မောင်လေးဖြိုးဝေတိုးရေ ဘယ်ကဘယ်လိုစရေးရမှန်း တောင်မသိတော့ဘူး...။
အကြွေးလာတောင်းတော့လဲ ကြောက်ကြောက်နဲ့ပေးရတော့တာပေါ့လေ...
ဗရုတ်သုတ်ခတဲ့.....အဲ့လိုဗရုတ်သုတ်ခမဖြစ်တာတောင် ကြာလှပေါ့.......
အခုတော့လူကီးလေး...အဲလေ..လူကြီးလေးဖြစ်နေပြီဆိုတော့...ဟဲဟဲ....ဟန်ကိုယ်ဖို့လေ....အဟိ
အကြွေးများနဲ့...အဲ..မှားပြန်ပြီး.အတွေးများနဲ့ချာချာလည်...... ရေးလိုက်ပြီဗျို့....မီးလေးရဲ့ဗရုတ်သုတ်ခတဲ့....
၉တန်းနှစ်ကပေါ့..မှတ်မှတ်ရရပေါ့....... ညပိုင်းမှာလမ်းထဲကအဖော်တွေနဲ့ ဒီကြိုတမ်းတို့ထုတ်စီးထိုးတမ်းလို့
ကစားကြတာအရှိန်လွန်ပြီး အိပ်တာနောက်ကျသွားတယ် သိတယ်မဟုတ်လားအပျော်မက်တာလေ
မိုးလင်းတော့အိပ်ယာကမထချင်ဘူး အဒေါ်ကမီးလေးထတော့ဆို အင်း..အဲ...နဲ့ဆက်အိပ်နေတာ...
အဖေကမီးလေးတစ်ယောက် အိမ်မပြန်လာသေးဘူးဆိုပြီးတော့ လာလိုက်ခေါ်တာ အိပ်တုန်းလို့
အဒေါ်လဲပြောလိုက်ရော အခန်းထဲဝင်လာပြီး ဘောလုံးလာကန်ပါလေရော...ဟီး
အဲ့ဒါနဲ့ပဲ ကျောင်းသွားတာ စာအုပ်ကလွဲပြီး ဘာမှကိုမပါတော့ဘူး မေ့ကုန်တာလေ.....
ကျောင်းပေါက်ဝလဲရောက်ရော သူများတွေကမ္ဘာမကျေတောင်ဆိုနေကြပြီး... ကမ္ဘာမကျေလဲဆိုပြီးရော
အခန်းကိုပြေးတာ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီးတော့လေ..... မပြေးရင်လဲမရဘူး
ဆရာကြီးကကြိမ်လုံးနဲ့လာနေတာဗျ....ဟဲဟဲ... စာသင်ခန်းလဲရောက်ရော ဆရာမကရောက်နေပြီး
မီးလေးလဲကုတ်ချောင်းကုတ်ချောင်းနဲ့ဝင်လာတာပေါ့ ...ထိုင်တာကရှေ့ဆုံးတန်းမှာ...ဒီကြားထဲ
အလိုက်မသိတဲ့သူငယ်ချင်းကလဲ ဆရာမကိုစာအုပ်ထပေးတာ မော့လာတဲ့ဆရာမမျက်နှာ (အမလေးးးး)
အဟီးးး...ဆိုပြီးတော့မျက်နာချိုသွေးတာတောင်..ဟင့်.... ခိုင်သဉ္ဖာအိမ်စာလုပ်လာ လားတဲ့..သေရောပေါ့
မနေ့ညကတစ်ညလုံးကစားနေတာ စာအုပ်တွေကြည့်လိုက်တော့လဲ အချိန်စာရင်းတောင်မလဲရသေးဘူး
မနေ့ကစာအုပ်တွေပဲ... မပြီးသေးဘူးလို့လပြောလိုက်ရော ဘာလုပ်ခိုင်းလဲသိလား ကျောက်သင်ပုန်းပေါ်မှာ
အခုချက်ချင်းတွက်ပြတဲ့ ..သူငယ်ချင်းတွေကလဲ မီးလေးကိုသိပ်ချစ်ကြတာ တဟီးဟီးတဟားဟား
ကြိတ်ပုန်းပြီးရီနေကြတယ်လေ....ဟွန့်..
ဒီကလဲပဲတီပင်ပေါက်လက်ရေး...ဟုတ်ပါဘူး..ဆရာဝန်လက်ရေးလေးနဲ့
တွက်ပြပေးလိုက်တာပေါ့........ကျောင်းဆင်းခါနီးနှစ်ချိန်က ကာယချိန်ဆိုတော့
မနေ့ညကအရှိန်ကမသေသေးဘူး လေသူငယ်ချင်းတွေနဲ့ ပြေလိုက်တမ်းကစားလိုက်
ကြိုးခုန်လိုက်နဲ့လုပ်နေကြတာပေါ့..(မီးလေးတို့၉တန်းနှစ်တုန်း ကစာသင်ချိန်က
အခန်းမလောက်လို့နေ့တစ်ဝက်ပဲသင်ရပါတယ် မီးလေးတို့ရဲ့အခန်းကလဲ အဆိုးတွေစုပြုံနေတဲ့အခန်း
မို့လို့ကြီးကောင်ကြီးမားနဲ့လဲ အခန်းထဲမှာကစားကြပါတယ်...ဟီး..) အဲ့ဒီမှာဇတ်လမ်းကပြန်စတယ်
ခုံပေါ်ကနေသူများတွေကိုလိုက်ဖမ်းရင်းနဲ့ ခုံကျိုးကြပါလေရော
လူကတော့ဘာမှမဖြစ်သွားဘူး..ဟင့်..ထမီပေါ့..ဗြိဆိုပြီးတော့ပြဲသွားပါလေရော
တစ်ခန်းလုံက..တဟားဟားဆိုတဲ့အသံများညံသွားပါလေရော...ဟီးးးး ရှက်တောင်ရှက်လာပြီး..အဟိ....
အဲ့ဒီအချိန်မှာပဲ ကာယဆရာမက “ခိုင်သဉ္ဖာ ဒီနေ့လူသစ်တွေကို အေရိုးဗစ်နဲ့ပ၀ါကသင်ပေးရမယ်နော်
ကျောင်းဆင်းတာနဲ့ခန်းမကိုလာခဲ့” တဲ့ ဆရာမရဲ့တစ်ချကိလွတ်အမိန့်မှာ မီးလေးထမီကွဲနဲ့ဘယ်လိုလုပ်ရမလဲ
ဆိုတာအကျက်ရိုက်ပါလေရော အိမ်မှာပြန်ယူဖို့ကလဲ အချိန်ကမလောက် ဒီတိုင်းကြီးလဲမသွားရဲပါဘူး...ဟဲ..
အခန်းထဲကယောင်္ကျားလေး သူငယ်ချင်းရဲ့ဆိုင်ကယ်ကိုငှားပြီး သူ့ကိုပါအိမ်အထိလိုက်ပို့ခိုင်းရပါတယ်
ကျောင်းနဲ့အိမ်နဲ့ကနီးနီးလေးပါပဲ အကွဲလေးနဲ့ဆိုတော့လဲ လမ်းလျှောက်လို့ မရဘူးပေါ့...ဟီး....
အဲ့ဒါပါပဲ မီးလေးရဲ့ ဗရုတ်သုတ်ခဆုံးသောနေ့တစ်နေ့ပေါ့.............
မောင်လေးဖြိုးဝေတိုးရေ...ကျေနပ်မယ်လို့ထင်တယ်နော်...ဟီး
မီးလေးပြန်တတ်ခ်မဲ့..ကံစမ်းမဲကျတဲ့သူတွေကတော့......
ဦးဦးရန်အောင် ၊ မမဂျစ်တူး ၊ မမီ(မောင့်မယ်လိုဒီ) ၊ မမခငိဦးမေ ၊ ပင့်ဂိုလ်း ၊ blackdream နဲ့ မင်းယွန်းသစ်
တို့ဖြစ်ပါတယ်
ရေးပေးကြပါဦးနော်...၊္ဘ္ဘ္ဘ္ဘ
Saturday, October 11, 2008
မီးလေးဇာရဲ့ ဗရုတ်သုတ်ခဆုံးသော နေ့တစ်နေ့
Subscribe to:
Post Comments (Atom)
9 comments:
မမက ဒီပို့စ်လေးကိုရေးနေတာ ညီမလေး ရေ.
အခုညီမလေးကိုတက်ဂ်မလို့ လင့်လာယူတာလေ။
ညီမလေးက ရေးပြီးနေပြီဆိုတော့ တော်ပြီ..ခေါ်တော့
ဘူး။ အဟီး..
ဗရုတ်သုတ်ခ လေးတွေက လာအားပေးတွားပါတယ်...
ဟိဟိ.. တီတီယောင်းယောင်းလဲ ဗရုတ်သုတ်ခ နိုင်
တာပဲ
ဟိဟိဟ.. :P:P
မီးလေးကလဲ
ရှက်ရှက် ဟီးဟီး ထဘီကွဲကြီးနဲ့
အေရိုးဗစ်ပြရရင်တော့ အဟီး
ပ၀ါအကသင်ပေးဖို့လဲ ပ၀ါမလိုတော့ဘူး အဟီး
"မီးလေးဇာရဲ့ ဗရုတ်သုတ်ခဆုံးသော နေ့တစ်နေ့"
ပထမဆုံးရောက်ဘူးပေမဲ့ စာဖတ်ရင်း အရေး
အသားကိုသဘောကျသွားတယ်----
ဟာသ လေးရောထားပြီး စာအရေးအသား
ညှက်တယ်---အလားအလာရှိသော
စာရေးကောင်းသူ --ရသ စာပေ အတွက် မျိုးဆက်သစ်--မိန်းကလေးတဦးလို့
မျှော်လင့်မိပါတယ်--အားပေးနေတယ်
မီးလေးဇာရေ----ဆက်ရေးပါ---
မီးလေးဇာရဲ့ ဆရာဝန်ပဲပင်ပေါက်လေးအကြောင်း ဖတ်ပြီး ခွိခွိနဲ့ တက်သွား (အဲ. ရယ်သွား) တယ်ဗျာ.
အလုပ်က ပြန်လာတော့ မျက်ခုံးတွေရော မျက်လုံးတွေရော၊ ဆံပင်တွေရော နားရွက်တွေရော... ဆက်တိုက်လှုပ်နေတာ. လက်စသတ်တော့ မီးလေးဇာက ကျွန်တော့်နာမည်ကြီးကို ထိပ်ဆုံးက ပြူးနေအောင် တက်ဂ်ထားတာ ဖြစ်နေပါလား.
ဟတ်ဟတ်..
မ၀ါကလည်းတက်ဂ်ထားတယ်. နှစ်ယောက်လုံးအတွက် ပေါင်းရေးပေးမယ်ဗျာ. နော်.
ဘိုင်
မမ၀ါရေမရေးလို့လဲမရတော့ဘူးလေ အကြွေးလို့လာအော်သွားတယ်လေမမ၀ါရဲ့.....မမ၀ါကိုလရြေးပေးချင်ပါတယ်နော် နောက်တစ်ခေါက်ပေါ့နော် မက်မက်လေးရေအဲ့ဒီတုန်းကဒီထက်တောင်ဗရုတ်ကျသေးတာ...ဟီးးးးးးးး ကိုကြီးဥယျာဉ်မှူးရေ..မီးလေးစဉ်းစားသေးတယ်ဂတောင်းကြိုက်ပြီးတော့ ကရင်ကောင်းမလားလို့လေ..ဟဲဟဲ.. မမသက်ဇင်ကအဲ့လိုလေးချီးကျူးသွားတော့ မီးလေးနေရတောင်ခက်တယ်..အဟိအဟိ..ကျေးဇူးနော်မမ ဦးရန်ကတစ်ကောင်းလုံးတောင်လှုပ်နေပြီဆိုတော့ အင်းး သတိထားနော်ဦးဦးရန်...ဟတ်ဟတ်
အင်း ဆော့ချက်ကတော့ ခုန်ပါကျိုးသတဲ့။ လက်နှစ်ဘက်မြှောက်ပြီး ဆလံသသွားပါတယ်ဗျာ။ မီးလေးဇာက အဲဒီတည်းက ခေတ်မီနေတာပေါ့နော်။ ၉တန်းတည်းက ထမီအကွဲ စ၀တ်နေပြီ။ ဒါလည်း ဆလံသသွားပါတယ်။ ဟီး ထပ်စသွားပါကြောင်း။
eek :(
လက်ဆောင်လာယူဦးဆိုလို့ သူ့လက်ဆောင်ကစ ဗရုတ်သုတ်ခ
ဘယ်နေ့ဗရုတ်သုတ်ခဆုံးလဲ လက်ပေါ်နဖူးတင်ပြီး စဉ်းစား အဲလေ..နဖူးပေါ်လက်တင်ပြီး အရင်စဉ်းစားလိုက်ဦးမယ်
အဖြေရရင် ရေးပေးမယ်နော်..နော် :P
ဗရုတ်သုတ်ခလေးတွေ ဖတ်သွားပါတယ်
တော်တော်လေးကို ရီနေရတယ် ..
တော်သေးတယ်နော် အခန်းထဲမှာ ဂျွမ်းမပစ်တာ ဟိ
နောက်ထပ်လာလည်ပါဦးမယ်ခင်ဗျ :P
Post a Comment