Friday, January 30, 2009

ခြွေရက်သူ....သို့

ငါ့ ဘ၀ အတွက်...........
အတွေးများစွာကို လက်ဆောင်အဖြစ်
မင်း ပေးအပ်ခဲ့တယ်............၊

ငါ့ ရင်ထဲကို............
အလွမ်းတွေဝင်ရောက်လာအောင်
မင်း လုပ်ခဲ့တယ်..............၊

ငါ့ နှလုံးသားကို...............
နာကျင်မှု့တွေ ထိုးထည့်
မင်း ရက်စက်ခဲ့တယ်...........၊

အထီးကျန်ဆန်ခြင်းတွေ
ရင်နှင့်အမျှ ခံစား
ခါးသီးခြင်းနေ့ရက်များစွာကို
အံတုလို့ တိုးတိတ်စွာလွမ်းရင်း
ပစ္စုပ္ပန် တစ်ခုလေးမှာ
နှုတ်ဆိတ် ကျေနပ်နေပါ့မယ်......။

14 comments:

Anonymous said...

ကြိုက်တယ်ဗျာ အတွေးတွေ၊ အလွမ်းတွေ၊ နာကျင်မှုတွေ၊ အမကျန်ဆန်မှုတွေ(မိန်းကလေးမို့လို့ပါ)
ခါးသီခြင်းတွေ ပေးခဲ့တာကို တိုးတိတ်ကျေနပ်နေမယ်တဲ့လား အဲဒီသေချင်း
ဆိုးက ဘယ်သူလဲဗျ ဆွဲထိုးမလို့ တဖက်သားအချစ်ကို မလေးမစားလုပ်လို့ အဟိ

အရုပ်ကလေး said...

ခြွေရက်လို့ အနေခက်နေရင်
ဒီကိုလာ ..
ပြောပြမယ် နားထောင် ..
တိုးတိုးလေး .. ( အချစ်ဆိုတာ တွေ့ပြီမလား ..)

မှတ်သားစရာနဲ့ ခန့်ညားမနေရင် စိတ်ညစ်ရတယ်နော့ ..
အဲတော့ အချစ်ဆိုတာ အပြစ်လို ဖြစ်ခဲရင်...
ခြွေရက်သူကို အမြတ်မယူတတ်အောင် ကျင့်ပါလေ ..။

စိုင်းစိုင်းလားရှိုး said...

မီးလေး ကျေနပ်နေရင် ကဗျာမရေးရဘူး။ တင်းနေလို့ မကျေနပ်လို့ ရေးတာလား? စဉ်းစားနော်။

Unknown said...

အစ်မကလည်း... ဒီအတိုင်းမနေနဲ့ ..နှုတ်ဆိတ်နေရင် ကြာရင် ပွင့်ထွက်လာမယ်... ဖွင့်ပြောပစ်လိုက်.. :D

Welcome said...

ဖတ်လို့ကောင်းတဲ့ ကဗျာလေး ခံစားသွားပါတယ် ။
ဆက်လက်ရေးသားဖွဲ့သီနိုင်ပါစေ ..

ခင်မင်လျက်
ဝင်းဇော်

စိုင်းနောင့် said...

ငါ့အစ်မ ကို
ပုခုံးလေး ငှားပေးချင်လိုက်တာ .. ..

မြတ်သွယ် said...

ရက်စက်သူ အတွက်တောင်
ကျေနပ်နေမယ်တဲ့လား
ခံစားရတဲ့ကဗျာလေးပဲ မမီးလေး

Anonymous said...

ကြိုက်တယ်ဗျာ ကဗျာကတော့ အလွမ်းတွေ အဆွေးတွေနဲ့ ရင်ဘတ်ထဲက နာကျင်မှုတွေပါလားနော်။
ငါ့ ရင်ထဲကို............
အလွမ်းတွေဝင်ရောက်လာအောင်..... မင်းလုပ်ရက်တယ်လား......... အချစ်ဆိုတာကိုရှာတွေ့ပြီလား မသိဘူးနော်။ လောလောဆယ်တော့ရင်ဘတ်ထဲက နာနေတယ်နဲ့တူတယ်နော်။ ကဗျာလေးကောင်းတယ်ဗျာ။ အားပေးလျှက်ပါပဲဗျာ။

Anonymous said...

အထီးကျန်ဆန်ခြင်းတွေ
ရင်နှင့်အမျှ ခံစား
ခါးသီးခြင်းနေ့ရက်များစွာကို
အံတုလို့ တိုးတိတ်စွာလွမ်းရင်း
ပစ္စုပ္ပန် တစ်ခုလေးမှာ
နှုတ်ဆိတ် ကျေနပ်နေပါ့မယ်......။

အထီးကျန်ရင်းနဲ့ အစားအသောက်တွေတော့ နင်းကန် မစားနဲ့ပေါ့ မီးလေးရယ် .. :P
စတာပါ ကဗျာလေး ကောင်းတယ်

Anonymous said...

ကဗျာလေးအတွက်.. ခံစားနားလည်ပေးခဲ့ပါတယ်..။

နှင်းပွင့်ဖြူ said...

ကြွေသွားပြီလား......... မပူမပူနဲ့
နောက်အသစ်ပြန်ပေါက်လာမယ်..........း)

ထင်လင်းအောင် said...

"ငါ့ ဘ၀ အတွက်...........
အတွေးများစွာကို လက်ဆောင်အဖြစ်
မင်း ပေးအပ်ခဲ့တယ်............၊
ငါ့ ရင်ထဲကို............
အလွမ်းတွေဝင်ရောက်လာအောင်
မင်း လုပ်ခဲ့တယ်..............၊"
ကဗျာလေး တော်တော်ကြိုက်မိတယ်......

ကေမောင်ငြိမ်း said...

ကြိုက်တယ်ဗျာ၊ ဒီတစ်ပုဒ်လည်း၊ :)

ဖိုးဂျယ် said...

တီတီဇာရေ ကဗျာလေးက ကောင်းတယ်ဗျာ
တီတီက လွမ်းနေတာ ကြာနေပြီ
အဲ့ဦးဦးက မသိသေးဘူးလား

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit