Friday, January 9, 2009

ချစ်နေဆဲပါ

အသံလေးကြားမိ ကတည်းက

စချစ်ခဲ့မိတာပါ ………ကို…၊


ကို့ရဲ့ ချိုသာတဲ့ စကားလုံးတွေမှာနစ်မျှော

ကြည်နူးမိခဲ့သူပါ……………..၊


ပိုင်ရှင်ရှိမှန်း သိလိုက်ရတဲ့ ခဏ

ငယ့် ရင်ခုန်သံတွေရပ်တန့်

စက္ကန့်ဝက်လောက်သေဆုံးမိခဲ့တယ်……။


ငယ့်အချစ်တွေကို ဖြားယောင်းလှည့်စား

ယူရက်သူလို့လဲ……..

မစွပ်စွဲ ချင်ပါဘူး…..ကို၊


စိတ်ဆန္န တစ်ခုကိုသာ

ဦးစားပေးခဲ့မိတဲ့ ငယ့်အမှားတွေပါ……၊


ရင်ထဲက ခံစားချက်တွေသိမ်းဆည်း

ဟန်ဆောင်အပြုံးတုကို တပ်ဆင်လို့

ငယ် ကျရှုံးခဲ့တာ

ဘယ်သူသိမလဲနော်……….၊


နေ့စဉ်နဲ့အမျှ

ရွာသွန်းခဲ့တဲ့ မျက်ရည်မိုး

ကို မသိခဲ့ပေမယ့်

ရင်ထဲမှာ ကို ရှိနေတယ်……….။


မုန်းဖို့ချစ်ခဲ့တာမဟုတ်တဲ့အတွက်

ငယ် ချစ်နေဆဲပါ ကို……….၊




16 comments:

Welcome said...

ရင်ထဲခံစားချက်နုနု
ကဗျာစာသားလှလှ လေးကို
နှစ်သက်စွာနဲ့ ဖတ်သွားပါတယ် .. ..
မုန်းဖို့ချစ်ခဲ့တာ မဟုတ်တဲ့အတွက်
ဆက်ချစ်နေမယ့်သူတစ်ယောက်ရဲ့
အချစ်ကို လေးစားမိပါတယ်။

http://winzaw-mdy.blogspot.com

sait phay yar said...

ဟုတ်တော်တော်လေး ဆားချက် ဟုတ်ပါဘူး ကောင်းပါတယ် လို့
အချစ် ချစ် ချစ် သိတော့ဘူး နားလည်းလည်တော့ဘူး

တုတ်ကြီး said...

ချစ်ပေါ့..အားရပါးရချစ်..ကူခြစ်ပေးရအုံးမလား..

Anonymous said...

မုန်းဖို့ ချစ်ခဲ့တာ မဟုတ်ဘူးဆိုတဲ့ အပိတ်ကလေးကြောင့် ကဗျာလေးတစ်ပုဒ်လုံးဟာ နဂိုလှပနေရာကနေ အသက်ဝင်သွားတဲ့ နတ်သမီးရုပ်ကလေးလို ကြွကြွရွရွလေး ... ။
ခံစားချက်လေးတွေက နုလွန်းဆတ်လွန်းတော့ ဖတ်နေရင်းနဲ့ ကြွေသွားလေမလားရယ်လို့ .... ။
တစ်ဖက်သတ်အချစ်ဟာ အဲတိုင်းပဲ မကောင်းဘူးကွာ ... ။

မြတ်သွယ် said...

အဟီးးးးးးးးးးး
ငိုတာ ...
ကဗျာလေး သဘာဝဆန်တယ်နော်
ရိုးရှင်းစွာနဲ့ ရင်ထဲကခံစားချက်တွေကို ဖော်ပြလိုက်တာ ထိတယ် မမီးလေးရယ်
တကယ်
ပိုင်ရှင်ရှိသူကို ချစ်ခဲ့မိတာ ကောင်းဝူးနော်....
ကဗျာကို အားပေးပါတယ်ဗျို့ :)

တောင်ပေါ်သား said...

ရင်ထဲက ခံစားချက် ကဗျာလေး လာရောက် ခံစားသွားပါတယ် အမရေ

Anonymous said...

ဒါမျိုး ကျပ်ကျပ သတိထားရှောင်တာကောင်း
တယ် ဒုသနသောတဲ့နော
ပြီးတော့ စိတ်စကားတဲ့အရွယ်လို့ ပြောရအောင်
လဲ အသက်ကြည့်တော့ ..................
ဟိဟိဟိ

Anonymous said...

လာဖတ်သွားတယ်..ကို... အဲလေ.. မမီးလေးရေ။

Anonymous said...

အဟမ်း အဟမ်း.....
သြော်.. မန့်မလို့ ချောင်းကထဆိုးတာပါ။ ဘာမှဟုတ်ဘူး
ကဗျာလေးကောင်းတယ်လို့ပြောမလို့..... :P

ဟိန်းညီ said...

ဟ..
ကောင်းလှချည်လားဟ..
မောင်စိန်ဝင်း(ပုတီးကုန်း)တောင်ရှုံးလောက်တယ်။
တကယ်တော့ခံစားတယ်ဆိုတာမကောင်းပါဘူးကွာ။
ဒုက္ခရောက်ပါတယ်။
ဟုတ်တယ်မလား ဒေါ်မီးလေးဇာ။

Anonymous said...

အဟွတ်.. အဟွတ်.. မမဝေလေးက မန့်မလို့ ချောင်းဟန့်သွားတယ်.. နေ့အိပ်မက်ကတော့ ဖျား အဟွတ်.. ဖျားနေလို့ ချောင်းဆိုးတာနော်.. အဟွတ်.. အဟွတ်.. ငယ်လေး သနား အဟွတ် ပါတယ်နော်.. :P

အလင်းစေတမန် said...

စက္ကန့်ဝက်လောက် သေတာများ အစ်မတော်ရယ်။

မီးတောက် said...

ကဗျာလေးက တော်တော်လေးမိုက်တယ်နော်
ရင်ထဲက ဖြစ်ပေါ်လာတာထင်တယ်
ခံစားချက် အပြည့်ပါနေတယ် ..
ဆက်လက်ရေးသားနိုင်ပါစေ

အရုပ်ကလေး said...

ကို... ဆိုတာ ချည်းပါပဲလား
ကဗျာလက် တက်လာတယ်..
ကာရံလေးတွေ ချိန်မိလာတယ်..
ဆက်လက် ရေးဖွဲ့နိုင်ပါစေ

ဖိုးဂျယ် said...

ကဗျာလေးက လှတယ်ဗျိုးးးး
" တဖတ်သက်အချစ်က ဆိုးပါတယ် "
သီချင်းဆိုသွားတာ တဖက်သက်ကျိတ်ချစ်ရတာလဲ
အရသာတမျိုးပဲ တီတီရ

WWKM said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ..
တကယ်..တကယ်.. မီးလေး တို့ကတော့ ရင်ထဲမှာခံစား
ချက်အပြည့်နဲ့.. ဟွန်း.....ပြောတော့ မမ၀ါ မောင်လေးနဲ့
ယောင်းမတော်မှာဆို... ခုတော့ မေ့ပြီပေါ့လေ.း(

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit