Friday, February 6, 2009

အလွမ်းဖွဲ့ ဝေဒနာ

အိပ်ရေးတွေပျက် ၊ ခံစားချက်နှင့်
မျက်ရည်လွှမ်းနေတဲ့........
ငါ့ ကဗျာလေးတွေ
မင်းအတွက်ရည်ရွယ်
ရေးသားနေမိတုန်းပဲ.၊

ငါ့ကဗျာတွေမှာ
ကာလာတွေ မထည့်ချင်ခဲ့ပေမယ့်
အခုတော့.......
ငါ့ကဗျာမှာ အရောင်တွေစွန်း
ငါ့ရင်တွင်းဖြစ် ဖြစ်နေခဲ့ပြီး.....၊

ဟန်ဆောင်မှု့တွေ ပြည့်နှက်
လိမ်လည်မှု့တွေ ရောယှက်နေတဲ့
မင်း စကားလုံး လေးတွေကိုလဲ
ငါကြားယောင်နေမိတုန်းပဲ...........၊

အဆိပ်သုတ်ထားတဲ့
မင်းအပြုံးတွေအောက်မှာလဲ
ငါရူးသွပ် နေမိတုန်းပဲ....၊

ပြန်လာလေမလားလို့
မျှော်နေမိတဲ့........ငါ
အိပ်ပျက်ညပေါင်း များစွာကို
ဖြတ်သန်း မျှော်လင့်မိနေတုန်း....ပဲ၊

မင်းရက်စက်ခဲ့မှန်း.........
ကြိုတင်မခန့်မှန်းမိခဲ့တဲ့ ......
ငါ့......ရဲ့နောက်ဆုံးရလဒ်က
မင်းရဲ့ကျောခိုင်းသွားခြင်းတဲ့လား........????

ငါ....မယုံကြည်နိုင်သေးဘူး
တကယ်ပါ...........
မင်းနှုတ်ခမ်း နှစ်လွှာကြားက
ဝန်ခံချက် တစ်ခု
ရူးမိုက်စွာ ငါမျှော်လင့် နေမိတုန်းပဲ......။

ငါတကယ် ရူးသွပ်နေမိပြီလား....??????????????

15 comments:

Welcome said...

ခံစားချက်တွေ တွေ့သွားပါတယ်။
မျှော်ရှာသူ ပေါ်မလာတော့
မျှော်လေသူ ရင်မောရမှာ သဘာဝပါ။
ဟန်ဆောင်ကမ္ဘာတွေကနေလွန်မြောက်ပြီး ပျော်ရွှင်နိုင်ပါစေ .. ..
-----
သွပ် .. သွပ် .. သွပ်

စိုင်းစိုင်းလားရှိုး said...

အယ်.. ရူးတော့မလို့လား ကလေးမရယ်။ စိတ်ခိုင်ခိုင်ထားမှပေါ့လေ။

စိုင်းနောင့် said...

ပြီးခဲ့တဲ့တစ်ခေါက်က ပုခုံးငှားခဲ့တယ်
ခုတော့ ငှားဖို့ ကျောပြင်ပဲကျန်တယ် အဟီး
(စိတ်ဆိုးနဲ့နော်)
ကဗျာလေးက သိပ်ကောင်းမွန်လွန်းလို့ပါ။

ဆူးရင့် said...

ညီမရေ
ကိုယ့်ကိုယ်ကို ရူးတော့မလားလို့ တွေးဖြစ်သေးရင်
မရူးသေးဘူးတဲ့။ သိလား။
အလွမ်းဝေဒနာများ သက်သာပျောက်ကင်းပါစေလို့
ဆုတောင်းလျှက်။

ဖိုးဂျယ် said...

အလွမ်းတွေများနေလိုက်တာ တီတီဇာရေ

Anonymous said...

အေးလေ.. အေးလေ.. ကောင်မလေးသနားပါတယ်..
ရက်စက်ပါ့

မြတ်သွယ် said...

ရေးသားမိနေတဲ့ သူ့အတွက်ကဗျာတွေကိုဖတ်ရတာ
စိတ်ထဲမသက်သာဘူး မမီးလေးရ
ရေးတဲ့သူကတော့ ရူးတော့လေမလား
အဆင်ပြေပါစေနော်း)

ကြယ်ပြာ said...

လောကကြီးက တခါတလေကျအဲ့လိုပဲ မီးလေးရေ ... ကိုယ်ကလိုက်ရင် သူကပြေးတယ် ... မလိုက်ရင်လဲ ပြေးချင်ပြေးတာပါပဲလေ(ချွင်းချက်)
လွမ်းလို့ဆိုပြီး တခြားဟာတွေလျှောက်လုပ်တာထက်စာရင် ကဗျာရေးတာကကောင်းတယ် ... နောက်အလွမ်းပြေသွားရင် အပျင်းပြေပြန်ဖတ်လို့ရတယ် ...း)

khin oo may said...

ရူးနေပါတယ်

Pinkgold said...

ငါပြောသားပဲ မခံစားစမ်းပါနဲ့ဆို.. သံသယလည်း မများစမ်းနဲ့.. နေတတ်အောင်နေ နော်

ကိုတိုး said...

ခံစားချက်တွေရေးဖွဲ့ထားတာပဲ ကောင်းပါတယ်ဗျာ။ လာရောက်ဖတ်ရှုသွားတယ်နော် အဆင်ပြေပါစေဗျာ။
အိပ်ရေးတွေပျက် ၊ ခံစားချက်နှင့်
မျက်ရည်လွှမ်းနေတဲ့........
ငါ့ ကဗျာလေးတွေ
မင်းအတွက်ရည်ရွယ်
ရေးသားနေမိတုန်းပဲ
ချစ်သူအတွက်ရည်ရွှယ်လို့လားမသိဘူး ကဗျာလေးကောင်းတယ်။

Anonymous said...

မျှော်သာမျှော်ရ သူဘယ်မှာ လဲနော် ဆိုတာ ဒါလား :)

Anonymous said...

ခံစားသွားတယ်စစ် :(

flowerworld said...

မောင်လေးဝင်းဇော်ရေ..သွပ်သွပ်သွပ်က..ဘာကြီးတုန်းဗျဟီးးးး
ဦးရှင်ကြီးရေတကယ်ရူးသွားရင်ပြောပြမယ်လေနော်ဟိဟိ
ငှားမယ်ဆို အကုန်ယူတယ်မောင်လေးစိုင်းနောင်ရေ..ဟဲဟဲ
ကိုဆူးရင်ရေပေးတဲ့ဆုနဲ့ပြည့်ပါစေချင့်...း)
တူလေးဂျယ်ရေများမှများပဲခွဲပေးမယ်လေ...ယူမလား
မောင်လေးကာတွန်းတောင်သိတယ်နော့ သူကမသနားပါဘူးကွာ..ဟင့်
ညီမလေးပုလဲရေရူးချင်တယ်အဟင့်
ကြယ်ပြာရေလွမ်းလို့ပေါ့စားလိုက်တာ..အခုတော့အဟင့်
ဝလာပြီး......း)
မမခင်ဦးမေကလဲဇွတ်..ပင့်ကူမရေစကားနားထောင်ပါတယ်ဟာ နေတတ်အောင်နေပါ့မယ်ချင့်....ကိုတိုးရေကောင်းတယ်ဆိုရင်
ခဏခဏလာဖတ်နော်...ဟီးးကိုရဲကြီးရေဒါပေါ့ဒါပေါ့....
ငယ်လေးရေခံစားသွားတာမမအတွက်ကုန်ပြီပေါ့..ဟီး

mabaydar said...

အင်း.. မဗေဒါ ခံစားရတာနဲ့တော်တော်တူတယ်..
ဒါပေမဲ့ မဗေဒါကြားဖူးတာရှိတယ်.. Relationship တစ်ခုပြတ်သွားရင် သူပြန်လာချင်လာအုံးမှာပါဆိုပြီး ကိုယ့်ကိုကိုယ်မညာနဲ့တဲ့.. အဲဒါဆို ဘယ်တော့မှ အဲဒိ ဒဏ်ရာကျက်မှာဟုတ်ဘူး.. အမှန်တရားဖြစ်တဲ့.. သူနဲ့ငါနဲ့ တကယ်ပြီးသွားပြီ.. ဆိုတာကိုသာ လက်ခံလိုက်ပါနော်.. နောက်မို့ဆို ရှေ့မဆက်နိုင်ပဲနေမယ်.. ပြောသာပြောရတာပါ.. မဗေဒါလဲ အဲလိုစိတ်မျိုး တစ်ခါတစ်လေမှ ထားနိုင်တာ.. တစ်ခါတစ်လေ.. အားငယ်တဲ့အချိန်တွေဆိုရင်.. သူများငါ့ကို ဂရုစိုက်အုံးမလား.. အားပေးအုံးမလားလို့ မျှော်လင့်မိတုန်းပဲ.. အဲဒါကြောင့် ရောဂါမပျောက်မှာစိုးလို့... ဂျီတော့မှာပါ ဘလောက်ထားလိုက်တယ်.. ပြီးရော..

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit