Monday, October 6, 2008

မီးလေးဇာရဲ့.ခရီးသွားမှတ်တမ်း

" အနေ တတ်ဖို့ "

သူကမုန်းလည်း.....

အမုန်းမဖက် မေတ္တာလက်နှင့်

ပွေ့ဖက်ခေါ်ငင် ပြုံးပန်းဆင်ပါ...၊

သူကငြိုငြင်.....

အပြစ်တင်လည်း ချစ်ခင်ရိုးသား

မြတ်စိတ်ထား၍ စကားချိုမြ

နှုတ်စကားလှကို ဖွဖွဆိုပါ..........၊

သူကရန်ရှာ...

ပြုမှုပါလည်း ညှင်သာသက်သက်

ခွင့်လွတ်လျှက်နှင့် နှစ်ဖက်နှစ်ဝ

အေးငြိမ်းရအောင် လမ်းပြဆောင်ပါ............၊

မေတ္တာ သစ္စာ....

အနှစ်နာနှင့် ဘယ်ခါမဟူ

စိတ်ထားဖြူစင် နေတတ်ပါမှ

သင်၏ဘ၀ အေးချမ်းရလိမ့်.....။


မနေ့ (တနင်္ဂနွေ)မနက်က ဘုန်းကြီးကျောင်းမှာစာအုပ်သွားပို့ရင်း ဘယ်သူလှူထားလဲတော့မသိဘူး နာမည်ရေးထားတာမတွေ့ဘူး ဦးဇင်းလဲခရီးသွား နေတော့မေးလို့မရဘူး ဖြစ်နေတယ် ကဗျာလေးကိုကြိုက်လို့ကူးလာခဲ့လိုက်တယ် သယ်ရင်းတို့ကိုကိုမမတို့လဲသဘောကျမယ်ထင်ပါတယ်..ဟဲ
ဘုန်းကြီးကျောင်းဆိုပေမယ့် ကျောင်းကသေးသေးလေးပါပဲ အိမ်နှစ်ထပ်စာလောက်ပေါ့ အဲ့ဒီမှာစာကြည့်တိုက်ဖွင့် ထားတာလေ မီးလေးကတော့တစ်ပါတ်တစ်ခါမဟုတ်ရင်တောင် နှစ်ပါတ်တစ်ခါတော့ အမြဲရောက်ဖြစ်ပါတယ် သူများတွေလဲအလှူလာလုပ်ကြတယ်လေ ဒီအပါတ်တောင်မီးလေးသွားတာ သူများအလှူလာလုပ်လို့ မီးလေးလဲ ၀င်ပြီး တီးလိုက်သေးတယ် ဟဲဟဲ မနာလိုမဖြစ်ကြနဲ့နော် ကိုယ့်ကုသိုလ်နဲ့ကိုယ်ပဲ...ဟီး
ဟင်းတွေကတော့ ရှယ်တွေပဲ ၀က်သားပဲဆီပေါင်း၊ ကြက်သားဟင်း ၊ ပဲဟင်း ၊ ငါးချဉ်သုပ် ၊ ဘာတွေရှိသေးလဲသိဘူး မီးလေးသွား တာသူများ တွေတောင်စားပြီးလို့ တရားတောင်နာနေကြပြီး မီးလေးကတော့ ရောက်တာနဲ့အခြေနေ ကြည့်လိုက်သေးတယ် ဘယ်သူအလှူလုပ်တာလဲပေါ့ နောက်မှမီးလေးရဲ့အသိဖြစ်နေတာပေါ့ သူများတွေ တောင်ဝိုင်း စကြသေးတယ် မီးလေးက အနံ့ခံကောင်းတယ်တဲ့ (ဟွန့်..သူများကို...)ခါတိုင်းဆိုရင် မီးလေးက ညနေလောက်မှ သွားတာကိုး... မနေ့ကတော့ဘယ်မှသွား စရာမရှိတာနဲ့ ရောက်သွားတာ..ဟဲ.. ပြီးတော့ ညနေပိုင်း..( ၃ )နာရီလောက်ကြတော့ ထိုင်းဘုန်းကြီးကျောင်း သွားတယ် ဓါတ်ပုံတွေသွားရိုက်လာတယ် ပြီးရင် ဘလော့ခ်မှာ တင်ပေးမယ်လေ အဲ့ဒီဘုရားလည်း ခဏခဏရောက်ပါတယ်.....အဲလေ...ပြောဖို့မေ့သွားလို့ မြန်မာဘုန်းကြီးကျောင်းက ဆူကိုဝစ် (၆၆/၁) [ SUKHUMVIT (66/1)]မှာပါ။ စာကြည့်တိုက်နာမည်ကတော့ ပညာပါရမီစာကြည့်တိုက်ပါနော်... ဘန်ကောက်မှာ နေကြတဲ့သူများမီးလေးရဲ့ ဘလော့ခ်ကိုဝင်ဖတ်ဖြစ်မယ်ဆိုရင်အဲ့ဒီဘုန်းကြီးကျောင်းမှာ အလှူဒါနလေးသွားလုပ်လို့ရပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်လိုက်ပါတယ်ရှင်....ဟီးးး သူများပြောသလိုမျိုးပြောချင်လို့..ဟဲ.
အခုမီးလေးတင်ထားတဲ့ဘုရားပုံကတော့ ( ပါရမီ ဆုတောင်းပြည့် ကျောက်ဆင်းတု ဘုရားရုပ်ထုတော်) ပဲဖြစ်ပါတယ် အရှေ့တည့်တည့်ပုံကမီးလေးပုံပါနေလို့ဘေးစောင်းရိုက်ထားတဲ့ ပုံလေးပဲတင်လိုက်တယ်နော်...။

မီးလေး

6 comments:

Dream said...

ကျောက်ဆင်းတုတော်လေးကိုဘေးတိုက်
ပဲဖူးရလို့မကျေနပ်ဘူး.. တီတီယောင်းယောင်းကို
ဟဲဟဲ.. :P :P
ရှေ့ကနေရိုက်ထားတာရှိရင်ဖူးချင်ပါတယ်...
:) :)

အရုပ်ကလေး said...

ကဗျာလေး ကောင်းသလို အေးချမ်းတဲ့ အရိပ်ကေးလကို လူသားတိုင်း ရရှိပါစေလို့ ကဗျာလေးဖတ်ရင်း ဆုတောင်းပေးပါတယ်

ဖြိုးဝေတိုး said...

မြတ်စေတနာ
ရွှန်းဝေဖြာလို့
လှူဖြစ်တဲ့ဒီအလှူ
မမီးလေးနဲ့
ကြမ္မာဆိုက်
ဟင်းကလည်း
ကောင်းတယ်ဆို
သူများအလှူ
ကုသိုလ်တခုပိုရအောင်
စားသာစား၊အားမနာနဲ့လို့
ဟောဒီက
နှိဗ္ဗာန်ဆော်လိုက်တယ်..အမရေ၊

စိတ်ထဲရှိရာလျှောက်ရေးလိုက်တာပါအမ...စိတ်တော့မဆိုးနဲ့အုံး....ဟဲဟဲ:P

GTHS (Putao) said...

မီးလေးရေ
အခုလိုအားလပ်ရက်မှာ ဘုန်းကြီးကျောင်းကို သွားစား ( အဲ အဲ ဟုတ်ဘူး ယောင်လို့ ယောင်လို့ ဘွာတေး ဘွာတေး ) သွားဖူးရတဲ့ အကျိုးကြောင့် မီးလေး တစ်ယောက် လိုရာရောက်လို့ ကိုကိုတစ်ယောက်နဲ့
အဆင်ပြေပါစေ ဟီးဟီး အကို ဆု ပေးသွားတယ်နော်
အမြဲအားပေးနေမဲ့
ဥယျာဉ်မှူး

ဇင်ယော် said...

ဟဲဟဲ အများကုသိုလ်ရအောင် နိဗ္ဗာန်ဆော်လုပ်လို့ နဲ့  တူပါရဲ့။ စားရကံများ ကြုံတတ်ပါလေ့ဗျာ။ နောက်အလှူရှိရင်လည်း လက်တို့ လိုက်နော်။ သွားလှူရင်းနဲ့  အလှူ.ရှင် ဒါနလေးမြောက်သွားအောင် တစ်ခါတည်း ၀င်စားမလို့ ။

megumi said...

ကုသိုလ်က ချက်ချင်း အကျိုးပေးတယ်နော်။ ဘုန်းကြီးကျောင်းသွားတာ အလှုနဲ့တိုးတယ်ဆိုတော့။ :P :P

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit