Friday, October 17, 2008

အချစ်ဆိုတာ


အချစ်ဆိုတာ.....တဲ့...တူမလေးယောင်းယောင်း(dream ) ကတတ်ခ်ထားတာလဲကြာနေပြီး
ဘယ်လိုရေးလို့ရေးရမလဲဆိုတာလဲမသိတာနဲ့ သူများအိမ်တွေမှာလိုက်ချောင်းကြည့်လိုက်တာ
တစ်ယောက်တစ်မျိုး စီနဲ့တော်လိုက်ကြတာနော်... မီးလေးမှာတော့ဘယ်လိုရေးရမှန်းမသိတာနဲ့
ဒွတ်ခတွေရောက်လို့.....ဟီးးး
အဲ့ဒါနဲ့ပဲ...မတတ်တစ်ခေါက်လေးနဲ့ ဘာသာပြန်လိုက်တယ်နော်....အချစ်=အချစ်....တဲ့...ဟီးး
အဲ့လိုလေးသာရေးလိုက်လို့ကတော့ တူမတော်လေး ချက်ချင်းရောက်လာပြီး မပီကလာပီကလာ
စကားလေးတွေနဲ့ပြောတော့မှာတော့မြင်ယောင်သေးတယ်...ဟဲဟဲ
လာပါပြီး မီးလေးအချစ် ဒသနလေး............

အချစ်ဆိုတာ.......၀င်္ကပါ...တစ်ခုနဲ့တူတယ်.....
တစ်စုံတစ်ယောက်ကို မချစ်ဘူးထင်ပြီးချစ်နေမိတတ်သလို..ကိုယ်ကစွဲစွဲလမ်းလမ်းနဲ့
ချစ်နေမိသူကိုလဲမချစ်နိုင်တော့သလိုမျိုးလဲ ဖြစ်တတ်တယ်...... တစ်ခါတစ်လေ...
အသံလေးကြားရရုံနဲ့ချစ်နေမိပြီး
လူချင်းတွေ့တော့ မချစ်နိုင်တော့တာမျိုးလဲ..ကြုံတတ်တယ်.....
ကိုယ်ကစူးစူးနစ်နစ်မုန်းနေသူကိုလဲ... ပြန်ချစ်သွားတတ်သေးတယ်.. မိဘတွေကဘယ်
လိုမှအထင်မကြီးသဘော
မတူနိုင်တဲ့သူကိုမှကိုယ်က အားကိုးပြီးမခွဲနိုင်မခွာရက် ချစ်မိနေတတ်တာမျိုးလဲ ဖြစ်တတ်တယ်......

ချစ်ဖူးတဲ့လူတိုင်းလိုလို ဖြစ်တတ်ကြတာကတော့ သူ့ကိုကိုယ်ကဘာကြောင့်ချစ်နေမိရတာလဲ.......
ဘယ်တုန်းကချစ်မိသွားတာလဲ...... ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေနဲ့
အဖြေမထွက်ပဲ ဖြစ်နေတတ်တယ်.
သူ့ကိုပဲချစ်တယ်သူမှသူပဲလို့ ဆုံးဖြတ်ပြီးလို့မကြာသေးခင်းမှာ နောက်တစ်ယောက်ကို
ရင်ခုန်မိပြန်တယ်...
တစ်ယောက်ပြီးတစ်ယောက်ပြောင်းလဲကာ ချစ်နေတတ်ပြန်ရော......

အချစ်ဆိုတဲ့....အထဲမှာ
ပေးဆပ်ခြင်း...၊...ရယူခြင်း....
နားလည်ခွင့်လွတ်ခြင်း
တန်ဖိုးထားလေစားခြင်း
စွန့်လွတ်အနစ်နာခံခြင်း......စတဲ့......ခြင်းပေါင်းများစွာတွေပါဝင်တယ်....

ပေးဆပ်ခြင်းမှာလဲအမျိုးမျိုးကွဲပြားသေးတယ်....သူပျော်ရွှင်နေတာ..၊..
သူဘ၀လေးတင့်တယ်နေတာကိုမြင်ချင်လို့
သူ့ကိုသိပ်ချစ်နေရက်နဲ့ပေးဆပ်လိုက်တာ........ဒါမှမဟုတ်......
ကိုယ်ကိုတိုင်ကလဲ....သတ္တိကြောင်လို့....ရှေ့ဆက်မဖြစ်နိုင်မှန်းသိလို့ လူကြားကောင်းအောင်..
ငါ့ကသူ့ကိုချစ်တာရယူလိုမှု့မဟုတ်ပါဘူး...ပေးဆပ်ခြင်းတွေနဲ့ချစ်နေရုံလေးပါဆိုပြီး....ပြောကြတဲ့
သူတွေလဲရှိတတ်သေးတယ်..........
ရယူပိုင်ဆိုင်ခြင်းတဲ့.....အင်း.....ဘယ်လိုပြောရမလဲ....မရယူဖူးဘူးဆိုတော့မပြောတော့ပါဘူးလေနော်...ဟဲ
ဲတူမလေးယောင်းယောင်းရေ ဒီလောက်နဲ့ပဲကျေနပ်လိုက်တော့နော် ဆက်မရေးတတ်တော့ဘူး....ဟီးးး
မီးလေးလဲဘယ်သူ့ကိုမှလက်ဆင့် မကမ်းတော့ပါဘူး......
မေးချင်တာလေးတစ်ခုတော့ရှိတယ်...ဖြေသွားပေးကြပါဦးနော်...............
စွန့်လွတ်အနစ်နာခံနိုင်တဲ့သူနဲ့.... ရယူပိုင်ဆိုင်နိုင်တဲ့သူနှစ်ဦးမှာ ဘယ်သူကသူရဲကောင်းပိုဆန်လဲ...
ဖြေသွားပေးနော်...........
ခင်မင်လျှက်..........

မီးလေး







12 comments:

တက်လူငယ် said...
This comment has been removed by a blog administrator.
Anonymous said...

သားသားအိမ်တို့ကတော့ ဒါတွေသိသေးဘူးဂျ လူရိုးလေးဆိုတော့ မသိတာ မဆန်းပါဘူးနော်
နောက်တာပါဗျာ အချစ်ဆိုတာ အရင်းတုန်းကတော့ ရှုးခဲ့ဘူးတယ် အခုတော့ ရှိလဲမရှိတော့ သိဘူး

သက်တန့် said...

ညီမလေး မီးလေးဇာရေ...

“အချစ်ဆိုတဲ့ အထဲမှာ
ပေးဆပ်ခြင်း၊ ရယူခြင်း၊ နားလည်ခွင့်လွတ်ခြင်း၊ တန်ဖိုးထားလေးစားခြင်း၊ စွန့်လွတ်အနစ်နာခံခြင်း စတဲ့ ခြင်း ပေါင်းများစွာတွေပါဝင်တယ်....”
မှန်ကန်ပြည့်စုံတဲ့ ဖွင့်ဆိုချက်တစ်ခုပါပဲ... ထောက်ခံပါတယ်... :D

“စွန့်လွှတ်အနစ်နာခံနိုင်တဲ့သူနဲ့ ရယူပိုင်ဆိုင်နိုင်တဲ့သူ နှစ်ဦးမှာ ဘယ်သူကသူရဲကောင်းပိုဆန်လဲ...”
ဒီမေးခွန်းကတော့ အခြေအနေပေါ်မှာ မူတည်ဦးမယ်လို့ မမက ထင်တဲ့အတွက် ယတိပြတ် မဖြေသွားတော့ဘူးနော်...
ညီမလေး ပျော်ရွှင်ပါစေ... :)

Dream said...

အဟိ..အဟိ...တီတီယောင်းယောင်းယဲ့အရှစ်ဂို အထုမှဖဲ တိဒေါ့တယ်..

ဟားဟား.. ရေးပေးတဲ့အတွက်ကျေးချူးပါနော်...

ရယူပိုင်ဆိုင်သူနဲ့ စွန့်လွတ်အနစ်နာ ခံတဲ့သူ ဘယ်ဟာက တူယဲဂေါင်း ပိုချန်လဲချိုဒေါ့
ပေါပျဖူး.... ရာမမေးနဲ့...
မက်မက်က အထုမှ နယ်နယ်ဖဲချိတေးဒါ.. ထရေးဂို ဗာဒွေရာ မေးနေမှန်းတိဖူး..
ဂယ်ဖဲ..ဂယ်ဖဲ... ဟွန်း....တွား..တီတီယူချိုး..လုံးဝမပျောပျဖူး.. ဒါဖဲ....

:P :P :P

ဝေလေး said...

" အချစ်ဆိုတဲ့....အထဲမှာ
ပေးဆပ်ခြင်း...၊...ရယူခြင်း....
နားလည်ခွင့်လွတ်ခြင်း
တန်ဖိုးထားလေးစားခြင်း
စွန့်လွတ်အနစ်နာခံခြင်း......စတဲ့......
ခြင်းပေါင်းများစွာတွေပါဝင်တယ်.... "

အင်း.... ဒါတော့ဟုတ်တယ်နော်မမ...

" စွန့်လွတ်အနစ်နာခံနိုင်တဲ့သူနဲ့.... ရယူပိုင်ဆိုင်နိုင်တဲ့သူနှစ်ဦးမှာ ဘယ်သူကသူရဲကောင်းပိုဆန်လဲ... "

ဒါကတော့..... သူရဲကောင်းဆန်တယ်ဆိုတာဘာကိုပြောတာလည်းမမ
အမှန်တော့ နှစ်ခုလုံးက သူရဲကောင်းဆန်ကြတာကြီးပဲလို့ထင်တယ်။ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို ရယူပိုင်ဆိုင်အောင်ကြိုးစားနိုင်တဲ့လူ ဟာ သူရဲကောင်းတစ်ယောက်ပဲ.....
အဲဒီလိုပဲ ......
ကိုယ့်ချစ်သူစိတ်ချမ်းသာအောင် စွန့်လွှတ်ပေးနိုင်တဲ့လူတစ်ယောက်ဟာလည်း
သူရဲကောင်းတစ်ယောက်ပဲ.....
လူကြားကောင်းအောင် စွန့်လွှတ်တယ် ဆိုတဲ့လူတွေမပါဘူးပေါ့နော်....
ထင်တာတွေ ဝင်ဖောသွားပြန်တယ်မမ
သည်းခံ....... :)

ဖြိုးဝေတိုး said...

ကျွန်တော့်အတွက်ကတော့ အချစ်စစ်ဆိုတာာ ပေးဆပ်မှုနှင့်အတူ ရယူခြင်းပါ။
ကျွန်တော်တခါမှတော့ အချစ်ဆိုတာမရှိခဲ့သေးဘူးလေ။
ရှိခဲ့ရင်လည်း နှစ်ဦးနှစ်ဖက်အပေးအယူမျှသော
ဟောဒီလိုဘဝလေးပဲရချင်တယ်လေ
စွဲအတူ နှစ်ကိုယ်ရင်မှာ
ချစ်အတူ တူယှဉ်မကွာ
ဘေးမပူ ယုံကြည်စွာ
မျှအတူ အချစ်ဝေကာ

GTHS (Putao) said...

မီးလေးရေ
ရယူပိုင်ဆိုင်လိုသူကသာ သူရဲကောင်းပါ
အချစ်သူရဲကောင်းပေါ့
ကိုယ်လိုချင်တဲ့ အရာကို အခက်အခဲအတားအဆီး
အမျိုးမျိုးကြားကနေ ရယူနိုင်တာဟာ
မဟာ အချစ်သူရဲကောင်းကြီးပေါ့ကွယ်
ဟီးဟီး ချယာကြီးတော့ ၀င်လုပ်လိုက်ပြီ
ဥယျာဉ်မှူး

တောင်ပေါ်သား said...

အင်း ငါ့ အမရဲ့ အချစ်ဒဿနကတော့ အချစ်ဆိုတာ ၀င်္ကပါတစ်ခုနဲ့ တူတယ်တဲ့ များလိုက်တဲ့ အချစ် ဒဿနတွေနော့် ဟီးးးး

WWKM said...

ညီမလေးရေ..
မမလာဖတ်သွားပြီနော်။

“စွန့်လွှတ်အနစ်နာခံနိုင်တဲ့သူနဲ့ ရယူပိုင်ဆိုင်နိုင်တဲ့သူ နှစ်ဦးမှာ ဘယ်သူကသူရဲကောင်းပိုဆန်လဲ...” ဆိုရင်တော့ မမဆိုရင် ကိုယ်ချစ်တဲ့သူကိုရယူပိုင်ဆိုင်နိုင်တာကိုပဲ သူရဲကောင်း
ပါလို့ ဆိုချင်သလို.. အကြောင်းအမျိုးမျိုးကြောင့် စွန့်
လွတ်အနစ်နာခံသွားတဲ့သူတွေကို သူရဲဘောကြောင်တယ်လို့မပြောချင်ပါဘူးလေ..သူတို့
မှာလည်းသူတို့ အကြောင်းနဲ့သူတို့ရှိနိုင်မှာပါပဲ။
ဒါပေမယ့် မမ ကတော့ ရယူပိုင်ဆိုင်နိုင်တဲ့သူကိုပဲ
ပိုပြီး သဘောကျပါတယ်။
အဆင်ပြေပါစေ ညီမလေး။
ချစ်တဲ့
မမ၀ါ

တက်လူငယ် said...

ကျွန်တော်ခံစားဖူးပါတယ်..။ စွန့်လွှတ်သူနဲ့ ပေးဆပ်သူ ဘယ်သူက ပိုလဲဆိုတာ ယတိပြတ်မပြောရဲပါဘူး။

ဟိန်းညီ said...

စွန့်လွတ်အနစ်နာခံနိုင်တဲ့သူနဲ့.... ရယူပိုင်ဆိုင်နိုင်တဲ့သူနှစ်ဦးမှာ ဘယ်သူကသူရဲကောင်းပိုဆန်လဲ...
ဆိုတော့လား
ပြောရတော့ခက်တယ်။ဒါပေမယ့်ရအောင်ပြောကြည့်မယ်။
ကျွန်တော်ခံစားမိတာလေးပေါ့။
အခြေအနေပေါ်မှာအများကြီးမူတည်နေပါတယ်။
တခါတလေ စွန့်လွှတ်မှကိုဖြစ်မယ့်အခြေအနေမှာ
စွန့်လွှတ်နိုင်တဲ့သူကသူရကောင်းပါ။
တခါတလေကျတော့ ရယူသင့်တဲ့အခြေအနေမှုာ
နောက်တွန့်မနေပဲသတ္တိရှိရှိုရယူရဲမှသူရဲကောင်းပေါ့။
ကျွန်တ်ေကတော့အဲလိုထင်တယ်။
ပျော်ရွှင်ပါစေခင်ဗျာ။

အလင်းစေတမန် said...

Giving is better than receiving. လို.တော.ကြားဖူးတာပဲ။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit