Monday, February 23, 2009

မီးလေးလက်ရာနော့





ဒီနေ့ထပ်လုပ်စားတာလေးပါ မြန်မာအစားအစာပါရှင် မနေ့ကတော့ အင်ဒိုနီးရှာခေါက်ဆွဲကြော်ပါ အဟီး
ဒီနေ့တော့ မြန်မာတွေအကြိုက် မြန်မာခေါက်ဆွဲသုပ်နဲ့ ခေါက်ဆွဲကြော်ပါရှင်
သွာရေယိုကြပြီးဟုတ်...ဟိဟိ
မီးလေးလက်ရာပေါ့ ဒီနေ့အလုပ်ပိတ်ရက်မှာဘယ်မှမသွားပဲနဲ့ အိမ်မှာပဲအေးဆေးနှပ်နေပါတယ်ရှင်
ညနေပိုင်းသူငယ်ချင်းတွေနဲ့ချိန်းထားပြီးစားကြသောက်ကြမယ်ဆိုတော့ ဘာလုပ်စားရင်ကောင်းမလဲပေါ့
ခေါက်ဆွဲကြော်ကျွေးဆိုတာနဲ့သူတို့အတွက် ခေါက်ဆွဲကြော်ပေးလိုက်တယ်မီးလေးကတော့
အသုပ်စားချင်တာနဲ့ ငရုပ်ဆီလေးနဲ့ သုပ်စားတာပေါ့ ဟိဟိ
ခေါက်ဆွဲကြော်စားပြီးရင်အီနေမှာစိုးလို့ သရက်သီးလေးပေါက်ပြီး ငန်ပြာရည်နည်းနည်း အချိုမှုန့်လေးနဲ့
ငရုပ်သီးအလှော်မှုန့်(အကြက်မှုန့်)ထည့်ပြီးနယ်ပေးလိုက်တယ်စားကုန်ကြတာပဲ သူတို့အတွက်ယူသွား
ပေးတာအကုန်ပြောင်လာတယ် .....
ဒါပေမယ့်...မီးလေးရဲ့ဘလော့ဂ်မောင်နှမသူငယ်ချင်းတွေအတွက်တော့ ဖယ်ထားပေးရတာပေါ့နော့
ဟီးးးးးးးးးးး
အများကြီးကြော်ထားတာတွေ့တယ်ဟုတ်...တော်ကြာကိုအိမ်ကအနီးကပ်တွေအဝေးကပ်တွေ
လုပ်နေမှာစိုးလို့အားရပါးရစားသွားကြနော်...
သရက်သီးသုပ်က မီးလေးဟိုနေ့ကတည်းကစားချင်နေတာ
မမခင်ဦးမေဘလော့ခ်ကိုသွားလည်ကတည်းက သွားရေယိုပြီးပြန်လာရတယ်ဟိဟိ
မှတ်ချက်..........ကြက်သားနဲ့ကြော်ထားတာပါရှင်


19 comments:

khin oo may said...

မဆိုးဘူး။ အိပ်ခါနီးစားသွားပါ၏

Dr Phyo Wai Kyaw said...

ဟိတ်
အလယ်က သရက်သီးသုပ်ကိုစားသွားတယ်ကွ။
:P

မြတ်သွယ် said...

ဒီတစ်ခါတော့ ၀ဖို့ကျန်တေးရယ်
ဟီးးး
မမီးလေး ကျေးကျေးနော်
အပီချားတွားပြီ ဘွားးးး
:)

Sein Lyan Tun said...

ဒီတစ်ခါတော့နောက်ကျသွားတယ်ဗျာ..
ပန်းကန်တော့မဆေးသွားတော့ဘူး..
အလုပ်ဆက်သွားမလို့ 
မနက်ကျမှမက်မက်ကိုပေးရက်လိုက်တော့
:P

ကောင်းကင်ပြာ said...

Breakfast လာစားသွားတယ်ရှင့်၊ကျေးဇူး၊ဒီနေ့တော့ မနက်ထဲက okပဲ၊ဟိ

Phyo Evergreen said...

ခေါက်ဆွဲသုပ် စားချင်ပါတယ်.. တကယ်ကျွေးပါ

Welcome said...

မကြီး
ဝိတ်လျော့နေတာ
ဝိတ်လျော့နေတာ ..

WWKM said...

သရက်သီးသုတ်စားချင်လိုက်တာ..း(
ဒီမှာရှိဘူးရယ်။း(
သွားရည်တွေ အများကြီးကျသွားတယ်။း)

sait phay yar said...

ဟေး ၀ိတ်လျှော့လေ အော် ၀က်ပေါက်ဖြစ်တော့မယ်

ကိုရင်နော်ခင်လေးငယ် said...

စားမှာပဲ စားမှာပဲ ငါ့ကိုလာမတားနဲ့.. (ဦးနော်)
ဟဲ့..ကိုရင် နင်ဟာလေ ငတ်ကိုငတ်.. ငါ့ဖို့ချန်ဦးဟ.. ဟီးး (တီငယ်)
တိဖူးတိဖူး ဗိုက်ချာဒယ်.. (ကလေးလေး)

:D :) :P

Anonymous said...

အလည်က သရက်သီးသုပ်ကိုစားသွားတယ်နော်။
မစားရတာကြာလို့စားသွားတယ်။

ဖိုးဂျယ် said...

တီတီရေ သွားရည်ကျအောင် လုပ်တယ်ဗျာ
ဂယ်လဲ စားရဖဲ့နဲ့း(

သံလွင် HeRo said...

သရက်သီးသုတ်မစားရတာကြာပါ့ဗျာ...
တောက်...တောက်...တောက်...(သားရေကျသံ)
အနံ့ခံပြီးမြီးသွားပါသည်။ ဂလု...ဂလု...

Anonymous said...

ဝါးးး.... သွားရည်ကျစ၇ာကြီး... စားချင်လိုက်တာ.. ဂျာ.. ဂယ်ဂျီး

ကိုရဲ said...

သွားရေကျသွားပါတရ် ။ အဲလေ မသွားပါတရ်နော် ။

(ကိုရဲ)

Anonymous said...

ဝါးးး စားချင်လိုက်တာ....
ရှလွတ်......
ငယ်ငယ်ကလေ သရက်သီးကို ဓားနဲ့ပေါက်ပြီး ငရုတ်သီး ငံပြာရည်နဲ့ သုတ်စားတာ.... တွေးရင်းနဲ့ သွားရည်တောင်ကျချင်လာပြီ.... ဟင့်.... :D

Anonymous said...

ငရုပ်သီးတွေ အဲလောက်သုံးမှတော့ လိပ်ခေါင်း
ဖြစ်မျာတော့ မြင်သေးတယ်။ ဟီ စားလဲ စားသေး အပြစ်လဲ ပြောသေး။

စိုင်းနောင့် said...

စားစရာတွေ အလျှံပယ်ပါလား
ဗမာအစားအစာတွေ မစားရတာကြာတော့
သွားရည်တွေ မထိန်းနိုင်တော့ဘူး
ဂလု၊ ရှလွတ် ....

Anonymous said...

အင်း ခေါက်ဆွဲတွေဘာတွေကြော်တတ်သားပဲ။
အဆင်ပြေသလိုအပြင်မှာပဲစားစားနေတယ်ထင်တာ။
ဟဟဟ။ နေကောင်းလား။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit