Saturday, November 15, 2008

အေးခဲသွားတဲ့ နှလုံးသား

ငါ့နှလုံးသားကို
အချက်ပေါင်း များစွာ
ခွဲခဲ့ပြီး..........

ငါ့မျက်ရည်တွေကို
နင်းလျှောက်လို့........
ကျောခိုင်းထားခဲ့တဲ့မင်းကို....
ခွင့်လွတ်ခြင်းတွေနှင့်အတူ
ချစ်နေဆဲပါ...........၊

ရင်ခွင်သစ်မှာ........
ပျော်မွေ့နေမယ့် မင်းကို
မြင်ယောင်ရင်း.........

အခုလိုချမ်းအေးလွန်းတဲ့
ဆောင်းတွင်း ကာလမှာ....
ငါ့မျက်ရည်တွေနဲ့..........
ငါ့နှလုံးသားတွေလဲ....
အေးခဲလို့နေပြီး...............။

22 comments:

Anonymous said...

ခံစားချက်တွေပေါ့
ကောင်းပါတယ် အေးခဲသွားတဲ့ နှလုံးသား
အရာရာခွင့်လွှတ်တာ ကောင်း၏

စိုင်းစိုင်းလားရှိုး said...

အေးခဲသွားတဲ့ နှလုံးသား နွေးထွေးစေရန် မိုက်ခရိုဝေ့ဖ် ထဲထည့်ထားရန်။ နောက်တာပါ ကောင်းတယ်ဗျ ကဗျာလေးက....

Welcome said...

စကားပြောကဗျာလေးကို နှစ်သက်စွာ ခံစားသွားပါတယ်။ ချစ်တတ်ရန်ကော လို့လဲ မှတ်ချက်ချမိပါတယ်။ ဆက်ချစ်နိုင်ပါစေလို့ ..

အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

Dream said...

အော်.. နာ့တီတီယောင်းယောင်း လဲ
တော်တော် အချစ်ကြီးတာပဲ.. ကောင်း၏..
ရင်ဘတ်ကြီးနဲ့ ဖတ်သွားတယ်.. ထပ်တူခံစားပြီး..

Dr Phyo Wai Kyaw said...

"အခုလိုချမ်းအေးလွန်းတဲ့
ဆောင်းတွင်း ကာလမှာ....
ငါ့မျက်ရည်တွေနဲ့..........
ငါ့နှလုံးသားတွေလဲ....
အေးခဲလို့နေပြီး...............။"

အေးစက်မဲမှောင် ငါ့နှလုံးသားက
ဇဇရဲ့ကဗျာကို
တည်တည်ခန်ခန့်ကြီး ခံစားသွားလေရဲ့။

အဟမ်း။

ဟိန်းညီ said...

စာရေးသူမီးလေးသို့....
လေးစားရပါသောဆရာမခင်ဗျာ..
ဆရာမရေးတဲ့ကဗျာဟာကောင်းလွန်းနေပါတယ်။
ဆရာမကိုယ်တိုင်စဉ်းစားရေးသားချက်ထက်ပိုပြီး
ကဗျာကပိုနက်နဲနေပါသေးတယ်လို့
ကျွန်တော်သုံးသပ်ပါရစေ။
ဆရာမကိုယ်တိုင်ကဗျာလေးကို အထပ်ထပ်ပြန်ဖတ်စေလိုပါတယ်။
ကျွန်တော်ပြောတာလေးသဘောပေါက်တဲ့ထိ
ဖတ်စေလိုပါတယ်။
(လေးစားစွာဖြင့်)

ဗီလိန် said...

အလွမ်းတွေ ပြုတ်ကျအောင် သိပ်လုပ်တာပဲဗျာ။

ခေါင်ခေါင် said...

သယ်ရင်းရေ.... ဖတ်ပြီးတော့ ငါပါ အေးခဲသွားသလိုပဲ ခံစားရတယ်...
ကဗျာလေး ကောင်းတယ်...

Anonymous said...

ကိုယ်တိုင် လိုက်ပါ အေးခဲ...
ကဗျာထဲမျောဝင်
ရင်တွင်းမှာ
ကြေကွဲဖြစ်စဉ်တွေ တဒင်္ဂ
ထပ်တူကျ ရလောက်အောင် ...
ခံစားမိပါရဲ့ ... ။

မသက်ဇင် said...

"အေးခဲသွားတဲ့ နှလုံးသား"
ကို ဖတ်တယ်---အဲလောက်ကြီး ခွင့်လွှတ်ပြီး
ချစ်မနေနဲ့--မိန်းခလေးရဲ့အချစ်ကိုတော့
တန်ဖိုးထားပါတယ်---

အလင်းစေတမန် said...

ချမ်းပါတယ်ဆိုနေမှ ဟင့်.. နှလုံးသားကခဲသွားသေးတယ်။

thihanyein said...

ကဗျာလေးလာဖတ်တယ်ညီလေးရေ...
ကဗျာကောင်းလေးတွေပဲနော်...
အားပေးတယ်ကွယ်....

သီဟညိမ်း

Anonymous said...

အယ် ခံစားချက်တွေတူနေတယ်စစ်ရယ်

ဇင်ယော် said...

ဖတ်ရင်းနဲ့ ခဲချင်သလိုလို ဖြစ်လာပြီ။ နှလုံသား ရေခဲရိုက်ပေါ့လေ။ သွားသွား မီးဖိုထဲကို။ ပြန်မီးကင်လိုက် အချိန်တန်ရင် ပြန်ပျော်ဝင်ပြီး စီးမျောနိုင်ပါစေဗျာ။

thinzar said...

နာမည်တင် တူတာမဟုတ်ဘူး
ခံစားချက်လည်း တူနေတယ်တော့
ခံစားသွားပါတယ် မမရေ....

Unknown said...

ကျနော်တောင် ရောယောင် အေးခဲ သွားပါလားနော်..
အားပေးပါတယ်ဗျို့ 

Anonymous said...

အေးခဲသွားတဲ ငါနှလုံးသား

မင်းနဲ့ ညမှနိုးလာတယ်

ကိုယ့်ဘ၀ရဲ့အဓိပ္ပါယ်...

ဟဟ..နွေးသွားအောင် ဘီယာလေးချလိုက်ကွာ

မီကြီးဇာကဗျာမိုက်တယ်ဟာ

တကယ်ခံစားချက်ကြီးထင်တယ်

ဟုတ်လား
အားပေးနေတယ်

ပန်းခရမ်းပြာ said...

Heater လာပို့တယ် မီးလေး။ နှလုံးသားလေး နွေးသွားအောင်လို့။

Anonymous said...

ထွဏ်းခမ်က " အိပ်စက်သွားတဲ့ ငါ့နှလုံးသား မင်းနဲ့တွေ့မှနိုးလာတယ် " တဲ့
ငါ့ညီမရဲ့ " အေးခဲ့သွားတဲ့ ညီမနှလုံးသားကရော ဘယ်သူနဲ့တွေ့မှ ပူနွေးလာမလဲ " ဟဲဟဲ
ငါ့ညီမကို မကျပ်ရတာကြာလို့ လာကျပ်သွားတာပါ
ကဗျာလေးကကောင်းတယ် ညီမတော်ရေ...

Anonymous said...

မမရေ..
Heater လိုလား....
ခဲအောင်မထားနဲ့လေ...
ချမ်းလာသလိုပဲ မမကဗျာလေးဖတ်မိမှ.... :)
ခံစားချက်ကတော့ တူနေတယ်... ဝေလေးကတော့ခဲဘူး..
အရည်ပျော်တော့မယ်..... ပူလို့ .... :P
ရောထားရအောင် အပူအအေးမျှသွားအောင်....

Anonymous said...

သိပ်ခံစားနေရလား..... စိတ်မကောင်းပါဘူးဗျာ
အကူအညီလိုရင်ပြောနော် အိမ်က အသည်းကွဲနေတဲ့
ကောင်မလေးတွေဆို သိပ်သနားတတ်တာ ဟိဟိ
ကဗျာလေးကောင်းတယ်ဗျာ

မြတ်သွယ် said...

ရင်ခွင်သစ်မှာ........
ပျော်မွေ့နေမယ့် မင်းကို
မြင်ယောင်ရင်း.........
ရင်နာစရာပဲ မမီးလေးရယ်
အေးခဲနေပြီတဲ့
ကဗျာကောင်းလေးတစ်ပုဒ်ပါ
အားပေးသွားပါတယ်နော်

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit