Wednesday, October 8, 2008

ဖြစ်သလိုပဲ စားလိုက်တယ်

တုန့်ရမ်ကု ဟင်းချို













စားသွားကြပါဦးနော်













ဖြစ်သလိုစားခြင်းတဲ့
မီးလေးရဲ့ တူမလေးယောင်းယောင်း ( dream )က တတ်ခ်ထားပါတယ်
ကိုယ့်တူမလေးဆိုတော့ ချက်ချင်းမရေးပေးရင် အမျက်တော်ရှပြီး
ယောင်းယောင်းမတော် တော့ရင်ဒွတ်ခ ဆိုပြီး အားတာနဲ့ချက်ချင်းလေးရေးလိုက်ပါတယ်......း))
တူမလေးရေ....


ကဲ....စပါပြီး....မီးလေးရဲ့ဖြစ်သလိုလေး.............
မီးလေးကပုံမှန်မနက်...(၈)နာရီမှအိပ်ရာထ ပါတယ်... အိပ်ရာထထခြင်း အဖတ်မစားတတ်ပါဘူး .... ဘယ်လောက်ပဲဆာနေပါစေ ရေတစ်ခွက်လောက်ပဲဝင်ပါတယ် .. ဟိုယောင်၂ဒီယောင်၂လုပ်ရင်နဲ့ ကွန်ပြူတာရှေ့ရောက်သွားပါတယ်..ဟီး .... ပြီးတော့ ကော်ဖီတစ်ခွက်ဖျော်သောက်ပါတယ် .. အခုတလောအလုပ်တွေပါးနေပါတယ် တစ်နေကုန်ကွန်ပြူတာရှေ့ထိုင်ပြီး ချက်နေတော့တာပါပဲ...ဟီးးးးးးး
ဗိုက်ဆာရင်တော့ကြက်ဥနဲ့ခေါက်ဆွဲ တစ်မျိုးဆီလုပ်စားပါတယ် ကြက်ဥနဲ့ခေါ်က်ဆွဲကြီးပဲ စားပါများလို့ မျက်နာလဲ ကြက်ဥလိုဖြစ်နေပြီး ဆံပင်တွေလဲ ခေါက်ဆွဲလိုပဲကောက်ကုန်ပါပြီး အဲ့ဒါကြောင့်နည်းနည်းတော့ ရှော့စားနေရတယ်...........ဟီးးး ပြီးရင်ထုံးစံအတိုင်း ရေတစ်ဘူးနဲ့အချဉ်ထုပ် ဆောင်ပြီး ချီတတ်......အဲလေ....ကွန်ပြူတာရှေ့မှာပဲမိုးချုပ်သွားပါတော့တယ်.. ဒါကတော့အလုပ်အားတာနဲ့လုပ်နေကြ အကြမ်းဖျင်းပေါ့..............ဟီးးးးးးး
ဒီနေ့တော့ စိတ်ကူးလဲပေါက် စားလဲစားချင်နေတာနဲ့ ပုဇွန်ဟင်းချို( တုတ်ရမ်ကု ) ချက်စားဖြစ်ပါတယ်...
အားလုံးပဲစားသွားကြပါဦးနော်...........မီးလေးရဲ့လက်ရာလေးကို...........

သူများကကိုယ့်ကိုတတ်ခ်ရင် ကိုယ်ကလဲပြန်တတ်ခ်ရတယ်တဲ့...ဒီတော့ ပြန်တတ်ခ်ခံရတဲ့ ကံထူးရှင် တွေကတော
သယ်ရင်း ( black dream ) /မင်းယွန်းသစ် / မောင်လေးဖြိုးဝေတိုး /မမ ( sOwha1 )/ သဉ္ဖာ တို့ပဲဖြစ်ပါတယ်.. ရေးပေးကြပါ







13 comments:

Thinzar said...

အဲဒီ တုံယမ် ချက်နည်း အားရင် ရေးပေးဦးလေနော်... ထိုင်းလူမျိုးတွေ ချက်တဲ့ နည်းကို သိချင်လို့။ ဒီမှာက မလေးရှန်းတွေက ပေါက်ကရချက်တာ။ တက်ထားတယ်ဆိုတော့လည်း ရေးစရာ ကုန်ကြမ်းရတာပေါ့နော်။ :)

သက်တန့် said...

ဖြစ်သလို တုန့်ရမ်ကုဟင်းချိုလေးနဲ့ စားသွားပြီ... :)

ဝေလေး said...

မမရဲ့ဖြစ်သလိုလေးကလည်း စားချင်စရာ......
အပီဆွဲသွားတယ်.... ဒါနဲ့
အချဉ်ထုပ်လေးတစ်ထုပ်လောက်.. အိပ်ချင်ပြေ.. ဟိဟိ
:P

လင်းဦး(စိတ်ပညာ) said...

တုန်ရမ်းကတော့ စားနေကျ ။ အဟဲ ထပ်ဆွဲမယ် ။

ဖြိုးဝေတိုး said...

တုန်ရမ်းကတော့...ကြိုက်တယ်...
ချက်ပေးဗျို့ ....ဝသေးဘူး
ဒီမှာမလေးတွေချက်တဲ့တုန်းယမ်းမသောက်ချင်
လို့စောင့်နေတာ..အတော်ပဲ...ဟဲဟ

ဖြိုးဝေတိုး said...
This comment has been removed by the author.
ဖြိုးဝေတိုး said...
This comment has been removed by the author.
ဇင်ယော် said...

ဖြစ်သလိုကလည်း အပျံစားပါလားဟေ.။ တုံရမ်းကတော့ ကြိုက်သဗျ။ နည်းနည်းလေးပါလားဗျ။ ကဲ မလောက်မှာ စိုးလို့  နည်းနည်းပဲ အားပေးသွားတယ်နော်။

flowerworld said...

ကိုဇင်ယော်ကြီးကလဲ အများကြီးရှိပါတယ် အိုးထဲမှာပေါ့လို့.သဉ္ဖာရေမနက်ဖြန်ကျရင်တင်လိုက်ပါမယ် ဝေလေးရေ.တော်ပြီလားတစ်ထုပ် မောင်လေးဖြိုးဝေတိုးရေနောက်ကျရင်အိမ်အရောက်ပို့လိုက်မယ် ကိုလင်းဦးများများစားလဲစိတ်မဆိုးဘူး.......ဟဲ မမသက်တန့်ကောင်းရဲ့လား..ဟိ

Dream said...

ဟဲဟဲ..တီတီယောင်းယောင်းရေ..
စားကောင်းလွန်းလို့ လူတောင်တုန်ပြီးရမ်းကုန်ပြီ
ဟားဟား... နောက်တပွဲလောက်ထပ်ထည့်ပေးပါဦး...
:P :P :P :P ဟားဟား...

WWKM said...

ညီမလေးရေ..မမကလည်းတုန်ယမ်ဟင်း အရမ်းကြိုက်
တာနော်။ စားချင်စရာကြီး။ ဘယ်လိုချက်ရသလဲပြောပြ။
မမက ဒီမှာတော့ Ready made တုန်ယမ်ထုတ်တွေ
ဝယ်ချက်စားတာလေ။း)
ဖြစ်သလိုလေးကလည်း ကောင်းမှကောင်း။တုန်ယမ်
တ၀က်ဆွဲသွားပြီနော်။။အဟီး

Anonymous said...

ဟူး သူများတွေ ပြောထားမှပဲ တုန်ရမ် ဆိုတာ ကြားဖူးတော့တယ် ..
တစ်ခါမှ မစားဖူးဘူး .. :P
တစ်ခါတည်း မြည်းရင်းနဲ့ အ၀ပဲ ဆွဲသွားလိုက်ပြီနော် ဟဲဟဲ
ဟင်း မချက်ရသေးလို့ပါ ..
ကြက်ဥကတော့ ဗိုက်ဆာရင် ပြုတ်ပြုတ်စားတယ် ..
ခေါက်ဆွဲတော့ သိပ်မစားဖြစ်ဘူး ...
ဘာပဲဖြစ်ဖြစ် ဗိုက်ကတော့တင်းသွားပြီ
ကျေးဂျူးကမ္ဘာဆိုင်ရော .. :P

RePublic said...

မင်္ဂလာပါဗျာ ၊၊ လာစားသွားပါတယ် ၊၊ ကောင်းတယ်ဗျာ ၊၊ နေ့တိုင်းဖြစ်သလိုစားနေရတဲ့ ကျနော့် အတွက် ဒီက ဖြစ်သလိုက ကောင်းမှကောင်းဗျာ ၊၊ ဟားဟား
ပျော်ရွှင်ပါစေဗျာ..

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit