Thursday, October 30, 2008

တိတ်တခိုး တမ်းခြင်း

မင်းမသိအောင်
တိတ်တိတ်လေး ချစ်ပြီး....
မျှော်လင့်ခြင်း များစွာဖြင့်
ရူးသွပ်စွာစောင့်စားခဲ့ဖူးတယ်.......၊

ဘယ်တော့မှ မပြောင်းလဲမဲ့
အချစ်တွေနှင့်.......
ရင်နင့်အောင်ချစ်ခဲ့တာတောင်
မင်းအချစ်တွေက
ငါ့အတွက်ဖြစ်မလာဘူး.........၊

ဝမ်းနည်းဖို့ ကောင်းခဲ့ပေမဲ့
အစကတည်းက ........
တစ်ဖက်သတ် ချစ်ရသူမို့
အပြစ်လဲမမြင်ရက် ပါဘူး.......၊

အလွမ်းတွေနှင့် ဇာတ်သိမ်းရမဲ့
ပုံပြင်လေးတွေလည်း .......
ရင်နာနာနဲ့ နားထောင်ချင်သေးတယ်.......၊

မင်းဓါတ်ပုံလေး ကြည့်ပြီး
ပိုင်ဆိုင်ခွင့် အတွက် မဟုတ်တဲ့
ဆုံဆည်းခွင့်လေးလည်း........
မျှော်လင့်မိနေသေးတယ်........။

နှင်း





8 comments:

ဟိန်းညီ said...

အရမ်းကောင်းပါတယ်ခင်ဗျာ။
အမြဲလာအားပေးပါမယ်။
ကဗျာလေးတွေဖတ်ရတာဝါသနာပါလို့။

Anonymous said...

တစ်ကယ့်ကို ကြေကွဲစရာကဗျာလေးပဲ ..
ဖတ်ပြီးတော်တော်လေးတောင် နင့်သွားသလိုပဲ ..
ကောင်းပါတယ်
အားပေးနေပါတယ်

ဝေလေး said...

မျှော်လင့်နေတာပဲကောင်းပါတယ်နော်မမ.....
အရမ်းမျှော်လင့်ပြန်တော့လည်း ဖြစ်မလာရင် ......
ကဗျာလေးကောင်းတယ် မမ.. အဆင်ပြေသွားပြီလား.. :D

Anonymous said...

မီးလေးတစ်ယောက် သနားစရာပါလားနော်... အင်းဖွင့်ပြောလိုက်ပါကွယ်... ဟဲဟဲ သိနေတယ်နော်.. မဂျီးရေ... ကဗျာလေးတွေကောင်းလာတယ်... တကယ်ပြောတာ ဟီးးးးး မုန့်ဝယ်ကျွေး....

အရုပ်ကလေး said...

ကဗျာလေး ကောင်းတယ်
တိတ်တခိုးလေးနဲ့ ရင်မှချစ်ခြင်း
ဖွင့်အံရင်းက ချစ်သောသူ .. သိပါစေဗျာ

ဖြိုးငယ် said...

လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာပဲလေ .. မျှော်လင့်ပေါ့

ဇင်ယော် said...

တွားကြောကျလိုက်မယ် တူ့ ကို ဟေဟေ.။ ဟောဒီမှာ မီးလေးဇာတစ်ယောက် တိတ်တခိုးဘ၀နဲ့  အပျိုကြီးပဲ လုပ်တော့မယ်လို့ ။ ငှက်တွေက ပျံရင်းနဲ့ သေရတယ်။ လူတွေလည်း မျှော်လင့်ရင်းနဲ့  တိတော့ဘူးဂျာ။ ဟီး......

မြတ်သွယ် said...

“ဘယ်တော့မှ မပြောင်းလဲမဲ့
အချစ်တွေနှင့်.......
ရင်နင့်အောင်ချစ်ခဲ့တာတောင်
မင်းအချစ်တွေက
ငါ့အတွက်ဖြစ်မလာဘူး” ရက်စက်တယ်လို့ပြောလို့ရမှာပါနော်
ဟူးးးး
ကြေကွဲစရာကဗျာကောင်းလေးတစ်ပုဒ်ပါ
အားပေးသွားပါတယ်
အဆင်ပြေပါစေ

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit