Monday, November 3, 2008

ဆန္ဒ ရဲ့ နောက်ကွယ်

နင်နဲ့ ပတ်သတ်လိုက်တိုင်း.....
ငါ ပြန်ပြီးခံစား လာရတာက
အမုန်း........၊

ကတိတွေ သစ္စာတွေပေးပြီး
နင်လုပ်သွားလိုက်တာက
ရွံ့မုန်းစရာကောင်းတဲ့......
ဖောက်ပြန်မှု့........၊

အလုပ်ကြီး အကိုင်ကြီး
အကြောင်းတွေ ပြောပြီး........
နင်တကယ်လုပ်နေတာက
ယောက်ျား ပိုင်လုံး...........၊

ဘယ်သူသေသေ
ငတေမာရင်ပြီးရောလို့.......
တွက်ထားတတ်တဲ့........
နင့်ရဲ့တစ်ကိုယ်ကောင်းစိတ်..........၊

ဟိုလူ့အတွက် ဒီလူ့အတွက်ပြောပြီး
တကယ်တမ်း နင်လုပ်နေတာက
နင့်အတွက်..........၊

နင့်အကြောင်း ချရေးမယ်ဆိုရင်
စာရွက်တွေတောင်
မလောက်ငှတာမို့......
နင်သိအောင် ငါအပြောချင်ဆုံး
စကား တစ်ခွန်းက......
"နင်သေသွားရင် ကောင်းမယ်".........၊


မီးလေးရေးတဲ့ ကဗျာလေးရိုင်းသွားလို့ရှိရင် ကြိုတင်တောင်းပန်ပါတယ်နော်.........

7 comments:

Dream said...

ဟိုက်ရှားပါး.. ရေရေလည်လည်ပေါက်ကွဲနေတယ် ပေါ့

ခံစားချက်တွေ တော်တော်ပြင်းထန်နေတယ်နော်..

ဒီကဗျာလေးကိုကြိုက်တယ်.. ယောက်ျားတွေ
ယောက်ျားတွေ .. ဟွန်း...ဟွန်း...

မက်မက်လည်းပြောလိုက်မယ်.. တခွန်းထဲပဲ..
နင်သေသွားရင် ကောင်းမယ်.. ဒါပဲ.. :P

GTHS (Putao) said...

အဲကွာ
ငါ့ ညီမတို့ကတော့ လုပ်ချလိုက်ပြီ
သေသွားရင်ကောင်းမယ်တဲ့
ကျိန်းဝါးချက်ကတော့ကွာ
ဖတ်တဲ့သူတောင် ရှူးရှူးပါလောက်တယ်
အမလေး ပြောရင်းနဲ့ အဟဲ ဘာမှမဟုတ်ပါဘူး
ကောင်းတယ် ကောင်းတယ် အပြင်းစားဖောက်ခွဲမှုတွေ
အားပေးနေမယ် မီးလေးရေ
အကိုတော် ဥယျာဉ်မှူး

ဝေလေး said...

ပေါက်ကွဲထားတာလေး မိုက်တယ်....
သေသွားရင်ကောင်းမယ်တဲ့ ဟီးး
လန့်တောင်လန့်လာပြီ

Anonymous said...

မီးလေးဇာရေ..... ရင်တုန်ပန်းတုန် ဖြစ်အောင်မလုပ်ပါနဲ့ဗျာ.. ကြောက်တက်လို့ပါ... အဟင့် ပေါက်ကွဲတာကြီးကလည်း ကြောက်စရာကြီး...

Anonymous said...

ပေါက်ကွဲထားတာမိုက်တယ်ကွာ ခံစားချက်တူတယ်
ယောက်ျားတွေက ကောင်းကိုမကောင်းဘူး သေသင့်တယ်နော် ဟီးးးးးးးးးးးးးးးးး

မြတ်သွယ် said...

ဖတ်ရင်းနဲ့ကြောက်သွားတယ် မမီးလေးရှင့်
ပေါက်ကွဲချက်ကတကယ်ပျင်းတယ်
အပြောချင်းဆုံးစကားကိုအဲလိုမှန်းမထားဘူး
အဟီးးးး
ကြောက်တယ်
ဒါပေမယ့်အားပေးသွားတယ်နော်

s said...

မမ ဒီကဗျာလေး က အရမ်းမိုက်တယ်။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit