Sunday, February 22, 2009

အိပ်မရသော ညတစ်ည

ငါ..ညက အိပ်မပျော်ခဲ့ဘူး.....

ငါလက်ဖက်သုပ်တွေ

အများကြီး စားခဲ့မိလို့လား…..??

ဒါမှမဟုတ်……

ငါမင်းကို လွမ်းနေမိလို့လား…….??

ညတုန်းကငါ့ မျက်ရည်တွေ

စီးကျနေတယ်……..

ငါ့မျက်စိတွေ စပ်လာလို့

မျက်ရည်တွေစီးကျနေတာလား.??

ဒါမှမဟုတ်

ငါမင်းကိုလွမ်းလို့ ငိုနေမိတာလား….၊

…………………………….

………………………………………၊

သေချာတာ တစ်ခုကတော့

ငါ.ညက အိပ်မပျော်ခဲ့ဘူး….။



9 comments:

ကိုတိုး said...

လက်ဖတ်သုပ်စားတာများလို့အိပ်မပျော်တာနဲ့တူတယ်နော်။ လွမ်းလို့တော့ဖြစ်ချင်လည်းဖြစ်မှာပေါ့လေ။

Anonymous said...

လွမ်းလို့ဖြစ်မှာပါ ဟီး၂ ခေါက်ဆွဲကြော်စားပြီး ဗိုက်ဝမှ ကဗျာကိုဖတ်သွားပါတယ် (အူမတောင့်မှသီလစောင့်) မှာလေမီးလေးရဲ့

khin oo may said...

နေ့လည်က အိပ်တာများသွားလို့ပါ။ ရှင်းနေတာဘဲ

မိုးသောက်(ရှမ်းလေး) said...

ခေါက်ဆွဲတွေစားတာများပြီး အစာမကြေလို့လား... :P

သံလွင် HeRo said...

ဘာမီတွန်သောက်...ပျောက်...ဟီဟီး

Anonymous said...

အိပ်ဆေးလာပေးမယ်နော်... လက်ဖက်သုတ်လည်း သိပ်မစားနဲ့... ဟာဟ

WWKM said...

အိပ်မပျော်ဘူးလား ညီမလေး။
ရွှေပုပ္ပါးသွေးဆေးကိုစား။ :P

Sein Lyan Tun said...

အိပ်မပျော်သော ညတစ်ည သံသရာလည်..
တွေ့ နေမြင်နေ ကျမို့ ဖြေဖျောက်ပါသော်လည်းကွယ်..
မျက်စိထဲတဝဲလည်လည်...
အိပ်မပျော်သော..ဇာ့ဘဝရဲ့ ညဥ့်လည်သံသရာဝယ်..
လက်ဖက်စားလို့ အိပ်မပျော်တယ်..
ငရုပ်သီးကိုက်မိလို့ မျက်ရည်ရယ်လည်...
တူနဲ့ တန် နဲ့ ဒေါင်..ဒေါင်..
:P :P

Anonymous said...

အယ်... ဘယ်လိုခံစားရမှန်းတောင် မသိတော့ဘူး။ အစားကြီးပြီး အိပ်မရတာလိုလို
သမ်းဝေလို့ မျက်ရည်ပူကျသလိုလိုနဲ့ ကိုယ့်ဟာ
ကိုယ် အစားကြီး ဇိမ်ရစ်ပြီး အိပ်မရတာများ။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit