Saturday, January 10, 2009

မျဉ်းပြိုင် တွေလား

အမြဲတမ်းရှုံးနေတဲ့ ငါ့ရဲ့စိတ်ကို
ငါဘယ်လို အနိုင်ပေးရမလဲ.............?
အမြဲတမ်း အနိုင်လိုချင်နေတဲ့
မင်းရဲ့စိတ်ကိုရော
ငါဘယ်လို နားလည်ပေးရမလဲ.........?
ပြိုင်နေတဲ့ မျဉ်းနှစ်ကြောင်းလို
ဘယ်တော့မှဆုံမှာ မဟုတ်နိုင်တဲ့
ငါတို့ နှစ်ယောက်ရဲ့
ကံကြမ္မာ ကိုရော...........
ငါဘယ်လို ယိုးမယ်ဖွဲရမလဲ.........?

အတ္တမာနတွေ ပြည့်ဝနေတဲ့
မင်းရဲ့ စိတ်ကို
ဖြစ်နိုင်မယ်ဆိုရင် ငါခဏလောက်
မြင်ကြည့်ချင်သလို...........
သံသယတွေပြည့်နှက်နေတဲ့
မင်းရဲ့နှလုံးသားထဲကိုလည်း
တခဏလောက် ၀င်ကြည့်လိုက်ချင်တယ်......၊

တွေ့တိုင်းပြောတတ်တဲ့
မင်းနှုတ်ဖျားက ချစ်တယ်ဆိုတဲ့
စကားတွေကရော............
အမှန်တကယ် မှ ဟုတ်ပါလေစ...၊

ငါ့ရင်ထဲမှာကိန်းအောင်း နေတဲ့
မင်းကိုချစ်တဲ့ အချစ်ကရော..................??????


9 comments:

Anonymous said...

မရေရာမသေချာတဲ့ အချစ်
သူချစ်လား ကိုယ်ချစ်လား မသဲကွဲတဲ့အချစ်
တကိုယ်ကောင်းဆန်တဲ့ အချစ်
အကောင်းဆုံးက လမ်းခွဲလိုက်ပါ
ပြီးရင်တော့ မျိုးကြီး ဆိုထားတဲ့သီချင်းနဲ့ ငြီးပြရရင်တော့ အိုး.ဟို... ဒီကစောင့်နေသူ
ကျနော့်ဆီလာခဲ့ ဟိဟိဟိ
စိတ်ညစ်နေတာတွေ ပျောက်သွားအောင် အိမ်
လာခဲ့ ရီစရာ စာတွေ ဖတ်ဖို့ ဖိတ်တာပါနော်

အရုပ်ကလေး said...

အတွေးလေးတွေကို ကာရံမိအောင် ရေးစေချင်တယ်
ကာရံမယူရင်တောင် ဖတ်ရတာချောအောင် ရေးစေချင်ပါတယ် .. ဆွေးနွေးတဲ့ သဘောပါ..
အတွေးလေး ကောင်းတယ်..
ဆက်လက် ရေးဖွဲ့နိုင်ပါစေ

sait phay yar said...

ပြိုင်နေတဲ့ မျှဉ်းနှစ်ကြောင်းလို
ဘယ်တော့မှဆုံမှာ မဟုတ်နိုင်တဲ့
ငါတို့ နှစ်ယောက်ရဲ့
ကံကြမ္မာ ကိုရော...........
ငါဘယ်လို ယိုးမယ်ဖွဲရမလဲ.........?

စိတ်ညစ်စရာတွေဘဲနော် အဲဒါလည်း
နားလည်တော့ဘူး
ကဗျာလေးကတော့တော်တော်လေးလန်းတယ် ခံစားရတယ်

Anonymous said...

အင်း.. ငါ့အစ်မ အတော်ခံစားနေရပုံပဲ။

Anonymous said...

လာဖတ်ပါတယ်
ပြန်လာလည်ရန်ဖိတ်ခေါ်ပါတယ်
http://peacelayer.co.cc/ ကိုပါ။
:)

စိုင်းစိုင်းလားရှိုး said...

မဆုံသောလမ်းပေါ့ကွယ်။

ခေါင်ခေါင် said...

ငါ့ရင်ထဲမှာ ကိန်းအောင်းနေတဲ့. မင်းကိုချစ်တဲ့ အချစ်ကရော... ???????
ဘာဖြစ်လည်း .. ဆက်ပြောလေ...

ဖိုးဂျယ် said...

အချစ်ဆိုတာ ဘယ်လိုနားလည်ရမလဲ
တူလေးလဲ မပြောတတ်တော့ပါဘူး
ချစ်သူတိုင်းကိုတော့ အဆင်ပြေပြေတော့ ဖြစ်စေချင်တယ်။

NangNyi said...

မျဉ်းပြိုင်လား မျှဉ်းပြိုင်လား

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit