ဟာသပြောချင်လို့ပါရှင်
ရယ်ရလားမရယ်ရလာတော့မသိဘူး ဟိဟိ ပြောချင်လွန်းလို့
မရယ်ရလဲ ပြုံးသွားကြနော်....
ပြောမှာကတော့ ကိုယ့်သူငယ်ချင်းအကြောင်း.....
ဟိဟိသူသိမှာမဟုတ်ဘူး.......တိတ်တိတ်လေးလာပြောပြတာ
ပြောတော့မယ်နော် .........အဟမ်း
ဟိုတစ်နေ့ကမီးလေးအုပ်စုဖုန်းပြောနေကြတဲ့အချိန်မှာ အမေကဖုန်းဆက်လာပြီးအဖွဲ့ထဲ ၀င်လာပါရော
အမေ၀င်လာတော့ သယ်ရင်းတွေကယောက္ခမဆိုပြီးဝိုင်းခေါ်တာပေါ့
“အေးအေး ချွေးမတွေ ရေ နင်တို့ယောက္ခမလုပ်ရမှာလဲ ခပ်လန့်လန့်ပဲ အားလုံးဇော်တွေကြီးပဲ”
“အဒေါ်ကလဲ..၀ါကလုပ်ကျွေးမှာလေ မပူပါနဲ့”
အဲ့အချိန်မှာအမေကဘယ်လိုကနေဘယ်လို သတိရသွားလဲမသိပါဘူး
မီးလေးသယ်ရင်းဝါ၀ါကိုပေါ့ စပြီးပြောတာ
နင့်ကိုဆိုပိုကြောက်သေး
“ဘာလို့လဲ”ဆိုပြီးဝိုင်းမေးကြတာပေါ့
ဖြစ်ပုံကဒီလို..................
ဝါ၀ါ..သူ့အိမ်မှာအသုဘသွားဖို့လာဖိတ်တော့ ဘယ်သူ့ကိုမှမပြောဖြစ်ပဲ နောက်နေ့တော့သွားတာပေါ့
ဟိုရောက်တော့သူ့အဖေရယ် အကိုရယ်ကိုတွေ့တယ် ဘာမှတော့မပြောပါဘူး ပို့ပြီးတော့သူ့အဖေက
သံဝေဂရတဲ့ပုံစံနဲ့ လေအေးလေးနဲ့ပြောတာပေါ့
“အဖေ့အလှည့်ကျရင်လဲ ဒီလိုပဲ အဖေ့ကိုပြစ်သွားကြမှာပဲနော်”တဲ့
သူ့အဖေလဲပြောပြီးရော ၀ါဝါပြန်ပြောလိုက်တာကတော့
“ဟာ...အဖေကလဲ မပူပါနဲ့ အဖေ့အလှည့်ကျရင် ၀ါ..မပြစ်ထားပါဘူး ဆေးရည်စိမ်ထားပေးမယ်လေ”..တဲ့
အဲ့ဒါပါပဲ သူအပြော..........တစ်အုပ်လုံးကတော့ဝိုင်းရယ်ကြတာပေါ့
ဒါပေမယ့် မီးလေးဆီလည်လည်လာတဲ့မောင်နှမတွေရော ရယ်ကြပါ့မလား မသိဘူး
အဟင့်.....ရယ်ပေးကြနော်............
Wednesday, February 18, 2009
ရယ်စေချင်လို့ပါ
Subscribe to:
Post Comments (Atom)
7 comments:
သူ့ အဖေနေရာမှာဆိုရင်တော့ ရီရမလို ငိုရမလို ဖြစ်မှာပဲ၊ ခုတော့ ဘေးလူအနေနဲ့ ရီရတယ် အဟေဟေး.... အဟဟား...... အဟီဟီး........
အင်း.... အဲဒီအဖေကတာ့ သမီးကောင်းရတာနာ
လေးတယောက်နဲ့ အတော်တော့ ဂုဏ်ယူနေမှာ
တော့မြင်မိတယ် အဟားဟား
ခွိ.. ခွိ.. အဖေကြီးသနားပါတယ်....
တော်သေးတယ်..မံမီလို ပါ တစ်ကိုယ်လုံး အထုတ်မခံရလို့ ...ဝါဝါလို သမီးမျိုး မွေးတော့ဘူး...
ဟီး..ဟီး...
တော်လိုက်တဲ့သမီး. ဟား၂
ဟားဟား(loudly)လို့ရယ်ချင်ပေမယ့်
ဘေးနားက သူတွေကိုအားနာလို့
အော်မရယ်လိုက်မိဘူး..စိတ်ထဲမှာတော့ တကယ်ရယ်တယ်....
ဟ ဟ တော်တော် လိမ်မာတဲ့ သမီးလေးပဲ
အဲ့လို သမီးလေး ရထားတာ ကံကောင်းတယ်လို့
သူ့ အဖေကို ပြောပြလိုက်ပါ တီတီရေ
Post a Comment