Friday, October 10, 2008

အချစ် လား

နင့်ရဲ့ နူးညံ့တဲ့

နှုတ်ခမ်း နှစ်လွှာမှ

စကားသံ တိုးတိုးလေးက

ငါ့ရဲ့ ရင်ကို

လာရောက်ထိခတ် ခဲ့သလို......

မျက်ဝန်းအကြည့် တစ်ချက်ကလဲ

ရင်မှာ ထာဝရ

စွဲငြိ စေပြန်တယ်....၊

မေ့ပြစ်ဖို့ ကြိုးစားတိုင်း

အတွေးထဲ ရောက်ရောက်လာတဲ့

နင့် အပြုံး

နင့် ပုံရိပ်ကို

မမေ့နိုင်အောင် ဘယ်လိုများ

ပြုစားထားပါလိမ့်......၊

အဲ့ဒါ သူများတွေ

ပြောပြောနေတဲ့

အချစ်ဆိုတာကို ...

ငါခံစား နေရတာလား....................၊

နှင်း

4 comments:

ဝေလေး said...

မမ... အဲလိုဖြစ်နေလား.... ဖြေပေးလိုက်ရမလား.....
မဖြေတော့ပါဘူး ကိုယ့်ဘာသာစဉ်းစား... :P :D :D

Dream said...

အယ်..... ဂယ်ရားဟင်.....
ဟုတ်မယ်ထင်တယ်.... အင်... မပြောတော့ပါဘူး...
တီတီ60 ပေါတရိုဖဲ ကိုယ့်ဖာတာကိုယ်ချင်းချားဒေါ့..
ဟဲဟဲ.... လာမမေးနဲ့နော်.. ထရေးဂို ...ဘာဒွေရာရာမေးနေမှန်းမတိဖူး..
ဂယ်ဖဲ..ဂယ်ဖဲ.. :P :P

ဇင်ယော် said...

အဲဒါ ၁၂ကြိုးတပ်တဲ့  ကဝေဆရာပဲ ဖြစ်ရမယ်။ ပြုစားထားတယ်ဆိုတော့။ ညီမရေ ဖြေဆေးမရှိဟေ.။ ကိုယ်ဖြစ်ကိုယ်ခံ ဒန်တန့် တန်။ :P

WWKM said...

ကဗျာလေး ကောင်းတယ်ညီမလေး ရေ။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit