Monday, October 20, 2008

ချစ်သူနှင့် ကျွန်မ၏ဆန္ဒ

နွေ မိုး ဆောင်း.....

သုံးရာသီလုံး လိုအပ်စွာ

အသုံးပြုနေတဲ့...........

ချစ်သူဆောင်းတဲ့ ထီးလေး

ဖြစ်ချင်သလို.........

ချစ်သူပေါက်တဲ့ အီးလဲ

ဖြစ်ချင်တယ်...........အဟဲ.......၊

( မလိုအပ်တော့ရင် စွန့်ပြစ်လို့ရပါတယ် )

ချစ်သူ သွားလိုရာကို

အဖေါ်အဖြစ် ခရီးရောက်အောင်

ပို့ပေးမယ့်...........

ချစ်သူ စီးတဲ့ ဖိနပ်လေး

ဖြစ်ချင်သလို...

ချစ်သူညှစ်မဲ့ နှပ်လေးလဲ

ဖြစ်ချင်တယ်...........ဟီး၊

( ရှုတ်တယ်ဆိုပြီး နှင်ထုတ်လိုက်လဲ ထွက်သွားဖို့ အသင့်ပါ ချစ်သူ)

ရွက်ဝါလေး လို့..........

တမြတ်တနိုး ခေါ်တတ်တဲ့

ချစ်သူ အတွက်

ရွာဝက်လေးလဲ ဖြစ်ချင်တယ်..........၊ငှဲငှဲ

( ဟင်းမရှိရင် ချက်စားလို့ ရအောင်ပေါ့နော်)

မက်မန်းသီး ကြိုက်တဲ့ တို့ကို

မက်ပလဲ လို့စတတ်တဲ့

ချစ်သူ အတွက်

မက်ပလဲလေးဖြစ်ချင်ခဲ့ သလို

မဲပလက်လေးလဲ ဖြစ်ချင်သေးတယ်..........၊ဟိဟိ

( အသားမဲမဲလေးနဲ့ ညိုချောလေးပေါ့)

ချစ်သူနဲ့ ပတ်သက်မယ်

ချစ်သူလိုအပ်မယ် ဆိုရင်...........

အရာအားလုံးကို ဖြစ်ချင်ခဲ့သူပါ...............။


PS >> ဘာရယ်တော့မဟုတ်ပါဘူးနော် ဟာသလေးဖြစ်အောင်လို့ပါ

မီးလေးရဲ့ကဗျာလေးဖတ်ပြီးတော့ ပျော်ရွှင်နိုင်ကြပါစေနော်

ရယ်သောသူအသက်ရှည်သည်တဲ့..............

အားလုံးပဲရယ်သွားကြပါဦးနော်...........

အားလုံးကိုခင်တဲ့.............မီးလေး




12 comments:

တက်လူငယ် said...

ကာရံကလေးကလည်းပါ.. အရွှမ်းလေးကလည်းဖောက်ဆိုတော့ ဖတ်ရင်းဖတ်ရင်း.တစ်ယောက်တည်းပြုံးတုံ့တုံ့ဖြစ်ရပါ၏..။

Dream said...

ကဗျာလေး တော်တော်ရယ်ရတယ်.. နာ့တီတီကတော့ ဟွန်း... ဟွန်း.. :P :P
အမလေး ချစ်သူပေါက်တဲ့အီးတော့အဖြစ်မခံနိုင်.. နံတယ်..
ချစ်သူညစ်တဲ့နှပ်လည်းမဖြစ်ချင်ဘူး.. ညစ်ပတ်တယ်..
ချစ်သူစားတဲ့ မန်းမန်းသီးလည်းမဖြစ်ချင်ဘူး... ချဉ်တယ်(သွးကျိန်းတယ်)
:P :P

ဟဲဟဲ... ရယ်ရတယ်နော်.. နာ့တီတီဂတော့ လုပ်ပြန်ပြီ... အသွင်မရိုးနိုင်အောင်
ကို ကဗျာ စပ်နေတော့တာပဲ...

တီတီယောင်းယောင်းနော်... ဟွန်း..ဟွန်း... ညစ်ပတ်တယ်... အော်အော့ တွေ နော်...
:P :P :P

Anonymous said...

ရယ်ရ၍ ရယ်၏။ ညစ်ပတ်၍ အန်၏။ ပဂျိ.. ပဂျိ.... ဗျဲ.... ဟဲဟဲဟဲ.....

Anonymous said...

ချစ်သူအတွက် ခိုင်းနိုင်းချက်တွေက ရက်စက်လိုက်တာ :P
ကဗျာလေးက ရီနေရပါတယ်
ဆက်ရေးပါဗျာ

GTHS (Putao) said...

အားပါးပါး
ကောင်းလိုက်တဲ့ ကာရန် အချိတ်အဆက်လေးတွေ
ငါ့ညီမကတော့ လုပ်လိုက်ပြန်ပြီဟေ့
ဆက်ရေး ဆက်ရေး
အားပေးနေမယ် မီးလေးရေ
အကိုတော် ဥယျာဉ်မှူး

puluque said...

ရယ်သော သူအသက်ရှည်၏ ဆိုလို့ တစ်ယောက်ထဲ ၇ယ်သွားပါတယ်။

ဇင်ယော် said...

ရေးတတ်ပါ့ဟာ။ ကြံကြံဖန်ဖန် တွေးလည်း တွေး တတ်ပါ့။ တော်ချက်များ အစ်ကိုအတိုင်းပဲ။ အဟဲ ကြံဖန် ပြီး အမှတ်ယူသွားတယ်ဟ။ ရွာဝက်လေး ဖြစ်ချင် တယ်တဲ့ ။ မျက်လုံးထဲမှာ တရုတ်နှစ်ကူးမှာ တွေ.တတ်တဲ့ ၀က်ကောင်လုံးကင်ကို သွားမြင်တယ်။ ဟီးဟီး ခေါင်းမှာ ပန်းလေးတွေတောင်ပန်လို့ ။

ဗီလိန် said...

မီလေးဇာကတော့ လုပ်ပြီ။ ဟဟ ကောင်းလိုက်လေ။

Minn Yoon Thit said...

ရယ်ရတယ်ဝေ့ ဟားဟားဟား :D

ပန်းခရမ်းပြာ said...

ကဗျာလေးက ရယ်ရတယ်။ ချစ်သူ ဖတ်မိရင် မီးလေးကို ပိုချစ်သွားလိမ့်မယ်။

Unknown said...

ဟေးဟေး မိုက်တယ်ဝေ့  ကြိုက်သွားပီ
တကယ်ရယ်ရတယ်

မြတ်သွယ် said...

အပြုံးတစ်ခုချန်ထားခဲ့တာသေချာပါတယ်
တစ်မျိုးတော့တစ်မျိုးလေးပေါ့
ဒါပေမယ့် ချစ်စရာတော့ကောင်းတယ်
အားပေးသွားပါတယ်နော်

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit