Friday, February 13, 2009

မီးလေးဇာရဲ့ Valentine day

ချစ်သူများနေ့ဆိုပြီး ချစ်သူရည်းစားရှိတဲ့သူတွေကတော့ လက်ဆောင်ပေးရတာနဲ့ လိုက်လည်ရတာနဲ့
အရှုပ်တွေလုပ်လို့ ဟီးးးးး...မီးလေးကတော့ ချစ်သူများနေ့မှာ အလုပ်တွေနဲ့ရှုပ်နေဦးမှာ
မြင်ယောင်သေးတယ်.... ချစ်သူရည်းစားရှိတဲ့သူတွေကိုမနာလိုလိုက်တာနော်

ကိုယ့်ကိုယ်လဲဘယ်သူများပန်းတစ်ပွင့်နဲ့ ချောကလက်လက်ဆောင်လာပေးမှာပါလိမ့်..ဟိဟိ
လက်ချိုးရေရင်တောင်တစ်ယောက်မပြည့်ပါလားနော်......အဟင့်
မှတ်မှတ်ရရမီးလေး(၈)တန်းအတန်းတင်စာမေးပွဲဖြေတုန်းက သူငယ်ချင်းတစ်ယောက် သူ့ကောင်မလေးကို
လက်ဆောင်ပေးတာတွေ့ဖူးတယ် အဲ့တုန်းကကိုယ်ကလဲကလေးပဲရှိသေးတာ
ချစ်သူများနေ့တွေဘာတွေ နားမလည်ပါဘူး.ဟီးးးး
နောက်နှစ်ကျတော့ မီးလေးကိုဦးဦးသူငယ်ချင်းတစ်ယောက်အိမ်မှာလာပြီးပန်းလာပေးတယ် အဲ့တုန်းကသူငယ်ချင်းတွေပြောကြတာ
ကြားဖူးနေတယ်လေ ချစ်သူများနေ့မှာ ပန်းပဲဖြစ်ဖြစ်ချောကလက်ပဲဖြစ်ဖြစ် သူများပေးတာယူမိရင် အဲ့လူနဲ့ချစ်သူတွေဖြစ်ရတာဆိုပြီးတော့ပေါ့ ကိုယ်ကလဲအဲ့အကိုကြီးကိုမကြိုက်ဘူး သူကလဲအတင်းပေး
မယူဘူးလို့ငြင်းနေရာကနေ ဇွတ်ပေးနေတော့ ကိုယ်ကလဲစိတ်တိုလာပြီး အဲ့အချိန်မှာမီးလေးရဲ့လက်ကိုလှမ်းဆွဲတာ သူကလဲပန်းထည့်ပေးမှာပေါ့နော် မီးလေးကလဲကိုယ့်လက်လာကိုင်တော့ ယောင်ပြီးဆွဲထိုးလိုက်တာဟီးးးးးးးးး စွပ်ထားတဲ့လက်စွပ်နဲ့ပဲထိတာလား လက်သံကပဲပြောင်တာလားမသိဘူး နှာခေါင်းကသွေးတွေထွက်လာတာတွေ့တာနဲ့ အိမ်ပေါ်တတ်ပြေးတာ တန်းနေတာပဲ....ဟိဟိ ဦးဦးကမေးတယ် ဘာဖြစ်တာလဲ မီးလေးဆွဲထိုးလိုက်တာ ဦးသူငယ်ချင်းဘာဖြစ်သွားလဲသိဘူး ဆိုပြီး.....လှည့်တောင်မကြည့်တော့ဘူး နောက်တော့အဲ့အကိုကြီးလဲမီးလေးကိုစကားမပြောတော့ဘူး ဟီးးးးးးးးး
နောက်ပိုင်းတော့ချစ်သူများနေ့ကို သိပ်ပြီးတော့လဲသတိမရမိဘူး ကိုယ့်အလုပ်နဲ့ကိုယ်တောင်မအားရဘူးလေ
မနှစ်တစ်နှစ်ကတော့ ချစ်သူနဲ့ထမင်းတူတူတွဲစားဖူးတယ် အဲ့တုန်းကလဲကိုယ်ကတောင်သတိမရဘူး သူကမနက်အစောကြီး(၅)နာရီလောက်ဖုန်းဆက်လာပြီး မနက်စာတူတူလာစားမယ်နော်တဲ့ မီးလေးကလဲ ဘာထကြောင်ရတာလဲပေါ့ မီးလေးမသိဘူးလာဒီနေ့ချစ်သူများနေ့လေတဲ့ အော်ဟုတ်လားဆိုပြီးတော့မှ သတိရသွားတယ် အဲ့လောက်ထိပဲ....ဟိဟိ သူလာမယ်ဆိုတော့လဲ ကိုယ်ကတော့ပျော်တာပေါ့နော့ လာပြီးတော့
သူလဲအချိန်မရပါဘူး အလုပ်ဆက်သွားရတာဆိုတော့ မနက်စာပဲဆိုင်မှာနှစ်ယောက်သားစားပြီတော့ လမ်းခွဲပြန်လာခဲ့တာ ဘာပန်းမှလဲမပေးဘူး ဘာလက်ဆောင်မှလဲမပေးဘူး နောက်တော့မှသိရတာက သူမီးလေးဆီကိုမလာခင်အချိန်လေး သူအရင်ကကြိုက်ခဲ့ဖူးတဲ့ကောင်မလေးကအရေးတကြီးဖုန်းဆက်ခေါ်
လို့ လိုက်သွားရာကနေမီးလေးအတွက်လက်ဆောင်က အဲ့ကောင်မလေးအတွက်ဖြစ်သွားတာတဲ့ သူပဲပြောပြတာပါ ..................မီးလေးအတွက်တော့ချစ်သူများနေ့ဆိုတာ ဘာမှတကူးတက တမ်းတစရာ မရှိခဲ့တဲ့နေ့လေးပါပဲ............
အားလုံးပဲချစ်သူများနေ့မှာ ချစ်သူနဲ့အတူတူပျော်ရွှင်စွာသွားရောက်လည်ပတ်နိုင်ပါစေရှင်..........၊

9 comments:

ဖိုးဂျယ် said...

တူလေးလဲ ကူပြီး ဆုတောင်းပေးလိုက်ပါတယ်။

ဆူးရင့် said...

ဒီနှစ် ချစ်သူများနေ့မှာ လက်ဆောင်ပေးမယ့်သူ
မရှိပေမယ့်
လာမယ့် လာမယ့် နေ့ရက်တွေမှာ
လက်ဆောင်တွေ ရရှိပါစေလို့။

စိုင်းစိုင်းလားရှိုး said...

ဘယ်သူက လာပေးရဲတော့မှာလည်း။ ဆွဲထိုးတတ်တဲ့ မိန်းခလေးကို။

Anonymous said...

အဟိဟိ ချစ်သူများနေ့အမှတ်တရပေါ့နော။ဒီနေ့ရော ချစ်
သူနဲ့ ထမင်းသွားမစားဘူးလားဗျ။

Welcome said...

စွဲစွဲထင်ထင်
ချစ်ခဲ့ဖူးတဲ့
အချစ်သံယောဇဉ်လေးအတွက်
အမှတ်ရစရာ ရှိနေတာ နဲလားနော်။
ပန်းနဲ့ချော့ကလက်လက်ဆောင်တွေ
မကြာမီ လာမည်မျှော် .. ..

စိုင်းနောင့် said...

မမကြီး
ဒဏားဒယ် .. ဟိ

ပျော်ရွှင်ပါစေနော်။

ဒေါင်းမင်း said...

မီးလေးကတော့ဖြစ်ရမယ်..
ဒီနှစ်ဘယသူမှပေးဝူးလား..

Anonymous said...

ကိုရှင်ရဲထွတ်ပြောသလို ဘယ်သူမှ လက်ဆောင်ပေးမှာ မဟုတ်ဘူး ဟက်ဟက်

mabaydar said...

ဗယ်လင်တိုင်းဒေးမှာ ပန်းစည်းမရလို့အားမငယ်နဲ့...
မဗေဒါလဲ တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှ မရဘူးဖူး.. ရရင်လဲ ဘုရားပန်းပဲတင်ဖြစ်မယ်ထင်တယ်.. ဗယ်လင်တိုင်းဒေးမှာ ပန်းပေးတာထက်ဆာရင် တခြားနေ့တွေ ပေးရင်တော့ ပိုသဘောကျမယ်.. ဘာလို့ဆိုတော့ အဲဒိနေ့က ပန်းတွေ ဈေးကြီးလို့လေ..
မီးလေးဇာကမှ ချစ်ချစ်နဲ့ ထမင်းစားဖူးသေးတယ်... မဗေဒါကတော့ ဗယ်လင်တိုင်းဒေးရောက်တိုင်း ကုန်ကြမ်းပျက်ပျက်သွားတတ်လွန်းလို့... အမှတ်တရကို ဘာမှ မရှိဘူး..

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit