Thursday, February 12, 2009

မီးလေးရဲ့ ဖိနပ်ပါးသောခရီးစဉ်

သူငယ်ချင်းတွေနဲ့သွားစားတုန်းကအပျော်ရိုက်ထားကြတဲ့ပုံပါ (မိုကထ)ကိုမြန်မာလိုခေါ်မတတ်လို့..အဟီးးးး

အားလုံးပဲမင်္ဂလာပါရှင်.......... မီးလေးလဲအခုတလောဘာတွေရှုပ်နေမှန်းကိုမသိပါဘူး
ဘာမှလဲမရေးဖြစ်ဘူး ၀တ္ထုရေးစမ်းတော့လဲ ပုံမလာ...ကဗျာရေးပြန်တော့လဲ အလွမ်းကဗျာတွေချည်းပဲ
ဖတ်တဲ့သူတော့မသိဘူး ရေးတဲ့သူကတော့ခံစားရလွန်းလို့ အခုတော့ဝက်ကနေဆင်ပေါက်လောက်ရှိလာပြီး
စာကတော့ရေးချင်သလားမမေးနဲ့ ဘာရေးရမှန်းကိုမသိတာ
အခုတလော ဟိုလူကလဲဘလော့ခ်ပိတ် ဒီလူကလဲဘလော့ခ်ပိတ် အဖော်တွေရော့ကုန်ပြီး မီးလေးလဲဘလော့ခ်မလည်ဖြစ်တာကများနေတယ်
လည်လိုက်တာနဲ့ပြောင်းလည်းနေတာနဲ့တိုးတော့တာပါပဲ ဘာတွေဘယ်လိုဖြစ်လို့
ဘယ်လိုတွေဘာဖြစ်နေမှန်း သိတော့ဝူးဗျာ.(ဟိဟိ) မီးလေးဆီလာလည်တဲ့သူတွေကိုလည်း
အားနာတယ် အသစ်မတင်နိုင်ဘူးလေ

စိတ်ညစ်ညစ်နဲ့လိုက်လည်လိုက်တာ နှစ်ရက်ဆက်တိုက်ပဲ ပြန်လာတာနဲ့ဖလက်ပြသွားတာပဲ
တနင်္ဂနွေနေ့ကတော့အမေ့ကိုသွားနှုတ်ဖို့ဆေးခန်းခေါ်သွားလိုက်တယ်
မီးလေးကသွေးကြောက်တဲ့သူဆိုတော့ မကြည့်ရဲဘူး ကိုယ့်ကိုယ်ပေါ်မှာသွေးစစ်ဖို့ အပ်နဲ့ထိုးတာတောင်ကြောက်တယ် မကြည့်ဘူးမျက်နာလွဲထားလိုက်တယ်
အမေ့ကိုဆေးခန်းလိုက်ပို့ပြီးတော့ အမေကဗေဒင်တွက်ချင်တယ်တဲ့ လိုက်ပို့ပေးရပြန်ရော
သူ့သားအတွက်လေ
စာမေးပွဲနီးလာပြီးဆိုတော့ အခြေအနေလေးသိချင်တာပေါ့ မီးလေးကတောင်ပြောလိုက်သေးတယ် ကိုယ်ကျက်မှကိုယ်ရတာလို့ ဗေဒင်ဆရာမတော့ဟောလိုက်ပါတယ် မိန်းမရတတ်တယ်တဲ့ မိန်းမကတော့ဆိုပြီးပြောလိုက်တာ ဘယ်လိုယတြာခြေပေါ့ ဘာလုပ်ပေါ့ညာလုပ်ပေါ့နဲ့ လုပ်ခိုင်းတာပေါ့
မီးလေးကိုလိုက်မှတ်ခိုင်းလို့စာရွက်တစ်ရွက်နဲ့လိုက်မှတ်ပေးလိုက်တယ်
ကိုယ်ကတော့စိုးရိမ်သား ဖုန်းဆက်ပြီး
တစ်ခါထဲပြောလိုက်တယ် သူ့အကြောင်းလဲသိနေတာကိုး ရည်းစားကလဲများမှများ
မိန်းမရလို့ကတော့ နင်ဘာမှရမယ်မထင်နဲ့လို့ ပြောသာပြောတာ ကိုယ်ကအိမ်မှာနေတာမဟုတ်ဘူးလေ သူအိမ်ပေါ်ခေါ်တင်လဲဘာမှမတတ်နိုင်ဘူး ဟီးးးးးးးးးး အမှန်တော့ကိုယ်မစွံသေးတော့ သူများလဲမပေးစွံချင်သေးဘူးလေ ဟိဟိ
ဗေဒင်တွက်ပြီးပြန်လာတော့ သူငယ်ချင်းတွေနဲ့(SIAM PARACON) မှာချိန်းထားတာဆိုတော့အဲ့ကိုပဲလိုက်သွားလိုက်တယ်
အဲ့မှာစတိတ်ရှိုးနဲ့မောဒယ်ရှိုးကြည့်ပြီးတော့ (မိုကထ) သွားစားကြတယ် သယ်ရင်းတွေနဲ့စားသောက်ပြီးလို့
အိမ်ပြန်တော့ ကိုယ့်အိမ်ကိုယ်မပြန်ချင်တာနဲ့အမေ့ဆီမှာသွားအိပ်လိုက်တယ် ဟီးးးးးးးးးးးးး
မနက်ကျတော့ဘုန်းကြီးကျောင်းသွားတာပေါ့ လပြည့်နေ့ဆိုတော့ဘုရားလေးဘာလေးသွားကြတာပေါ့
ဘုန်းကြီးကျောင်းမှာ ထမနဲ(ရာဟု) စားပြီး သန့်ရှင်းရေးတွေဘာတွေလုပ် စကားပြောကြ ပြီးတော့ကုန်တိုက်မှာရှော့ပင်ထွက်ကြတာပေါ့ ဟိဟိ......သိပ်တော့မလျှောက်ရှာပါဘူး ဖိနပ်ပါပျက်သွားတယ်...ဟီးးးးးးး
ဈေးဝယ်လို့ပြီးတော့ သယ်ရင်းတွေလဲပြန်တာပေါ့ မီးလေးကတော့စောသေးတယ်ဆိုပြီးနောက်တစ်ဖွဲ့နဲ့
လိုက်လစ်ပြန်တာပေါ့ ရုပ်ရှင်လိုက်ကြည့်တယ်ပြီးတော့အိမ်ပြန်လာတယ် နာရီကြည့်တော့ မနက်(၄း၀၀)
ထိုးပြီး မျက်လုံးလဲမဖွင့်နိုင်တော့ဘူး ခဏတော့ထိုင်ပြီးချက်တင်လုပ်လိုက်သေးတယ် ပြီးတာနဲ့ထိုးအိပ်လိုက်တာ
မနိုးသောအိပ်ချင်းနဲ့လိုပါပဲရှင်...........
ဟိဟိ...မီးလေးကတော့အဲ့လိုလည်ပါတယ်ရှင် အပြင်သွားပြီဆိုလဲစားလိုက်တာလဲလွန်ရော ဘယ်လောက်ပဲစိတ်တွေညစ် ခေါင်းတွေရှုပ်နေပါစေ သူငယ်ချင်းတွေနဲ့တွေ့ရင်တော့ ပျော်ပျော်ပဲနေလိုက်တယ် အကုန်လုံးကိုမေ့ထားလိုက်တော့တယ်
ကဗျာတွေအသစ်ရေးနိုင်အောင်လို့လဲံကြိုးစားနေပါတယ်ရှင် လာရောက်အားပေးတာကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်ရှင်

13 comments:

Anonymous said...

အင်း စိတ်ကိုလည်းလျှော့ ၀ိတ်ကိုလည်း လျှော့ဦး :P
အစားအသောက်သည် လူနှင့် တည့်၏ တဲ့ ...
အစား အစာများ ဆိုရင်တော့ သတိမရဘူးနော် :D

စိုင်းစိုင်းလားရှိုး said...

မီးလေးရေ... ဒီပုံဒီအတိုင်း စခန်းသွားရင်တော့ အဟေဟေး....... ရဦးမယ်??? မိုကထ ဆိုတာ ဟော့ပေါ့ကို ပြောတာလား?

flowerworld said...

အစား..မီးလေးတဲ့တာသိပ်သေချာတာပေါ့
ဟီးးးးးးးးးသိတယ်ဟုတ် စားတုန်းသာသတိမရတာ စားပြီးတာနဲ့သတိရပါတယ်အကိုတော်ရဲ့..ဟိဟိ မိုကထ...ကဟော့ပေါ့နဲ့သိပ်မကွာပါဘူးရှင့် မီးလေးလဲမြန်မာလိုခေါ်မတတ်ဘူး စားဖို့ပဲသိတယ် ဟိဟိ

Anonymous said...

It is a Thai name.
Moo means Pork.
Ga-ta means the pan (or the hot-pan).
You can boil the veges and meats with the soup provided in the pan and the middle part of the pan is to grill the meats.
There are a different version with shrimps and called 'Kung Ga-ta'.
Usually it is a buffet which costs around 69 or 99 Bahts (may be a little bit over than that price in some places). Side dishes like fried-rice, fried-noodle, salads, curries, Fruits and Desserts are also provided and included in that price.

flowerworld said...

အခုလိုရှင်းပြပေးသွားတာကျေးဇူးတင်ပါတယ်ရှင့် ဟီးးးးးးးးးမီးလေးကတော့ရှင်းပြမတတ်ဘူး

အရုပ်ကလေး said...

ခေါင်းစဉ်လေးကိုတော့ တော်တော်ကြိုက်တယ် ..။
ဟိဟိ .. အစားအသောက် လျော့စားဦး ။
တော်ကြာမှဖြင့် ပွင့် ထက်ဆိုးနေဦးမယ် ..။
ရေးသာရေးပါ .. ဘာဖြစ်ဖြစ် အားပေးမယ် ..။

မြတ်သွယ် said...

ခေါင်းစဉ်ကတော့ ရှယ်ပဲ ဟီးးး
ပေးတတ်တယ်
နှစ်ရက်ဆက်တိုက်မှာ ဖလက်ပြပေမပေါ့
ပုလဲတောင်ဖတ်ရင်းခေါင်းမူးသွားရယ်
ကဗျာတွေလည်း မျှော်မည် ...
အားပေးနေမယ်နော့် :)

ဆူးရင့် said...

အိပ်ရေး ၀၀ အိပ်စက်ပြီး
ကဗျာ ၀၀လေးတွေ
ရေးသားနိုင်ပါစေလို့

ဖိုးဂျယ် said...

ကိုမိုးသောက် ပြောသလို
စိတ်လဲလျှော့ ၀ိတ်လဲလျှော့ တီတီဇာ ခင်ဗျာ
တော်ကြာ ကဗျာ ၀၀ တွေ ထွက်လာနေမယ်း)

စိုင်းနောင့် said...

((အမှန်တော့ကိုယ်မစွံသေးတော့ သူများလဲမပေးစွံချင်သေးဘူးလေ ဟိဟိ))
ကပ်ကြွားနေတာ နည်းနည်းတော့များ နေပါပြီနော်...

Welcome said...

ဖတ်သွားပါတယ်အစ်မ
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိဖို့
ပျော်ပျော်သာနေပါအစ်မရေ..
(ပွင့်) လောက်ဝသွားလဲ အကြောင်းလား
ကြော်ငြာဝင်ရိုက်လိုက်တာပေါ့

အားပေးနေပါမယ်။

Anonymous said...

ကဗျာတွေရေးပါ။
အားပေးပါတယ်။
ကဗျာလေးတွေအရမ်းကောင်းတယ်။
ခုလိုအမှတ်တရလေးတွေလည်းကောင်းပါတယ်လေ။
နောက်တစ်ချိန်ကျတော့အရမ်းတန်ဖိုးရှိမှာ။
အားပေးတယ်။ လုပ်လုပ်....

သက်တန့် said...

ညီမလေး မီးလေးဇာရေ...
'မီးလေးရဲ့ ဖိနပ်ပါးသော ခရီးစဉ်' မဟုတ်ဘဲ 'မီးလေးရဲ့ ဖိနပ်ပြတ်သော ခရီးစဉ်' ဖြစ်နေပါလားကွ...
ဟဟဟ... :)

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit