Monday, January 12, 2009

မမြင်နိုင်သော အန္တရာယ်

တူ...တူ
တူ..တူ..............
ကွန်ပြူတာရှေ့မှာ အသည်းအသန် ဘိလိယက်ဂိမ်းကစားနေရာမှ မကိုင်ချင်ကိုင်ချင်နဲ့
ထကိုင်လိုက်တော့....“မီးလေး...ဘာလုပ်နေလဲ အားလား ထွက်လာခဲ့လေ ဓါတ်ပုံတွေလဲကြည့်ချင်လို့”
“အားတော့အားတယ် အပြင်ထွက်လာရမှာပျင်းလိုက်တာ”
“ခဏပဲ လာခဲ့ ခွေးမကျောင်းဘူးလာ”
“ကျောင်းဘူး ပျင်းပါတယ်ဆိုမှ”
“နောက်မှကြည့်တော့လေ ဓါတ်ပုံတွေက ”
“ဟေ့အေး ခုပဲကြည့်မယ် ထွက်လာခဲ့
အတင်းခေါ်နေတော့လဲ မသွားချင်ပဲ ထသွားရတော့တာပေါ့............အပြင်ထွက်မယ်လဲလုပ်ရော မီးလေးခွေးက
ဘယ်ထဲကထွက်ချင်နေလဲမသိဘူး အမြှီးနှံနှံနဲ့ထွက်ဖို့လုပ်ပါလေရော သနားတာနဲ့ခေါ်လိုက်တာ(ခါတိုင်းဆိုခေါ်သွားနေကျလေ)
သူတို့စောင့်နေတဲ့နေရာလဲရောက်ရော မီးလေးရဲ့ခွေး(အထီး)ကသူ့ခွေး(အမ)ကိုလိုက်နမ်းတာဆွဲတောင်မနိုင်ဘူး..အော်..
သူတို့လဲသတိရကြမှာပေါ့
ဟိဟိ.... စကားတွေထိုင်ပြောနေရင်းနဲ့ သယ်ရင်းက“မီးလေးငါတို့မော်တာအိမ်မှာထမင်းသွားချက်စားရအောင်”
လို့ဆိုပြီးအဖော်လာစပ်တယ် ဒီကလဲချက်ချင်းပဲ“ဟာ...မသွားချင်ပါဘူး အိမ်မှာပဲအေးဆေးနှပ်တော့မယ်”
“ပျင်းစရာကောင်းလို့ပါဟာ ငါပဲယူသွားမယ် နင်အဖော်လိုက်ပေးရုံပဲ”
“မီးလေး အိမ်မှာလာချက်စားလေ ရတာပဲဟာ သွားရမှာပျင်းတယ်ဟာ”
ဟိုမှာဆိုတော့ ပိုပျော်ဖို့ကောင်းတယ်လေဟာ နော် နော် လိုက်ခဲ့လေဟာ နင်လဲအိမ်မှာပဲတစ်ယောက်ထဲနေနေတာ လိုက်လည်စို့လေဟာနော်”
ကိုယ်လဲအိမ်မှာနေပြီး မောင့်ကိုလွမ်းနေမဲ့တူတူ စိတ်ပြေအောင်လိုက်သွားလိုက်မယ်လေးလို့စဉ်းစားမိတာနဲ့
“အေ အေ လိုက်ခဲ့မယ် ဘာနဲ့သွားမှာလဲ စက်ဘီးနဲ့လာ လမ်းမလျှောက်သွားဘူးနော်”
“အေ..စက်ဘီးနဲ့ပဲသွားမယ် ထားဝယ်မလေးလဲလိုက်မယ်တဲ့”
အင်း ပြီးရော သွားတော့မယ်ဆိုဖုန်းလှမ်းဆက်လိုက်” အဲ့ဒါနဲ့ပဲသူငယ်ချင်းမော်တာအိမ်သွားမယ့်ကိစ္စ အဆင်ပြေသွားရော...... မီးလေးလဲအိမ်ပြန်လာပြီး တစ်ယောက်ထဲအခန်းထဲမှာယောင်ချာချာနဲ့ပေါ့
တစ်ယောက်ထဲနေတော့လဲ မောင့် ကိုသတိရမိပြန်ရော ဘာမှလဲမလုပ်ချင်တော့ဘူး ကွန်ပြူတာရှေ့ထိုင်ပြီး
မောင့်အလာကိုစောင့်နေမိတယ် ဘယ်လောက်အချိန်ကြာသွားမှန်းတောင်မသိလိုက်ဘူး သယ်ရင်းဖုန်းဆက်ပြီးသွားတော့မယ်ဆိုမှ ကွန်ပြူတာပိတ်ပြီး ထလိုက်လာခဲ့မိတယ် ကွန်ပြူတာတော့ အပါသယ်သွားမိတယ် ပြောလို့မရဘူးလေ မောင် အွန်လိုင်းတတ်လာတဲ့အချိန် မီးလေကလိုက်လည်နေတယ်ဆိုရင် မောင်စိတ်ဆိုးဦးမှာပေါ့ မောင့်ကိုလဲတွေ့ချင်နေတာလေ........
သူတို့ဆီစက်ဘီးနင်းပြီး လိုက်သွားတော့ “ဟ..စက်ဘီးမပါကြဘူးလာ”
“အေ...စက်ဘီးကမသွားယူလိုက်ရဘူး ကားနဲ့ပဲသွားကြတာပေါ့”
“အင်းလေ ပြီးရောအဲ့ဒါဆိုစက်ဘီးပြန်ထားလိုက်ဦးမယ် လိုက်လာခဲ့ ”
သူတို့ကကားနဲ့ပဲသွားကြမယ်ဆိုတာနဲ့ စက်ဘီးကိုတိုက်အောက် ကားပါကင်မှာပဲ
သော့ခတ်ထားလိုက်တော့တယ် ပြန်ထွက်လာတော့သူတို့ကတက္ကစီငှားပြီးနေပြီး သူတို့ငှားတဲ့ကားကိုအခန့်သားလေးတတ်လိုက်လာလိုက်တာ ဆယ်မိနစ်လောက်ပဲစီးလိုက်ရတယ်
မော်တာအိမ်ကိုရောက်လာခဲ့တယ် ရောက်တာနဲ့တံခါးဆွဲဖွင့်တော့ “ဟာ သေပြီဆရာ သော့ခတ်ထားတယ်ဗျ
အိပ်ကုန်ပြီးလားမသိဘူး ဖုန်းဆက်မပြောထားရဘူးလာကွ ”
“ပြောထားတာပဲ အော်ခေါ်ကြည့်မယ်လေဟာ ”
အသံကုန်ဟစ်လို့ခေါ်ပေးလိုက်တာ အိပ်ချင်မူးတူးနဲ့ စိန်မော်တာထလာပါလေရောအဲ့ဒါနဲ့ သယ်ရင်းတွေစကားတွေပြောလို့ညံ့ဆူနေတာပဲပေါ့ မီးလေးလဲကွန်ပြူတာဖွင့်လို့မောင့်ကိုစောင့်နေလိုက်တာပေါ့
ထမင်းဟင်းတွေချက် စကားတွေပြော နဲ့ ထမင်းလဲကျက်ရော မီးလေးပေါ့ထိပ်ဆုံးကဆွဲတာဟတ်ဟတ်
စားကြသောက်ကြစကားပြောကြပေါ့ ပြီးလဲပြီးရောအခန်းထဲဝင်ပြီး kingkong ဇာတ်ကားကိုထားဝယ်မလေးက ကြည့်ချင်တယ်ဆိုလို့ဖွင့်ကြည့်ပြီးတစ်ယောက်တစ်ယောက် ဗိုက်ခလေးတင်းလို့ပေါ့ အဆီရစ်နေကြတာ နာရီကြည့်တော့ ည၁၂နာရီထိုးတော့မယ် မပြန်ကြသေးဘူးလာဆိုတော့နေဦးလေကွာတဲ့
မီးလေးကတော့ကြည့်ပြီးသားကားဆိုတော့မကြည့်တော့ပဲ ချက်တင်လုပ်နေလိုက်တယ် ဟိုဘလော့ခ်လည်ဒီဘလော့ခ်လည်ပေါ့ ဇာတ်ကားပြီးတော့ ကိုးရီးဟားဇာတ်လမ်းတွဲကို မြန်မာစာတမ်းထိုးနဲ့
ကြည့်ကြပြန်ရော မီးလေးလဲမြန်မာစာတမ်းထိုးနဲ့မကြည့်ရတာ ၈နှစ်ကျော်ပြီပေါ့ ရုပ်ရှင်လဲမကြိုက်တာနဲ့တစ်ခါမှမ၀ယ်ကြည့်ဖြစ်ပါဘူး
နှစ်နာရီလဲခွဲရောမနိုင်တော့ဘူး ငိုက်လာပြီးလေ “ထ..ထပြန်တော့မယ် အိပ်ငိုက်နေပြီး ကြည့်တာလဲမဟုတ်ဘူး မှိန်းနေကြပြီးတော့လာထပြန်မယ်” သူတို့ကိုဆွဲထပြန်လာခဲ့တော့တယ်....................၊
အပြန်လမ်းမှာလူကလဲအိပ်ငိုက် သူတို့တွေလဲ အိပ်ပျော်ပေါ့ ခဏလေးရောက်ရမဲ့နေရာ ဘာလို့ခုထိမရောက်သေးတာလဲဆိုပြီး အပြင်ဘက်ကိုငိုက်နေတဲ့မျက်လုံးနဲ့ လှမ်းကြည့်လိုက်တော့
“အမလေးးးးးးးးးးးးး ဘုရားဘုရား ဘယ်နေရာရောက်နေတာလဲ”
အနောက်ကသယ်ရင်းတွေကိုလှမ်းကြည့်တော့ အိပ်ပျော်နေလိုက်ကြတာ အသက်တောင်မရှူတော့သလိုပဲ ကိုယ်နေတဲ့နေရာကမြို့လယ်ခေါင် အခုရောက်နေတဲ့နေရာကလမ်းရဲ့ဘေးတစ်ဖတ်တစ်ချက်မှာ တောကြီးတွေပဲ လှုပ်ရှားနေတဲ့ စိတ်ကိုထိန်း ကားသမားကိုမသိမသာအကဲခတ် အသံကိုတည်ငြိမ်အောင်ထိန်း
လို့ရှင်ဘယ်လမ်းကသွားနေတာလဲ..မေးတော့.....ဒီလမ်းကဖြတ်လမ်းပါ တဲ့
မီးလေးလဲဘာမှမပြောတော့ပဲ လမ်းကိုပဲသေချာကြည့်နေတာပေါ့ ခါးမှာပတ်ထားတဲ့ခါးပတ်လဲ ဆွဲဖြုတ်လိုက်တော့တယ် ခဏနေတော့ကားရပ်လိုက်တယ် ကြည့်နေရင်းတန်းလန်းနဲ့ ကားသမားကအနောက်ကို
လျှောက်သွားတာတွေ့လိုက်မိတယ် မီးလေးလဲလန့်ဖျက်ပြီး အိတ်ထဲမှာဓါးရှာတော့တာပဲ ဓါးကိုအဆင်သင့်မောင်းဖွင့်ပြီးသူ့ကိုအောက်ဆင်းပြီးစောင့်နေလိုက်တယ် အဲ့အချိန်မှာသယ်ရင်းတွေလဲခေါ်လို့မကြားအော်လို့မကြားအိပ်နေလိုက်တာ လူကစိတ်မရှည်တော့ဘူး ဘာလို့ကားရပ်တာလဲလို့လှမ်းမေးလိုက်တော့ ဓါတ်ဆီကုန်သွားလို့ပါတဲ့ အနောက်ဖုံးကိုဖွင့်ပြီးဓါတ်ဆီပုံးယူ လာတာတွေ့မှလက်ကိုနောက်ပစ်ပြီးနေလိုက်တယ် ကားသမားလဲကားတံခါးဖွင့်ပြီးဝင်ထိုင်လို့ကားတံခါးပိတ်သံ
ကြားမှဇတ်ခနဲ ထထိုင်မိတယ် ..............အော် ငါအိမ်မက်မက်နေတာပါလား....တော်သေးတာပေါ့
တကယ်ဆိုရင်တော့မလွယ်ဘူး.......ဟူးးးးးးးးးးးးးးးး သယ်ရင်းတွေနဲ့အိမ်ပြန်လာပြီး အိမ်ပြန်ရောက်တာနဲ့
အိပ်ပျော်သွားလိုက်တာစိတ်စွဲသွားလို့နဲ့တူပါတယ် ဟီးးးးးးးးးး

မီးလေးမေးချင်တာက တကယ်လို့အဲ့လိုမျိုးအပြင်မှာကြုံခဲ့မယ်ဆိုရင် ဘယ်လိုမျိုးရင်ဆိုင်မှာလဲကားထဲမှာ အိပ်ပျော်နေတဲ့သယ်ရင်းတွေကိုပစ်ပြီးတစ်ယောက်ထဲ ကိုယ်လွတ်ရုံးထွက်ပြေးမှာလား.......
အခြေအနေကိုအကဲခတ်ကြည့်နေမှာလား............တစ်ခုခုပေါ့နော် ဖြစ်နိုင်တာလေးတွေဆွေးနွေးသွားစေချင်ပါတယ် ဖြစ်လာခဲ့ရင်...ရင်ဆိုင်နိုင်အောင်လို့ပေါ့
အကြံဥာဏ်ပေးတာလေးကို ကြိုဆိုပါတယ်ရှင်

14 comments:

တောင်ပေါ်သား said...

အမလေးဗျာ ဖတ်လိုက်တာ မောရော နောက်ဆုံး ခေါင်းစားတဲ့မေးခွန်းနဲ့ ပြီးရော ကျနော်ဆို ထွက်ပြေးဘူးဟီးးးးးးး

သက်တန့် said...

ထွက်မပြေးတာတော့ သေချာတယ်...
မီးစင်ကြည့်ကရမှာပဲ... :)

Dr Phyo Wai Kyaw said...

:D
ဟုတ်တယ်
ရှေ့ကပြောသွားတာ။

Anonymous said...

ရအောင်တော့ နှိုးရမှာပဲ သူတို့တွေကို.. ထွက်တော့မပြေးချင်ပါဘူး...

ကိုစွမ်း said...

ကိုတောင်ပေါ်သား ပြောသလို ထွက်တော့ပြေးဘူး အဟား..မသက်တန့်ပြောတဲ့ မီးစင်ကြည့်ကမယ်ဗျာ

Welcome said...

ငယ်တုန်းက ရုပ်ရှင်ကို သတိရမိတယ်
time slip ဆိုလားပဲ၊ ခရီးသွားရင်းနဲ့ ပျော်စရာ အိပ်မက် ဆက်မက်ဖြစ်ပါစေ။
အစ်မက ဗလလည်းကြီးတယ်။ ဓားလဲ ပါတယ်ဆိုတော့ မပြေးတော့ဘူး ဆက်အိပ် နေလိုက်မယ်။

http://winzaw-mdy.blogspot.com

sait phay yar said...

ဟဟဟ အဟုတ်မှတ်နေတာ နောက်ဆုံးရောက်မှဘဲ သိလိုက်တယ်။ ဒါးတောင်ကိုင်နေမှတော့ ပြေးမဲ့လူတော့ဟုတ်လောက်ဘူး
ကား ဒရိုင်ဘာ က ကုန်းဈေးနှုန်းကြီးလို့ ဒီလူတွေကိုတော့ မခေါ်လောက်ဘူး ဟဟဟဟ
ဘာလို့ဆိုတော့ ရှမ်းမတွေထဲမှာ ဒီလိုဗလတွေနည်းတယ်

မြတ်သွယ် said...

ထွက်တော့ပြေးလောက်ဘူး
သူငယ်ချင်းတွေကို မနိုးနိုးအောင် အော်နှိုးမိမယ်ထင်တယ်
တကယ်တစ်ခုခုဆိုရင်တော့ ကြောက်မိမှာပဲ
တော်သေးတာပေါ့ အိပ်မက်ဆိုလို့ :)

ဖိုးဂျယ် said...

အောင်မလေး တကယ်မှတ်လို့ လန့်သွားတာပဲ
တားကတော့ ဗလသေးတော့ နည်းနည်းကြောက်တယ်
တီတီတို့ရှိရင်တော့ ကြောက်ပါဝူး
ရုပ်တည်နဲ့ မကြောက်ချင်ယောင်ဆောင်မှာပေါ့

Anonymous said...

ဟုတ်ပါ့.. အလန့်တကြားနဲ့.. ဂယ်လည်းဟုတ်ဝူး။
ရအောင်နှိုးရင်တော့ သူတို့နိုးတန်ကောင်းပါရဲ့။ အဲဒါမှ မနိုးရင်လည်း ဆင်တစ်ကောင်ခေါ်ပြီးသာ တက်နင်းခိုင်းလိုက်တော့။ အေးရော.. :P
နောက်တာ။

Anonymous said...

သတ္တိခဲမကြီးပေါ့လေ

ဇင်ယော် said...

အဟား ဗလတောင့်တောင့်နဲ့  ဓါးကြီးကိုင်ပြီး သတ္တိခဲပေါ့လေ။ အရေးအကြောင်းဆို အားကိုးပါရစေနော်။ တူညားက အသဲငယ်ပြီး ကြောက်တတ်လို့  အဟီး။ ဘာမှမပူနဲ့  ဒီလိုသတ္တိခဲပါလာလို့  ဘယ်ဒရိုင်ဘာမှ မဟုတ်တာ မလုပ်ရဲဘူး တကယ်ပြောတာ :P

Anonymous said...

ဟယ် ... မမကလည်း တစ်ကယ်မှတ်လို့.....
ကားသမားကတစ်ယောက်တည်း မမတို့ သူငယ်ချင်းတွေက အများကြီးမှတ်လား။ သူတို့ကို နှိုးလိုက်ပေါ့။ ဘာခက်တာမှတ်လို့။ ဟုတ်ဘူးလား။ ဟုတ်ဘူးဆိုလည်းဆောတီး... ဟိဟိ ဖောရှောလုပ်သွားတယ်....

Anonymous said...

လျောက်သွား ရင်းနဲ့ တွေ့ လို့ ဖတ်မိ ပါတယ် ... မေးခွန်း ကြီး နဲ့ တန်းတိုးတော့ တာ ပဲ ....။ ဆိုး ပြီ ဗျာ ...။

ဘာပဲပြောပြော အနော် ဆို ရင်တော့ အသာလေး မှိန်း ပြီး
ကြည့်နေ လိုက်မှာပေါ့... တကယ့်  တကယ်ဆို လည်း အခွင့် အရေး တစ်ခု တော့ ပေါ် ဦးမှာပေါ့ဗျာ..။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit