Tuesday, February 17, 2009

ဝိတ်ချချင်လို့ပါရှင်

မီးလေးအလွမ်းကဗျာတွေပဲရေးနေတာဆိုတော့ မီးလေးဆီလည်လည်လာတဲ့သူတွေလဲမောနေလောက်ပြီး
မီးလေးလဲ ကုန်ကြမ်းရှာရဦးမှာဆိုတော့ အလွမ်းကဗျာတွေသိပ်တော့ရေးဖြစ်ဦးမယ်မထင်ဘူး များများလွမ်းနိုင်မှ
ကဗျာများများဖြစ်မယ်လေ ဟုတ်တယ်ဟုတ်.ဟိဟိ
အလွမ်းကဗျာတွေပဲရေးချင်တာမို့ မီးလေးကအမြဲတမ်းလွမ်းနေသူပေါ့ အလွမ်းဆိုတာကလဲခံစားလို့အရမ်းကောင်းတာ လွမ်းနေရတာကိုက free တစ်ခုပဲ
သယ်ရင်းတွေတောင်ပြောယူရတယ် မီးလေးစိတ်ထိန်းတဲ့ သိပ်မလွမ်းနဲ့တဲ့ နင်ဝလာရင်ဘယ်ကောင်းမှာလဲတဲ့
ဟတ်ဟတ် မီးလေးကစိတ်ညစ်လို့ပဲဖြစ်ဖြစ် လွမ်းနေလို့ပဲဖြစ်ဖြစ် ဘယ်တော့မှမပိန်သွားဘူး
ကျန်းမာရေးကောင်းလာတယ်လေ ဟီးးးးးးးး ပိုဝလာတာပေါ့ ခုတော့လွမ်းတာခဏနားလိုက်ဦးမယ်
ဝိတ်လျှော့ရတော့မယ် တစ်နေ့ကအလည်သွားပြီးဓါတ်ပုံလိုက်ရိုက်တာ ကိုယ့်ကိုယ်ကိုယ်တော့မသိဘူးပေါ့နော်
ဓါတ်ပုံလဲသေချာပြန်ကြည့်ရော အမလေးးးးး ၀လာလိုက်တာ လက်မောင်းကပဲဝါးပိုးလုံးလောက်ရှိနေပြီး
ခြေထောက်တစ်ဖက်တစ်ဖက်ကပဲဆင်ခြေထောက်လောက် အခြေခိုင်တယ်ဆိုတာ ဒါကိုပြောတာနေမှာ.ဟိဟိ
အဲ့ဒါနဲ့ပတ်သတ်ပြီးတော့ မီးလေးရဲ့အလွမ်းကဗျာတွေကို ကြိုက်နှစ်သက်တဲ့သူများ ခဏလောက်သီးခံပေးကြပါလို့ ၀ိတ်လျှော့မလို့ပါရှင် ဟတ်ဟတ်
အခုနောက်ပိုင်း ဟာသလေးတွေ(မရယ်ရလဲ ကလိထိုးပြီူးရယ်ပေါ့နော်)တင်ပါ့မယ် ခရီးသွားလေးတွေပေါ့
ကဗျာမရေးတော့လို့ မအားပေးပဲမနေနဲ့နော် အိမ်ထိလိုက်မှာ..ဟွန်း
ပြောရင်းနဲ့ဗိုက်ဆာလာပြန်ပြီး စားလိုက်ဦးမယ် မနက်ဖြန်မှပဲ စပြီးဝိတ်လျှော့တော့မယ် ဟိဟိ

13 comments:

Dr Phyo Wai Kyaw said...

ကောင်းတယ်သယ်ရင်း
ဝိတ်လျှော့ဝိတ်လျှော့။

ဖိုးဂျယ် said...

တီတီဇာ တူလေးကို နည်းနည်းမျှပါလား
တူလေး အရမ်းပိန်နေလို့လေ ဟီ ဟိ

Sein Lyan Tun said...

ဟာသတွေ တင်မယ်ဆိုလို့ ..
ရီဖို့ ကျင့်နေတယ်...
ဟား..ဟား..ဟား..
ဝိတ်လျှော့တာများလွယ်လွယ်လေး...
အိမ်သာ ကိုသွားပေါ့..ဟီး...ဟီး..
မဇာပြောသလို ..စတာနော်..အတည်..
ကဗျာလေးတွေကိုတော့ဆက်ရေးပါ..
ကဗျာ ကကိုယ်တိုင်မရေးတတ်တော့..
သူများရေးတာကိုကြိုက်တယ်..

စိုင်းစိုင်းလားရှိုး said...

ဒီဘ၀အတွက်တော့ နှမလက်လျှော့ နေလေဦးတော့ကွယ်။ ပိန်မယ်မထင်။

molay88 said...

အလွမ်းဓါတ်ခံကောင်းတဲ့ ကောင်မလေး ပေါ့..။ ပိန်အောင်လုပ်ချင်ရင်တော့ ဒီကို လာခဲ့..။ နှင်းတောထဲ မှာ ခေါက်တုန့် ခေါက်ပြန်လျှောက်ခိုင်းမယ်...။ ဟားဟား။...။

Welcome said...

ဘာဖြစ်ဖြစ် အရောက်လာပါမယ်။
အိမ်က အန်တီတွေ ၀ိတ်လျော့မယ်၊ အဆီချမယ် ဆိုပြီး ဆေးတွေသောက် လေ့ကျင့်ခန်းတွေလုပ်နဲ့ တစ်လလည်းပြည့်လို့ ပေါင်ချိန်ကြည့်တာ
(၅)ပေါင်စီ တိုးလာတယ်။
ဆေးသောက်မှားတာပဲလားတော့ မသိဘူး .. ဟူး
မကြီးလည်း သတိထားအုန်း
ပစ္စည်း size တွေ နံပါတ်တိုးလာအုန်းမယ်။
ပျော်ရွှင်ပါစေ

ကိုတိုး said...

အလွမ်းဓာတ်ခံရှိတဲ့သူဝိတ်လျော့မယ်ဆိုရင်တော့ လာခဲ့လေ ကျွန်တော်နည်းပေးလိုက်မယ်လေ။ တောင်ပေါ်နဲ့တောင်အောက် တစ်နေ့ကိုနှစ်ခါလောက်ပြေးလိုက်လေ။ အဲ့လိုဆိုရင်ပိန်မယ်ထင်တယ်နော်။

Anonymous said...

မမနော်... တစ်ယောက်တည်း ကျိတ်မချနဲ့.. ညလေးကိုလည်း ခေါ်ဦးနော်.. ဟွန့်.. ဇွတ်.. လူဆိုး..

MINDY said...

ဝိတ်လည်းလျှော့ အလွမ်းတွေလည်းလျှော့ အကုန်လျှော့သင့်တာ ကြာပြီ... ရှည်တနာနဲ့နာကကြောတာနော်

Anonymous said...

အောင်မငီး... လက်မောင်တလုံး ၀ါးပိုးဝါးတဲ့
ကြောက်တောင် ကြောက်လာပြီ၊ ခြေထောက်က
ဆင်ခြေထောက်ဆိုတော့ ရောဂါများရှိနေလား
မသိဘူး။ ဆင်ခြေထောက်ရောဂါ မကြားဖူးဘူးလား ဆေးရုံလေးဘာလေးသွားပြီး
ဆေးလေးဘာလေး စစ်ဦးဗျို့။ ဟိ

မြတ်သွယ် said...

ကျန်းမာရေးနဲ့ညီတာပေါ့ရို့ နော့်း)
အလွမ်းကဗျာ မရေးလဲ အားပေးမှာ၏
လောလောလတ်တော့ ကလိထိုးပြီးရယ်ရဦးမပေါ့နော် :)

မိုးသောက်(ရှမ်းလေး) said...

အချိန်ရရင် အားကစားလုပ်ဗျ... အဲဒါ အကောင်းဆုံးပဲ... :D

စိုင်းနောင့် said...

မမဇာ
ဝိတ်ကျအောင် အရင်ကြိုးစားထားပါနော်
ဒါမှ စဉ်းစားပေးလို့ ရမယ် (အဟိ စိတ်ဆိုးနဲ့)
ဆေးလဲသောက်
လေ့ကျင့်ခန်းလဲလုပ်
အစားလည်း ဂရုစိုက်မယ်ဆိုရင်
အချိန်တိုအတွင်း
(ဆလင်းလေး) ဖြစ်လာမှာ အသေအချာပါ။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit