Monday, February 16, 2009

မောင်..........သို့

valentine's day တဲ့
မောင်များ လာခဲ့လေမလားလို့
မယုံမရဲနဲ့ စောင့်မျှော်
ရင်မောရပါလား......မောင်ရယ်၊

ဘာမှန်းမသိတော့တဲ့
မ..တို့နှစ်ယောက်ရဲ့ ဇာတ်လမ်း..........၊
ဘယ်လို အဆုံးသတ်ရမှာလဲ....၊

တွယ်ရာမဲ့
လွင့်မျောနေတဲ့ တိမ်ကိုမှ
မြတ်နိုးတွယ်တာနေခဲ့မိတာ
မရဲ့ အပြစ်တွေပဲလား......၊

ကဗျာမဆန်တဲ့ အလွမ်းတွေနဲ့
မောင့် ကိုအရမ်းလွမ်းနေတာ
မောင် သိအောင်မပြောခဲ့ပေမယ့်
ရင်ထဲမှာတော့ မုန်တိုင်းထန်နေပြီး......၊

အပြစ်ဖွဲ့ ငြိုငြင် လို့
အသစ်အတွက် ရင်ခုန်နေပြီလား......၊
တကယ်ပဲ
မောင့်နဲ့အတူ ပျော်ရွှင်တဲ့
အနာဂတ်ကို တည်ဆောက်ဖို့
မရနိုင်တော့ဘူး...........လား!!!!!

15 comments:

ဖိုးဂျယ် said...

တီတီဇာရေ အလွမ်းတွေ အကုန်သေးဘူးလားဗျ
ရှိသေးရင် နည်း နည်း မျှပါ
နောက်တာပါ တီတီဇာ
ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်

Welcome said...

တွေ့ရင်ပြောပေးလိုက်ပါမယ်
တစ်ယောက်သောသူ မျှော်နေရှာတယ်လို့
ချစ်သူများနေ့မှာ
မျှော်လင့်ခြင်းများစွာနဲ့
ရင်မောရသူအတွက် .. ချိတ်မကောင်းပါ
အနော်တောင် မျှော်ရမယ့်သူမရှိတာမို့
အစ်မက တစ်မူးသာပါ၏။

molay88 said...

တစ်ကယ်တော့ အချစ်ဆိုတာ အလွမ်းရဲ့ အစဆိုတာ လူတိုင်းက သိနေရဲ့နဲ့..မလွန်ဆန်နိုင်ကြပါဘူးဗျား.။ ကောင်လေး အပါအ၀င်ပေါ့ဗျာ.။

စိုင်းစိုင်းလားရှိုး said...

မောင့်ကို ဟိုနေ့က တွေ့လိုက်သေးလားလို့။ အင်္ဂလန်မှာ 14 ရက်နေ့က အနမ်းပြိုင်ပွဲ ၀င်ပြိုင်နေတာ တွေ့လိုက်တယ်။

Sein Lyan Tun said...

မောင်လာပီးလေ...
အဲ (မှားလို့ ) မောင်လေးလာလည်တယ်လို့ ....
ကဗျာကို ခံစားရင်းနဲ့ မောင် ဓာတ်ကူးလာလို့ ပါ..
စတာနော်မဇာ...
ဆုမွန်ကောင်းတောင်ပါတယ်
ပျော်ရွင်ပါစေဗျာ...

Pinkgold said...

နင်လုပ်တာနဲ့ ငါတောင် ရောယောင်ပြီး လွမ်းချင်လာပြီ.. အင့်အင့် မောင်ရေ... အယ် ငါ့မှာ မောင်မှ မရှိပဲကို.. ဟီး

molay88 said...

မ နဲ့ မောင် အဖြစ်ချင်းကတော့ တူနေတယ်..။ ဒါပေမယ့် သူ့လိုတော့ ဟုတ်ဘူး.။ တို့တွေက နီးနီးလေး..ဟဲဟဲ..။

molay88 said...
This comment has been removed by the author.
ထင်လင်းအောင် said...

ကြိုက်တယ်ဗျာ...
ကဗျာလေးကို...

အရုပ်ကလေး said...

ပို့စ်လေး ဖတ်ပြီး စိတ်မကောင်းဘူးဗျာ ..။
ခံစားချက်ကို ပွင့်လင်းစွာပေါ်လွင်စေတယ် ..။
ချစ်သူနှင့်ေ ပျော်ရွှင်သော အနာဂတ်ကို လျှောက်လှမ်းနိုင်ပါစေ ..။

Dr Phyo Wai Kyaw said...

ဟိတ်
ငါရောက်တယ်
လိမ်လိမ်မာမာနေပေါ့ကွယ့်
ငါလည်းကိုယ်ချင်းစာတယ်
မိန်းကလေးနဲ့ ယောကျာ်းလေး တွေးတာခေါ်တာချင်းမတူဘူး
အဲတော့အထင်လွဲရင် ခံစားရရော
အထင်မလွဲနဲ့
အိုကေသွားမှာပဲ
အားမငယ်နဲ့။ ။

Anonymous said...

အလွမ်းတွေက တယ်လည်း မကုန်သေးဘူးကိုးကွယ့်
လူတောင် လွမ်းချင်သွားပြီ :P

မြတ်သွယ် said...

မဆုံးနိုင်တဲ့ အလွမ်းတွေအတွက်
စိတ်မကောင်းဘူး
ကဗျာကိုဖတ်ရတာ ဆွေးတယ် မမီးလေးရ
အားပေးနေပါတယ်
အနာဂတ်လှလှလေးကို တည်ဆောက်နိုင်ပါစေး)

Anonymous said...

အလွမ်း အလွမ်း
အလွမ်းဆိုတာ ပန်းလိုလည်း မမွှေးဘူး
ဆမ်းလိုလည်း မအေးဘူးတဲ့
အလွမ်းဆိုတာ ရင်တွင်းဖွဲ့ဝေဒနာတဲ့
ကိုယ်တိုင်ဖန်တီးနေလို့ ဖြစ်တည်နေတာပါ။
အဲလိုကြားဖူးတာပဲလေ....

Anonymous said...

လာခဲ့မယ် နောင်နှစ် ဗယ်လင်တိုင်းအမှီ သစ္စာ
တရားနဲပသာ စောင့်နေပါတော့။ ပျော်ရွှင်တဲ့
အနာဂတ်ကို နှစ်ယောက်အတူ တည်ဆောက်ဖို့
နောင်နှစ် အမှီ ပြန်လာမယ်ဗျို့။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit