Monday, November 17, 2008

ပဟေဠိ

အားလုံးပဲမင်္ဂလာပါရှင် အခုတလောမီးလေးဆီမှာကွန်ကခဏခဏကျနေတာနဲ့ ပို့စ်အသစ်လဲမတင်ရဘူး
ပြီးတော့ နှလုံးသားလေးလဲ အေးခဲနေတာအရည်မပျော်သေးတာနဲ့ ကဗျာတွေလဲစပ်လို့မရသေးဘူးရှင့်
မနေ့ကတော့မီးကင်လိုက်ပါတယ် တူးသွားတာနဲ့ ဘယ်လို့မှတောင်စားလို့မရတော့ဘူး.....အဟဲ
မီးလေးဆီလာလည်ကြတဲ့ မီးလေးရဲ့မောင်နှမ သူငယ်ချင်းများအားလုံးကို အရမ်းပဲကျေးဇူးတင်ရှိပါတယ်နော်
အခုမီးလေး ဒီအကောင်ကြီးကဘာကောင်လဲ သိချင်လို့ဝိုင်းပြီး ကူညီဖြေပေးကြပါနော် အပျော်ပေါ့နော် အပျင်းလည်းပြေအောင်ပေါ့..အဟဲ...ဆားချက်တယ်လို့ပြောရင်လဲခံရမှာပဲ နောက်မှပဲ ပို့စ်တွေအများကြီးတင်တော့မယ်နော် ဖြေပေးသွားကြနော်..........
အားလုံးကို...ခင်မင်လျှက်..........မီးလေး

20 comments:

Dr Phyo Wai Kyaw said...

လုပ်ပြန်ပြီ ဇဇရယ်
အဲအကောင်ပလောင်တွေကြောင့်
နှလုံးသားအေးခဲသွားတာလားသိပါဘူး
(စတာနော်)

ပုတ်သင်ညိုဗျား!!

မှန်ရင်မုန့်လာကျွေး
မှားရင်ကော်ဖီတိုက်။
ဒါပဲ။ပြေးပြီ။

သက်တန့် said...

ညီမ မီးလေးဇာရေ...
တစ်ကောင်ကောင်တော့ တစ်ကောင်ကောင်ပဲနော်...
ဘာကောင်လဲဆိုတော့ မျက်လုံးပါတဲ့ အကောင်ဖြစ်ရမယ်... :P
အင်း...
ပုတ်သင်ညိုလားမသိ...

Welcome said...

အပေါ်က အိပ်ချင်မူးတူးနဲ့ ကောင်မလေး ပြောသွားတာလေး မဆိုးပါဘူး။ မျက်လုံးပါတဲ့ အကောင်ဆိုတာထက် အစ်ကိုတို့ မန်းလေး ရေနီမြောင်းဘေးက အဆောင်သူတွေရေချိုး တာကို သွားချောင်းချောင်းနေတဲ့ IR က ကောင်လေးတွေရဲ့ မျက်လုံးဖြစ်မယ်

http://winzaw-mdy.blogspot.com

Anonymous said...

အဲဒါဘာကောင်လဲဆိုတော့ မောင်ကြည့်တဲ့ မိကျောင်းများလား၊(သို့)ဖွတ်လား၊တခုခုတော့ တခုခုပဲ
တွားသွားသတ္တ၀ါဆိုတာတော့ ကြိမ်းသေတယ်

thihanyein said...

ညီမလေးရေ ဖြေတော့မဖြေတတ်ပါဘူးကွယ်...
ကြံကြံဖန်ဖန်မေးတတ်ပါ့ဗျာ...

စိုင်းစိုင်းလားရှိုး said...

ငယ်ငယ်က အော်ကြ ဟစ်ကြ ခဲ့ဖူးတဲ့ ကာကွယ်ရေး logo များလားကွယ်။

ဗီလိန် said...

အောင်မလေး.....သေပါပြီဗျ။
.......................
................................
.............
ဘယ်သူပဲဖြစ်ဖြစ် စိတ်ချယုံကြည်ရတဲ့.................။

ဟိဟိ။ ကြော်ငြာဝင်တာ။

Anonymous said...

ငယ်ငယ်က ဆိုဖူးတယ် ... ဘာတဲ့
..... အပျိုလို ရင် ခေါင်းညိတ်တဲ့ ...
အဲအကောင်ဗျား ...။

ကိုအလှတရားပြောသလို မှန်ရင်မုန့် မှားရင်ကော်ဖီ...း)

ခင်မင်စွာဖြင့်

Dream said...

အန်.. ဒီမျက်လုံးကိုတွေ့ဖူးပါတယ်.. အဒူယဲချိုဒေါ့.. ဟိုအပေါ်ဆုံးက ၁၀၀ပဲ
ပေးရတဲ့ ဦးရီးတော် အလှတရား ရဲ့ မျက်လုံးနဲ့တော့် တော်တော်တူတယ်
ဟီးဟီး... မယုံရင် တိုက်ကြည့်... ဟဲံဟဲ........ :P :P

WWKM said...

ဟဟ လူနောက်..သေခြာ တိဘူး..
ဒါနဲ့ မမ က ဇူး နဲ့ ကျောင်းပြီးထားတာဆိုတော့ ရွှီးရဦး
မယ်. မိဂျောင်းတော့ ဟုတ်လောက်ပါဘူးနော်..ဟဟ

မသက်ဇင် said...

မီးလေးဇာရေ---
ပုတ်သင်ညို---ထင်တယ်--
သူက မိချောင်းလိုလို ထင်မြင်စေတယ်--

အရုပ်ကလေး said...

သိတယ်ဝေ့
အလွယ်လေး....ဒီသတ္တ၀ါကို မသိဘူးလား
ပြောပြမယ်.. သေချာကြည့်
(၂)ပါ

အဲဒါအဖြေပဲ
အကောင်က သက်တမ်းရင့်နေပြီ..

Anonymous said...

ဖားနဲ့ ပေါက်သင်ညို စပ်ကျထားတဲ့ မိချောင်း
ခိခိ

flowerworld said...

ဘယ်သူမှလဲမသိကြဘူး..ဟင့်
ပုတ်သင်ညိုလားတော့မသိဘူး
ဒီနေ့မေးခွန်းပိတ်သွားပါပြီးရှင်
အဖြေမှန်တဲ့သူတွေကို....မုန့်ဝယ်ကျွေးမယ်
လာစားကြနော်..ဟတ်ဟတ်...
ဖြေပေးသွားကြသူများအားလုံးကိုအရမ်းပဲကျေးဇူး
တင်ပါတယ်နော်..လာအားပေးကြပါဦးနော်
ခင်မင်လျှက်.......မီးလေး

Anonymous said...

သြော်. မေးခွန်းပိတ်သွားပြီတဲ့... ဖြေတော့ဘူး ဒါဆိုလည်း
မုန့်ကျွေးရင်တော့ ဝင်စားမယ်နော်မမ... ဖြစ်တယ်ဟုတ်..
စကားမစပ် ဆားချက်နေလားမမ.. ဝေလေးကိုနည်းနည်းပေးနော်. သိတယ်ဟုတ်.. :P

Anonymous said...

သြော်. မေးခွန်းပိတ်သွားပြီတဲ့... ဖြေတော့ဘူး ဒါဆိုလည်း
မုန့်ကျွေးရင်တော့ ဝင်စားမယ်နော်မမ... ဖြစ်တယ်ဟုတ်..
စကားမစပ် ဆားချက်နေလားမမ.. ဝေလေးကိုနည်းနည်းပေးနော်. သိတယ်ဟုတ်.. :P

အလင်းစေတမန် said...

ဂျာနယ်ထဲက အကောင်ထင်တယ်ဗျို.။

Anonymous said...

ဒီအကောင်ကို အင်္ဂလိပ်လိုဆိုရင် `Animal´ လို့ခေါ်တယ်။ တချို့အင်္ဂလိပ်တွေက `Creature´ လို့ခေါ်တယ်။ မြန်မာလိုတော့ `တိရစ္ဆာန်´ (သို့) `သတ္တ၀ါ´ လို့ခ်ါတယ်။ ကဲ... ကျေနပ်တော့နော်...။

ဖိုးဂျယ် said...

မေးခွန်းပိတ်သွားပြီဆို.လို.ဗျ။ နိုမို.သာဆို
တားအဖြေမှန်မှာ ဟင်း ခုတော့ ပြောလဲ
ထူးတော့ဘူးလေ။ ကျွေးတဲ့မုန်.စားပြီးပြန်ပြီ။

တောင်ပေါ်သား said...

မေးခွန်းပိတ်သွားပေါ့ အလာနောက်ကျတာကိုး မုန့်တော့ ရှိသေးလား မသိ ဟီးးးးးးးးး ဖြေတော့ ဖြေချင်တာ ဖားလို့ ဒါပေမဲ့ မဖြေတော့ပါဘူး ပန်းကန်တွေ ဆေးပြီး ပြန်သွားတယ်

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit