မီးလေးသူငယ်ချင်းတွေက မီးလေးဆေးရုံတတ်ရတာကို အပျော်အပန်းဖြေခရီးထွက်တယ်များ အောင်းမေ့နေကြ
လားမသိပါဘူးဗျာ....... စိတ်ပူတဲ့သူကပူ မပူတဲ့သူတွေကတော့ အခေါင်းပြင်ရတော့မလားတဲ့....
ဘယ်မှာပို့ကြမှာလဲတဲ့.... ဘယ်နှစ်နာရီခေါက်နဲ့လဲတဲ့ အဟင့် ၀ိုင်းပြီးပြောနေကြတယ်
ပြီးတော့ နင်ဘာဖြစ်တာလဲတဲ့ ...မီးလေးကလဲအကွဲသဲတာ(အသဲကွဲတာ) လို့လဲပြောလိုက်ရော
ဟယ်..မီးလေးနင်အကွဲသဲတတ်တယ်ပေါ့လေးတဲ့..တေရော
မီးလေးကလဲရည်းစားနဲ့ပျက်သွားကြရင် အကွဲတွေသဲကြတယ်လေ.ငါလဲအကွဲသဲကြည့်တာလို့..ဟိဟိ
ပေါက်ကရတွေလျှောက်ပြောနေကြတာပေါ့......
မောင်ကလဲပြောသေးတယ်...သေမသွားတာနှမျှော်စရာကြီးတဲ့ စက်ရက်ပါ့..အဟင့်
အမှန်တော့ မီးလေးဆေးရုံတတ်တာတစ်ရက်ထဲပါပဲ ကြာသာပတေးနေ့ပေါ့.....
အင်္ဂါနေ့ညကအိပ်မပျော်လို့ဆိုပြီး အိပ်ဆေးသောက်ပြီးအိပ်လိုက်တာ မနက်ကျတော့ ခေါင်းကလေးနေတယ်
အလုပ်သွားရမှာဆိုတော့ အိပ်ယာထဲလဲခွေနေလို့မရဘူးလေနော်.........အဲ့ဒါနဲ့ရေမိုးချိုးခေါင်းလျှော်ပြီးအလုပ်သွားတာ ..ပူလို့ဆိုပြီးခေါင်းကိုသေချာမသုတ်မိဘူး...သွားတော့လဲနေပူထဲမှာ အလုပ်ရောက်တော့လဲ သူများလာပို့တဲ့ပစ္စည်းတွေစစ်နေတာဆိုတော့ ဖုန်တွေဘာတွေခေါင်းကိုပေကုန်ရော.....နေ့လည်ကျတော့
အိမ်ကိုပြန်လာတယ် နေပူကြီးထဲမှာ ထီးလဲမပါဘူး..ကိုင်ရပျင်းလို့လေ...အဲ့လို..ဟိဟိ
အိမ်ရောက်တော့ ပူတယ်ဆိုပြီးရေပြန်ချိုးခေါင်းပါပြန်လျှော်လိုက်တယ် ပြီးတော့ ပန်ကာဖွင့်ပြီးအိပ်လိုက်ရောအိပ်တာကတော့ခဏပါပဲ နိုးလဲလာရော ကိုက်လိုက်တဲ့ခေါင်းထူတောင်မနိုင်ဘူး ဆေးသောက်ရမှာလဲကြောက်ဆိုတော့ ဒီတိုင်းပဲပေတေပြီးနေလိုက်တယ် အွန်လိုင်းဝင်ပြီး ထိုင်ချက်နေလိုက်တယ် ဘယ်သူ့မှလဲရန်ဖြစ်မနိုင်တော့ဘူး အားလဲမရှိတော့ဘူး ကော်ဖီခါးခါးတစ်ခွက်ဖျော်သောက်ပြီးတော့ ညကျအိပ်မပျော်တော့ပြန်ဘူး အစာကလဲမရှိကော်ဖီကလဲသောက်ထားဆိုတော့ ရင်တွေတုန်လာတာ လက်ကုန်ပဲ
ခေါင်းကလဲကိုက်..ဟာ...ဘယ်လိုပြောပြရမှန်းတောင်မသိဘူး တစ်ခါမှလဲမကြုံဖူးဘူး
နားတွေလဲအူ စိတ်တွေလဲတို မြင်မြင်သမျှပစ်ခွဲထားတာပဲ ၂နာရီလောက်ကျတော့မနိုင်တော့ဘူး ပိုဆိုးလာတယ်
နထင်နှစ်ဖက်မှာ..လာပြီးတော့သွေးခုန်နှုန်းသံပြန်ကြားနေရတာ အကျယ်ကြီးပဲ မီးလေးစိတ်ထဲမှာ ဦးနှောက်သွေးကြောပြတ်ပြီးသေပြီလားလို့ နောက်ကျတော့ အခန်းနားမှာရှိတဲ့ ထိုင်းအဒ်ါကြီးဆီကိုဖုန်းဆက်ပြီး
အကူအညီလှမ်းတောင်းရတယ် သူတို့ပဲမီးလေးကိုတွဲပြီးဆေးရုံလိုက်ပို့ပေးတယ်
တော်သေးတာက..သတိလုံးဝမလစ်တာပဲ လစ်ရင်တော့သွားပြီး...သေပြီပဲ
ဆရာဝန်တွေလဲဘာတွေလုပ်မှန်းမသိပါဘူး ဆေးလဲထိုးရတယ် ဆေးလဲသွင်းရတယ်
ခေါင်းမှာဓါတ်မှန်လဲရိုက်ကြည့်တယ် ဘာမှလဲမဖြစ်ဘူးတဲ့ ပြီးတော့သေချာလိုက်နာရမယ်တဲ့
သိပ်ပြီးမတွေးပါနဲ့တဲ့ ကော်ဖီတွေအရမ်းမသောက်ပါနဲ့တဲ့ အဓိကကတော့ (စိတ်ကြောင့်ဖြစ်သွားတာတဲ့ စိတ်ရှုပ်
စိတ်ကျဉ်းကျပ်လို့)မီးလေးလဲမြန်မာလိုပြန်မတတ်ဘူး ထိုင်းလိုပဲနားလည်တယ် ....
အခုတော့ဆေးသောက်နေရတယ် အိမ်ရောက်တာနဲ့ခဏလှဲပြီးတော့ ဘလော့ခ်လည်လိုက်ပါသေးတယ် ဘာမှတော့မရေးဖြစ်ဘူး.....ဆေးရုံမှာမအိပ်တာကတော့..မီးလေးသရဲအရမ်းကြောက်လွန်းလို့ပါ အသေအလဲငြင်းပြီးပြန်ဆင်းလာခဲ့တယ် ဟိဟိ
မီးလေးရဲ့မောင်နှမတွေကိုလဲကျန်းမာရေးဂရုစိုက်ပါလို့နော် ပြီးတော့နေပူထဲသွားတိုင်းထီးဆောင်းသွားပါလို့နော် အခုတလောအ၇မ်းပူနေလို့ပါ
ချစ်မောင်နှမသူငယ်ချင်းများ ကျန်းကျန်းမာမာနဲ့အဆင်ပြေပျော်ရွှင်ကြပါစေနော်
Friday, February 27, 2009
ဆေးရုံသို့ အပန်းဖြေခရီး တစ်နေ့တာ
Posted by flowerworld at 12:40 AM
Labels: မီးလေးအကြောင်း
Subscribe to:
Post Comments (Atom)
15 comments:
မီးလေးရေ အလည်လာသွားတယ်နော် အခုရောနေကောင်းသွားပြီဟုတ် အဆင်ပြေပါစေနော် အကွဲကသဲတတ်လားမသိဘူးနော်။ တော်သေးတာပေါ့ မသေကောင်းမပျောက်ကောင်းလေး နေကောင်းလျက်လေးပြန်လာလို့။ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်မီးလေးရေ။
get well soon!
နေကောင်းပြီလို့တော့ ထင်တရ်နော် ။ ကျန်းမာရေးကို ဂရုစိုက်ဗျို့  မကြီးရေ ။ အဝေးရောက်ဆိုတော့ ဂရုစိုက်မှ (ကိုယ့်ကိုကိုယ်) ။ အမြဲတမ်းပျော်ရွှင်အဆင်ပြေပါစေနော် ။
(ကိုရဲ)
ကောင်းကောင်းနေနော်..
မမဝါဆီမှာ အုန်းထမင်းသွားစားနဲ့ အုံး..
သရက်သီးသုတ်ကလဲတရားခံဖြစ်ချင်ဖြစ်နေမှာ..
အစားအသောက်ရှောင်..
ဆရာလာလုပ်သွားတယ်..
ခင်တဲ့
အရှုတ်
ဖိုးစိန်
ကဲ ဖြစ်ပြီ မီးလေးတို့ကတော့။ အဖြေရှာမရတဲ့ ရောဂါနဲ့တော့ မရှောလိုက်နဲ့ ဆရာဝန်တွေ အလုပ်ရှုပ်တယ်။ အသက်ကို ဥာဏ်စောင့်တဲ့ မီးလေးရဲ့ ။
အမရယ် သက်သာသွားအောင်ဆေးရုံမှာတစ်ည လောက်အိပ်လိုက်တာဟုတ်ဘူး။။ သရဲနဲ့တွေ့တော့ လည်းတစ်ခါတည်း ပျောက်သွားတာပေါ့...။ :-)
ဆ၀ိုင်းဒီခပ် .. ..
ဘော်ဒီကြီးတယ်ဆိုပြီးတော့
ပြောင်းလဲနေတဲ့ ရာသီဥတုကို အံမတုနဲ့နော်မကြီး။
ဘာမှမဖြစ်လို့ တော်သေးတာပေါ့။
စိတ်ပူပြီး လိုက်လာအုန်းမလို့ပဲ
(ဘယ်နားနေလဲဟင်)
ကျန်းမာရေးဂရုစိုက်ပါ
ခင်မင်လျက်
အမလေး တူလေးထက်တောင်ပေသေး
ဖစ်ရတယ် တီတီဇာရယ် ကျန်းမာရေး
ဂရုစိုက်ရော အကွဲသဲတာ က သဲတာပါ့
စိတ်ညစ်တာတော့ ညစ်ပေါ့
ကိုယ့်ကျန်းမာရေး ဂရုစိုက်ပေါ့ဂျ
ဘယ်လိုဖြစ်တာလဲ... ဆေးရုံတက်တာ သိတောင်မသိလိုက်ရပါလား.. ကျန်းမာရေး ဂရုစိုက်ဦးလေ.. ဂျီတော့မှာ မတွေ့လို့လာရှာတာ အခုမှပဲသိတော့တယ်.. မပေနဲ့လေ.. လိမ္မာမှပေါ့ ဆေးရုံမတက်ချင်လည်း အိမ်မှာနားနေပေါ့.. စိတ်ရော လူရော အပင်ပန်းမခံနိုင်လေ.... အသဲခွဲတဲ့လူ သူလည်းတစ်နေ့ ဝဋ်လည်မှာပေါ့.. ကံ ကံ၏အကျိုး ဘယ်သူမှငြင်းလို့မရပါဘူး.. သူစရိတ်နဲ့သူသွားပါလိမ့်မယ်.. စိတ်လျှော့ပါ။
အမလေးး မမရယ် ကျန်းမာရေးဂရုစိုက်ပါ...
မောင်ကမီးလေးဇာကို တော်တော်ချစ်တာဘဲနော်
အဟိ
မောင်ကလဲပြောသေးတယ်...သေမသွားတာနှမျှော်စရာကြီးတဲ့ စက်ရက်ပါ့..အဟင့်
ဟုတ်ပါ့ သေမသွားတာ နှမျောစရာဗျာ။ ဘယ်နဲ့
ဗျာ ဒီလောက် အနေအထိုင်ပက်စက်၊ အစားပက်
စက်မှတော့ အခုလိုဖြစ်တာတောင် နဲသေးတယ်
နောက်တခါဆိုရင်တော့ အခုလို ကံကောင်းမှာ
မဟုတ်တော့ဘူးနော် ကြိုသတိပေးလိုက်ပါရဲ့။
ထပ်ဖြစ်ရင်တော့ အင်း....... မုန့်ဟင်းခါးကို
မျက်ရည်လည်ရွှဲနဲ့ ၄၊၅ပွဲလောက်ကို လာအုပ်မှာဗျား မီးလေးကိုလွမ်းလို့က တပွဲ၊
သတိရလို့ကတပွဲ၊ အမှတ်တရကတပွဲ၊ ဆုံးရှုံသွား
တာ နှမျောတာက တပွဲ၊ ပိုင်ရှင်မဲ့သွားတဲ့ ဘလော့ အတွက် နှမျောမိတာ တပွဲ အကြော်စုံ
နဲ့ကို ၀ါးပြစ်မှာ ဘာမှတ်လဲ ဟီးဟီး ပြောရင်းတောင် စားခြင်လာပြီ။
ဖစ်မှဖစ်ရလေ ညညရယ်.. ဥုံဖွ.. ဥုံဖွ..... ခုရော နေကောင်းရဲ့လား မမ... နေ့အိပ်မက်သတင်းလာမေးတာ နောက်ကျသွားတယ်...
ကျန်းမာရေး ဂရိုစိုက်လေ ညီမလေးရဲ့...
လူတစ်ယောက်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြစ်ဖို့ အဓိကပဲ...
ခုရော နေကောင်းပြီဟုတ်... :)
Post a Comment