယ်. လှပတဲ့ နေ့ရက်များနဲ့အတူ ဝါသနာပါရာအလုပ်ကို ပျော်ရွှင်စွာ လုပ်ဆောင်နိုင်ပါစေ .. .. လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် .. ..

http://winzaw-mdy.blogspot.com

သံလွင် HeRo said...

မမမီးလေးဇာရေ... HAPPY BELATED BIRTHDAY
ပါခင်ညား...အစားသောက်ဆိုလက်မနှေးတမ်းမို့ကြား
ကြားချင်းလာပေမဲ့ အခါနှောင်းသွားလို့အကျန်လေး
နဲ့ပဲဖြေသိမ့်လိုက်ပါမယ် ဟဲဟဲ
၂၄ လေးနှစ်ပြည့်မှသည်နောင်နှစ်ပေါင်းများစွာ
ကျန်းမာ.ပျော်ရွှင်စွာဖြင့်ဘဝကို ဖြတ်သန်းနိုင်ပါစေလို့
တားတားဆုတောင်းပေးလိုက်တယ်...

ဟိန်းညီ said...

နောက်ကျသွားတာနာတယ်ကွာ။
မကျန်တော့ဘူးလားဟင်။
ဟားဟားဟာဟဟဟဟဟ

ရွှေပြည်သူ (ShwePyiThu) said...

ံHappy Birthday ပါ ညီမငယ် မီးလေးရေ။ အစ်မရဲ့ Belated Wish လေးကို လက်ခံပေးပါနော်း)

အလင်းစေတမန် said...

အနော့်ထက်ငယ်မယ်ထင်နေတာ ဘယ်ဟုတ်မလဲ၊ Sister ဖြစ်နေတာကိုး၊

Anonymous said...

အခုဆို ၃၁ တောငိဖြစ်နေပြီနော် သားသားကောနေကောင်းလား

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit