Wednesday, November 12, 2008

ငတတ်ပြားနေ့ (သို့) သူခိုးကြီးနေ့

ဘာလိုလိုနဲ့....တန်ဆောင်းမုန်းလပြည့်နေ့ရဲ့ဆေးပေါင်းခတဲ့ပွဲပြီးတော့..အားလုံးပျော်ရွှင်စွာ
စောင့်စားနေကြတဲ့သူခိုးကြီးငတတ်ပြားနေ့ကိုရောက်လာပြီးပေါ့ ငှဲငှဲ....... မြန်မာပြည်မှာရှိကြတဲ့သူတွေကတော့ကဲသာကဲပေါ့.....ဒီနိုင်ငံမှာတော့ အဲ့လိုငတတ်ပြားနေ့
တွေမရှိပါဘူး. .ပျော်စရာလဲမကောင်းဘူးပေါ့......

မီးလေးတို့မြို့မှာဆိုရင်တော့ ဆေးပေါင်းခတဲ့ညနဲ့ငတတ်ပြားညတွေမှာ လမ်းမပေါ်မှာပေါ့နော်ခုံတွေခင်းပြီး
အလှူလုပ်တာပေါ့....နေ့လည်ဆိုမယ်ဇလီရွက်တွေလိုက်ခူးပေါ့.....ညနေပိုင်းလောက်ဆိုရင်ဆိုရင်ကလေးလူကြီးတွေလာကြပြီး လာစားကြတာပေါ့နော် အဖွားတို့ကအမြဲတမ်းပဲ အလှူလုပ်ရင်ထိပ်ဆုံးက မီးလေးတောင်အားကျတယ်...အဖွားမရှိတော့ အဒေါ်တို့နဲ့ဖွားလေးတို့လုပ်ကြမယ်ထင်တယ်

မီးလေးငယ်ငယ်တုန်းကဆို ပိုပြီးပျော်ဖို့ကောင်းတယ်(အခုလဲသိပ်မကြီးသေးပါဘူး..ဟီးးးး) ငတတ်ပြားညမှာပေါ့နော် သူများအိမ်ကကြက်တွေကို အကိုတို့ ဦးဦးတို့က လိုက်ခိုးပေါ့ ပြီးတော့ဘူးသီးလဲ လိုက်ခိုးသေးတယ် ကြက်သားကို ကာလသားချက် ချက်တာပေါ့ ပြီတော့ဘူးသီးနဲ့ကတစ်ခွက်ပေါ့... ကလေးတွေအတွက်အချိုချက်ပေးတယ်... အုန်းထမင်းစားကြမယ်ဆိုပြီးတော့ အုန်းသီးသွားခိုးတာပေါ့ အဲ့ဒီမှာမီးလေးကအဖေါ်လိုက်သွားတာ သိပ်တော့မဝေးပါဘူး အိမ်ရှေ့အိမ်မှာပဲ..ဟီးးး
အကိုကြီးကအုန်းပင်ပေါ်တတ်ပြီးအုန်းသီးပစ်ချလိုက်တာဘုန်း..ဆိုတဲ့အသံလဲကြားရော သူ့သခင်နိုးလာပါလေရော မီးလေးလဲပြေးပုန်းတာပေါ့ အဟဲ..အုန်းသီးကိုတော့လက်ကမချဘူး ထားခဲ့ရင်ငတ်မှာပေါ့နော် သူ့ကိုတော့ဒီအတိုင်းလေးပဲထားခဲ့လိုက်တယ် ဟီးးးးးး..မီးအကျင့်ပုတ်တာတော့မဟုတ်ဘူးနော် သူမှမဆင်းလာရဲတာ အဒေါ်ကအခြေအနေကြည့်ပြီး ပြန်ခေါ်လာရတယ်.. အဲ့ဒီတုန်းကမီးလေးတော်တော်ကိုငယ်သေးတယ် နောက်ပိုင်းဘယ်သူဘာလုပ်လုပ်စားဖို့ချောင်းတာကလွဲရင် ဘာမှလိုက်မလုပ်တော့ဘူး ဟိုတစ်ခါအိမ်ပြန်သွားတုန်းက ငတတ်ပြားနေ့မှာသူငယ်ချင်းမိန်းမခိုးလို့လိုက်သွားပေး၇သေးတယ်
ပြန်လာတော့အဖေကသင်္ဘောသီးသုပ်စားမယ်တဲ့ သွားခိုးဆိုတော့ မလုပ်တာကြာတော့ဘယ်မှာသွားခိုးရမလဲမသိဘူးပေါ့ အဲ့ဒါနဲ့ ဘကြီးအိမ်မှာသင်္ဘောသီးတွေတွေ့ထားတာနဲ့ ဘကြီးအိမ်မှာသွားခိုးတာပေါ့...ဟီးဟီး ဆားချက်တာပေါ့ အဲ့ဒီအချိန်မှာ........... အိမ်တစ်ခါးပေါက်ပွင့်လာတော့ လန့်ဖျန့်သွားတာပဲ (အသဲကငယ်တယ်လေ..ဟိဟိ)နောက်မှအမဖြစ်တော့ သေဖေါ်ညှိလိုက်တယ်အဟဲ.. သူကလဲအိုကေပေါ့ ခူးပြီးသုပ်စားလိုက် စကားပြောလိုက် သုပ်စားလိုက်နဲ့ ဘကြီးအိမ်ကအပင်မှာ သင်္ဘောသီးတွေမကျန်တော့ဘူး ဟီးးးးးးးမနက်လဲရောက်ရော ဘကြီးအိမ်မှာစစ်ဖြစ်နေပြီး မီးလေးရေလို့လဲခေါ်လိုက်ရော ..ဗုဒ္ဓေါလို့ပါ..တမိသွားတယ် ကိုယ်ဖက်ကိုလှည့်လာပြီးလားပေါ့နော် မနေ့ကဘယ်သွားသေးလဲ ငါ့သင်္ဘောသီးအကုန်ပြောင်သွားလို့ ဘယ်သူလာခူးလဲသိလားတဲ့ မသိဘူးဘကြီးလို့ပဲပြောလိုက်တာပေါ့ အမကတော့မျက်နာဇီးရွက်လောက်ပဲရှိတော့တယ် သူကအဖေကိုကြောက်၇တာကိုး မီးလေးလဲမသိသလိုလေးလစ်လာလိုက်တယ် အမတော့မှတ်သွားလာဆိုတော့မမှတ်မိဘူးနော် အဖေအရှေ့ကလဲထွက်လာရော မျက်နာကလေးပြောင်စပ်စပ်နဲ့..... မီးလေးတို့မောင်နှမတွေတစ်ယောက်မှ အပိုးမကျိုးကြဘူး ဟီးးးးးးးးး..


နောက်မှမီးလေးရဲ့အကြောင်းဟာသလေးတွေ ပို့စ်တင်လိုက်မယ် အားပေးပါဦးနော်..

PS-မရယ်ရရင်လဲအားနာနာနဲ့၇ယ်ပေးကြပါနော်...

14 comments:

ဖြိုးဝေတိုး said...

ဘကြီးသိသွားရင်တော့ အမွေဖြတ်ဖြစ်နေအုံးမယ်.
ဘယ်နှယ့် ခိုးစရာရှားလို့ ဘကြီးရှိမှာခိုးရတယ်လို့...
မမီလေးလည်း ငတက်ပြားလေးပဲ ဟဲဟဲ
အကျင့်တူတွေ ခုမှသိရတော့တယ်ဗျာ
ကျွန်တော်ကတော့ ပန်းအိုးပဲလိုက်မတာ ရန်ကုန်မှာတုန်း။ တခါတုန်းကလေ ကစ်စ်မီပန်းအကြီးကြီးတွေခိုးပြီး ဈေးထဲမှာရောင်တဲ့ မနက်ကျတော့ အဒေါ်ကြီးရှိသွားရောင်းတယ်လေ.. ဟီး..အိမ်ကလည်းသိရော ရိုက်ခံထိကော..

တက်လူငယ် said...

အဟဲ..သူခိုးနေ့ဆိုတော့ ခိုးတဲ့အကြောင်းတွေ ပြောနေကြတာပေါ့ဗျာ။ အနော်လည်း..ခလေးတုန်းက ဆောင်းတွင်းကြီး အေးရတဲ့ကြားထဲ စောင်ကြီးတထည် ပတ်ပြီးတော့ ပန့်တကူပစ်တာတွေ လိုက်ရှာခဲ့ဖူးတယ်။ ရှာရင်း ရှာရင်းနဲ့ ကျွတ်ကျွတ်အိတ်လေးတစ်လုံး လမ်းဘေးနားမှာ ချထားတာတွေ့ရတယ်။ ဟာ..ပွတာပဲ..ဆိုပြီး တန်းကောက်ကိုင်လိုက်တာ...ဟီး..ရေဘုံဘိုင်ဆီကို တန်းပြေးရတာပဲဗျို့။ ဟီးဟီး...လူတွေက လူတွေကို ပြန်ညစ်တာပဲ..အကျင့်လေး..

မသက်ဇင် said...

မီးလေးဇာရေ---
"ငတတ်ပြားနေ့ (သို့) သူခိုးကြီးနေ့"
ဖတ်ပြီး အမိမြေကို လွမ်းလိုက်တာ---
မီးလေးဇာရဲ့ ပိုစ့်လေးကို ဖတ်ပြီး ပြုံးရသလို--
လွမ်းရလို့ အပြေးပြန်ချင်မိတာအမှန်ပါ---
၁၂ လ ရာသီပွဲတွေကို--သတိရတယ်--

Anonymous said...

ဟား ဟား
ငတက်ပြား တစ်ယောက် မိပြီဟေ့
ဘယ်ပြေးမလဲ မိရွှေဂဲ ငှဲငှဲ ..
သဘောင်္သီးသုတ် ကျွေးချင်ကျွေး မကျွေးလို့ကတော့
အုန်းထမင်းနဲ့ ရောပြီး ချက်စားပစ်မယ် :P

Dr Phyo Wai Kyaw said...

ဇဇ ကလည်း
မလွယ်ပါလား
:P :P :P

Dr Phyo Wai Kyaw said...

ကျနော်တို့ ဆီမှာက
ဆိုင်းဘုတ်တွေခိုးပြီး ပြောင်းပြောင်းချိတ် ကြတယ်
စိန်ဝင်း ဘက်ထရီ
ဆိုတာမျိုးကို
နာရီပြင်ဆိုင်ပို့
နာရီပြင်ဆိုင်ကဟာကို ကွမ်းယာဆိုင်ပို့
အဲလိုမျိုးပေါ့
မနက်ကျရင် တလွဲချည်း ဖြစ်နေရော အဲနေ့ မြို့ကို ဧည့်သည် လာရင်ကတော့ ဆိုင်းဘုတ်ကြည့်ခရီးသွားလို့မရဘူး
လိုရာကိုရောက်မှာမဟုတ်ဘူး။
အားလုံးတလွဲချည်း...:P :P

Anonymous said...

ငတက်ပြားလေးဆီလာလည်ပါတယ်... ကျုပ် ဘလော့ဂ်ကတော့ ခိုးချင်စရာမရှိအောင် မွဲတေနေလေရဲ့... :P

Unknown said...

ကျီးမနှိုးပွဲလား ငတက်ပြားနေ့လား တော့မသိဘူး။ ခိုးချင်တာတွေသာ ခိုးလို့ရမယ်ဆိုရင်၊ ဘာခိုးရရင်ကောင်းမှာလည်းနော်။

စိုင်းစိုင်းလားရှိုး said...

လာခိုးမယ်ဟေ့

တောင်ပေါ်သား said...

ပျော်စရာအမှတ်တရနေ့လေးတွေထဲမှာ ဒါလဲပါတယ် မမီးရေ အားလုံးကို လွမ်းနေတာပဲ သိတယ်ဗျာ

WWKM said...

ဟဟဟ..မီးလေးပြောမှ.. တန်ဆောင်မုန်းလပြည့်ည
လေးကို ပိုလွမ်းသွားပြီ။
ဘီလို လုပ်ကြမလဲ..
ဒီည ဘလော့တွေလည်ပြီး ခိုးကြ ..အဲ..သောင်းကျန်းကြမလား.ဟဟားး

မမ၀ါ

Anonymous said...

အေးဗျာ ကျီးမနိုးပွဲရောက်လို့ ရောက်မှန်းတောင် မသိတော့ဘူး အခုလို သတိပေးတာကျေးဖူးပါဗျာ
မီးဇာ ရှို့မှပဲနဂိုစိတ်တွေပေါ်လာပြီဗျာ ဒီမှာတော့ လုပ်ရဲဘူးဗျ တကယ်ဖမ်းကြမှာ ဟိဟိ

သက်တန့် said...

ဟိတ်...
မိပြီ...
မပြေးနဲ့...
တစ်ဝက်ပေး... :P

Anonymous said...

အောင်မာ အောင်မာ လူကိုများခိုးချင်ရာခိုးနိုင်ပါစေတဲ့၊ လူလစ်မှယူတဲ့ဟာကို

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit