ငယ်ငယ်တုန်း ကပေါ့
အမေ့ရဲ့ ရင်ခွင်ခေါင်းဝင်
အဖေ့ပေါင်ပေါ် ခေါင်းအုံးပြီး
ချွဲနွဲ့ဖို့ပဲ သိခဲ့တယ်.....၊
အရင်တုန်းကပေါ့
အမေကျွေးတာ အဆင်သင့်စား
အဖေ့အိမ်မှာ အခန့်သားနေ
လိုချင်တာ ရဖို့ပဲ
နားလည်ခဲ့တယ်....၊
တစ်ချိန်တုန်းကပေါ့...
အမေဆုံးမတာ နားမထောင်
အဖေ့အရိုက် ကိုခံပြီး.......
တစ်ဇွတ်ထိုးပဲ လုပ်ခဲ့တယ်...........၊
အခုတော့လေ
ဟန်ဆောင်မှု့တွေ များလွန်းတဲ့
လူတွေ ကြားထဲ
ဒုက္ခတွေ မိုးမိတိုင်း
စိတ်ဓါတ်တွေ .....
အကျဉ်းကျခံရတိုင်း
သမီးလေ
အိမ်ကို လွမ်းလိုက်တာ
ဖေ နဲ့ မေ ရယ်................။
နှင်း
Friday, October 3, 2008
ဖေ နဲ့ မေ .....သို့
Subscribe to:
Post Comments (Atom)
7 comments:
ကျွန်တော်လည်း အိမ်ကိုလွမ်းတယ်ဗျာ
၁၆နှစ် ၁၀တန်း အောင်ကတည်းက မလေးရောက်တာဆိုတော့သုံးနှစ်ရှီပြီအိမ်မပြန်ဖြစ်တာ...
အိမ်ကိုလွမ်းလို့ကဗျာလေးတောင် တင်လိုက်သေးတယ်။ လာဖတ်ကြည့်ပါအုံး။
ကဗျာလေးအတွက်ကျေးဇူးပါ အမ။
မမရေ
အိမ်ကိုလွမ်းနေပြီလား..... :)
ညီမလေးရဲ့ကဗျာကို ဖတ်မိလိုက်မှ အကိုလည်း မေမေ့ကို သတိရပြီး လွမ်းလာတယ် ညီမရယ်...
အကိုလည်း ညီမလေးလိုပဲ အိမ်မှာနေတုံးက ဒုက္ခ ဆို
တာကို ဘာမှန်းကို မသိခဲ့တာပါ။ ဝေးလည်း ဝေးရော
ဒုက္ခဆိုတာ ချိုမပါမှန်းသိခဲ့ရပါတယ်။
ညီမလေးရေ ကဗျာလေးကကောင်းတယ်။ ဆက်ရေးနော်
အားပေးလျှက်..........
ညီမရေ
ပန်းပျိုးလက်ဆိုတာ အကိုနော်
ဥယျာဉ်မှူး
အင်း... စဉ်းစားရင်..အိမ်ဆိုတာ အနွေးတွေးဆုံး အရာတခုပါ.. ကောင်းပါတယ်.. အရမ်းကောင်းတယ်.. တကယ်အားကြီးကောင်းတယ်.. :D ကျတော်တော့ အဖေဖြစ်မှပဲ အိမ်ကပ်တော့မယ်
မောင်လေးဖြိုးဝေတိုးရေ ရင်ထဲကခံစားချက်လေးတွေက ကဗျာအဖြစ်ပြောင်းသွားတာလေဒီလိုပဲပေါ့...ဟဲ ဝေလေးရေဟုတ်တယ်အိမ်ကိုအရမ်းလွမ်းနေတယ် ကိုဥယျာဉ်မှူးရေကျေးဇူးနော် ပိစိလေးကအဖေဘယ်တော့ဖြစ်မှာလဲတော့... အားလုံကိုကျေးဇူးတင်ပါတယ်နော်
ညီမရေ ဖေနဲ့ မေရှိတဲ့အိမ်ကတော့ ဘယ်နေရာနဲ့ မှ မတူတဲ့  အနွေးထွေးဆုံးသောနေရာလေးတစ်ခုပါ။ ဒီလိုပါပဲ မိဘအိမ်မှာ ဆိုးနွဲ.ခဲ့သမျှ လောက ပတ်ဝန်း ကျင်ထဲ ရောက်ခဲ့တော့လည်း ........................
Post a Comment