Friday, January 16, 2009

အလွမ်းသင့် နှစ်အဖွင့်

သမာရိုးကျ အလွမ်းကဗျာတွေကို ဆက်ရေး
ထပ်ဝေးနေရဦးမယ့် ..............
နေ့ရက်လေးတွေ အတွက်
မျှော်လင့်ချက်လေးတွေ
ပေးဆပ်ရင်းပေါ့.........၊


မနှစ်က ပြက္ခဒိန်လိုမျိုး
အလွမ်းတွေကို .............
ချောင်ထိုးလိုက်ချင်ပေမယ့်
အပြောချိုချိုလေးတွေကို
နှလုံးသားက..................
မြတ်နိုးတွယ်တာနေလေတော့.......
နှောင်ကြိုး တစ်ခုရဲ့
ဒဏ်ရာတွေနှင့်ဖြတ်ကျော်
မလွန်ဆန် နိုင်သေးဘူး........မောင်၊

မနှစ်ကနေ့ရက်လေးတွေတမ်းတ
ပြောင်းလဲခြင်းတွေ မသေချာတာမို့
နှောင်ဖွဲတတ်သော ပုံရိပ်တစ်ခုကို
မီးလေးစိမ်းလာဖို့ ငေး
နေ့စဉ်ရက်ဆက်.............
မရေရာပေမယ့် အသေအချာ
မျှော်နေမိတတ် ခဲ့ပြီး......မောင်၊

အလွမ်းတွေပြည့်နှက်နေတဲ့
ဒီရင်အစုံနဲ့............
ချစ်သောမောင့်ကိုမျှော်မှန်း
၂၀၀၉ ရဲ့ အလွမ်းခန်း
ဖွင့်စမ်းပါရစေဦး.................မောင်။

17 comments:

ဖိုးဂျယ် said...

အလွမ်းတွေနဲ့ စတင်တဲ့ 2009ပေါ့
ဆက်သလွမ်းပါ တီတီရေ
ဒါမှ ကဗျာလေးတွေ လာလာဖတ်လို့ရမှာ
ဟီ ဟိ

Unknown said...

တကယ်တော့ ..အဲဒါလည်း သံယောဇဉ်ပါဘဲလေ...
မြင်ရတဲ့ ကြိုးလေးက သေးနေပေမယ့်...ဖြတ်တောက်ဖို့ အခက်သား..ကိုယ်ချင်းစာပါတယ်ဗျာ...

Anonymous said...

မေ့လိုက်ပါတော့ဗျာ မရတာကို တမ်းတနေမဲ့
အစား အသစ်သာရှာလိုက်ပါတော့ ဒါဆို
ပျော်ရွှင်စရာကောင်းတဲ့ ၂၀၀၉ဖြစ်လာမှာပါ

သက်တန့် said...

ညီမလေး မီးလေးဇာရေ...
အလွမ်းတွေနဲ့ စတင်တဲ့ ၂၀၀၉ဟာ
ပျော်ရွှင်မှုတွေနဲ့ ပြီးဆုံးပါစေ... :)

Welcome said...

နှစ်ကူးတုန်းက
ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေလို့
ဆုချွေခဲ့ပါသေးတယ်
ခုတော့ ငါ့အစ်မက
အလွမ်းတွေနဲ့ ဝေနေပါလားနော်
(အနော်ပထမဆုံးရောက်တယ်၊
အသုံးမကျတဲ့ နက်စုတ်ပလုပ်ကြောင့် )
ခုတော့ နံပါတ်(၅)ဖြစ်သွားပြီ

မြတ်သွယ် said...

ကိုဝင်းဇော် ပြောတာနဲ့ ညီမလေးလည်းပြောချင်လာပြီ
မမီးလေး
ညီမလေးက နံပါတ် 6 ဟီးးး :D
ကဗျာကတော့ ထိတယ်
တကယ်
ကြိုက်လည်းကြိုက်တယ်
ကြွေလည်းကြွေတယ်
-မနှစ်က ပြက္ခဒိန်လိုမျိုး
အလွမ်းတွေကို .............
ချောင်ထိုးလိုက်ချင်ပေမယ့်
အပြောချိုချိုလေးတွေကို
နှလုံးသားက..................
မြတ်နိုးတွယ်တာနေလေတော့.......
နှောင်ကြိုး တစ်ခုရဲ့
ဒဏ်ရာတွေနှင့်ဖြတ်ကျော်
မလွန်ဆန် နိုင်သေးဘူး........မောင်-
စာသားတွေကရှယ်ပဲ မမီးလေး

flowerworld said...

တူတော်ဂျယ်ရေလွမ်းလို့ကောင်းတုန်းပဲ..မပူနဲ့ဆက်ရန်ရှိတယ်နော်
ကိုသတိုးရေဟုတ်တယ်ချင့်...ဖြတ်၇ခတ်တယ်
အိမ်စုတ်..မရဘူးလို့ဘယ်သူပြောလဲ..
သူ့ပါစပ်ပုတ်နဲ့ဟွန့်..အသစ်ရှာရင်အိမ်ကအဆင်သင့်လက်ခံမယ်ဆိုတဲ့သဘောလား
မ၇ဘူးနော်...လုံးဝပဲ...မစောင့်နေနဲ့တော့နော် မီးကအသစ်မရှာသေးဝူး...ဟိဟိ
မမသက်တန့်ရေပေးတဲ့ဆုနဲ့ပြည့်ပါစေချင့်
မောင်လေးဝင်းဇော်ရေ..နှစ်ကူးတုန်းကဒီကဗျာလေးရေးချင်တာ
မအားတာနဲ့မရေးလိုက်ရဘူးလေ..ခုမှပဲခံစားပြီးရေးလိုက်တာပါ
မောင်လေးဆုတောင်းပေးသလိုအလွမ်းတွေမြန်မြန်ပြေပါစေရှင်
(ကွန်ကစုတ်ရင်လဲချုပ်ပေါ့ကွယ် ဒါမှမဟုတ်ရင်လဲမျှားယူပေါ့..ဟိဟိ)စတာနော်

flowerworld said...

အဟင့်..မီးကနံပတ်၆လားလို့.
ပုလဲလေးက၆ဖြစ်သွားတယ် ....
ညီမလေးရေလွမ်းတုန်းပေါ့

Anonymous said...

စကားလုံးလေးတွေရွေးတတ်တယ်။ အဓိပ္ပါယ်လည်း တော်တော်ရှိတယ်။ ချစ်သောသူနဲ့ အတူနေနိုင်ပါစေ။

ဟိန်းညီ said...

အလွမ်းတွေပြည့်နှက်နေတဲ့
ဒီရင်အစုံနဲ့............
ချစ်သောမောင့်ကိုမျှော်မှန်း
၂၀၀၉ ရဲ့ အလွမ်းခန်း
ဖွင့်စမ်းပါရစေဦး.................မောင်။

ကောင်းတယ်ကွာ။ကဗျာကတော့။
ဆရာမကြီး အားပေးနေတယ်။
ကဗျာတွေဆက်ရေးပါ။
ဆရာမကြီးစာတွေထဲမှာ ကဗျာတွေကိုပိုကြိုက်ပါတယ်။
ဆက်လက်အားပေးနေပါမယ်။
း)

ဇင်ယော် said...

၂၀၀၉ မှာလည်း ဆက်လွမ်းဦးမယ် ဆိုပါပေါ့လား။ ဒါဆို အလွမ်းကဗျာလေးတွေ ဆက်တိုက် ဖတ်ရဦးမှာပေါ့။ ကဲ ကလေးနှမ တေးစရအောင် စိတ်ခြူးကြာညောင်လေးနဲ့  စဗျာ ဂျိ ပေ ပေ ဂျိ။ အဟိ။

မောင်ဖားကြီး said...

လွမ်းသာလွမ်း မင်းဂရုမစိုက်နဲ့ ရိုး....
ဒါမှ ကဗျာကောင်းတွေဖတ်ရမယ်တဲ့
ပြောသွားလိုက်ကြတာ ကိုယ်ချင်းမစာမနာ ဟဲ ဟဲ
သူများတွေလိုတော့ လွမ်းသာလွမ်း မပြောချင်ပါဘူး
ကဗျာကောင်းတွေတော့ ဖတ်ချင်သား ဟဲ ဟဲ

Anonymous said...

မမရေ
၂၀၀၉ အစမှာ အလွမ်းနဲ့ပေမယ့် အဆုံးမှာ တော့ပျော်ရွင်ခြင်းနဲ့ အဆုံးသတ်ပါစေဗျို့။ ခံစားတတ်တဲ့ နှလုံးသားရှိနေသေးသရွေ့တော့ လွမ်းနေရအုံးမှာပဲနော့် အစ်ကိုအိမ်ပြောတာ နားမထောင်နဲ့ သိလား.... :P

Anonymous said...

အလွမ်းက လွမ်းတုန်းသာခံရခက်တာ... အလွမ်းပျောက်သွားလို့ ပြန်တွေးကြည့်ရင် အရသာရှိတယ်မဟုတ်လား မမရဲ့.. ဒီတော့.. လွမ်းသာလွမ်း.. :P

Anonymous said...

တယ်ဆိုတဲ့ စာပါလားဝေ့ ..
ကောင်းပါ့ဗျာ ..
အလွမ်းခန်းလေးဖတ်ရတာ လွမ်းမျက်ရည်တောင် လည်ချင်တယ်

Anonymous said...

မီးလေးဇာရေ---
နေမကောင်းလို့--အခုမှ-လာလည်ဖြစ်တယ်--
နမိုးနီးယားဖြစ်တာပါ--
အခုတော့သက်သာစ ပြုပြီ--
ကဗျာတွေဖတ်သွားတယ်--
အမြဲတမ်းအားပေးနေပါတယ်--
ရွှင်လန်းချမ်းမြေ့ပါစေ--

Anonymous said...

လွမ်းနေတယ်ပေါ့...
စိတ်မကောင်းစရာပဲ...
သူက ဘယ်ကိုထွက်သွားလို့လဲ...

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit