Saturday, October 11, 2008

မိုး

မိုး.......

ဟိုတစ်ချိန်က မိုးရာသီထဲမှာ.....

မိုးစက်တွေနဲ့ အတူ

ငယ့် မျက်ရည်တွေလဲ

အတားအဆီးမဲ့

ကျဆင်း ခဲ့ဖူးတယ်.....၊

မိုးခြိမ်းသံတွေ နဲ့အတူ

ငယ့် နှလုံးသားတွေလဲ

ကွဲကြေ ခဲ့ဖူးတယ်......၊

အခုတော့.....

ရာသီတစ်ကျော့ပြန်

မိုးရာသီကို....

ရောက်ခဲ့ပြန်ပြီး.....၊

ခုလည်းပဲ.....

မိုးရေထဲမှာ.......

မိုးစက်လေးတွေနဲ့ အတူ

ငယ့် မျက်ရည်ရည်တွေ ကြွေဆင်း

အမှတ်မရှိတဲ့ နှလုံးသားကလဲ

ကို့ ကိုတမ်းတနေမိ ပြန်ပြီး..........။


နှင်း

4 comments:

ဝေလေး said...

မမ
မိုးရာသီကုန်ပြီလေ
ဆောင်းတွင်းရောက်တော့မယ်ဟုတ် :P :P
မမ မိုးရေထွက်ချိုးမနေနဲ့နော် အအေးပတ်မယ်.. ဆရာလုပ်တာ ဟိဟိ

flowerworld said...

ဝေလေးကလဲဒီမှာတစ်ပတ်ကျော်ပြီးမိုးတွေရွာနေတာ နေတိုင်းရွာနေတာဆိုတော့လဲ အမြင်ကပ်လို့လေ...ဟိဟိ

Dream said...

မိုးရေထဲမှာ မိုးရေချိုးပြီး ဘောလုံးကန်မယ်.. ဟိဟိ..
မိုးရေထဲမှာ မျက်ရည်ပဲလိမ့်ဆင်းတာလား...
ဟိဟိ.. မျက်ရည်ဆိုတော်သေးတယ်နော်...
အဟမ်းအဟမ်း.... ဟင်းဟင်း..နော်...
ဟိဟိ..လျောက်မတွေးနဲ့နော်..
:P :P :P

ဇင်ယော် said...

ဟေဟေ. နာတို့ ကတော့ မိုးရွာရင် မိုးရေချိုးမယ် ။ မေမေလာရင် နို့ စို့ မယ်။ ဖေဖေလာရင် အုန်းသီးနဲ့  ပေါက်မယ်။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit