အခုချိန်မှာ.........
စိတ်ရဲ့ခံစားချက်က
မောင့် ကိုလွမ်းတယ်....၊
အစာအိမ်ရဲ့ ခံစားမူ့က
ဗိုက်ဆာနေပြီးတဲ့.....၊
နှလုံးသား ကပြောနေတယ်
ကော်ဖီတွေသိပ်မသောက်ပါနဲ့တဲ့...၊
ကိုရင်တွေ အရမ်းခုန်နေပါလား...
သြော် ကော်ဖီသောက်ထားမိတာကိုး.၊
ကဗျာရေးချင်တယ်
ဘာရေးရမှန်းလဲမသိဘူး....၊
အလွမ်းကဗျာတွေ ပြန်ရေးချင်နေတယ်
မခံစားချင်ပြန်ဘူး....၊
မောင့်အကြောင်းရေးချင်တယ်
မောင်က မချစ်တော့ဘူးတဲ့....
အဲ.........မဟုတ်ပါဘူး
မောင်က မချစ်ခဲ့တာတဲ့...၊
စဉ်းစားမိတော့ နွမ်းသွားပြန်ပြီး
အစာအိမ်ကလဲတောင်းဆိုနေပြီး
ဗိုက္ထဲမွာ တဂြီးဂြီးနဲ႔
ပန်ကန်ပြားနဲ့ အရင်ဆုံး
ခံစားလိုက်ဦးမယ်လေ......၊
Wednesday, March 18, 2009
ဖြစ်နေတာလေးပေါ့
Subscribe to:
Post Comments (Atom)
13 comments:
ဇဇရေ
နင့်ရဲ့ အနုပညာ အင်အားဟာ ဗိုက်ကိုဆာစေတယ်နော်..
ပြန်ပြီ။ (လေးလုံးပါတယ်..)
:P:P
ပန်ကန်ပြားတင် မက ပန်ကန်လုံးနဲ့ ပါ ခံစားနေ၇တယ် ညီမေ၇။ ဖတ်သွားတယ်နော်
”ကိုရင်တွေ အရမ်းခုန်နေပါလား...”
ဘုန်းကြီးရိုက်တော့မှာဘဲ
”ခံစားလိုက်ဦးမယ်လေ......”
သီလရှင်ဝတ်ထားလို့ လား
ဟဲဟဲ...
ကဗျာလေး ကောင်းတယ်.. ပြုံးပြီး ဖတ်တယ်ဗျာ..
ကိုရင် ဆိုလို့ အနော့များ ပြောတာလားလို့.. ဟီးးး
ကိုယ်တောင် ရင်တွေဘာတွေ တုန်သွားတယ်..
ခင်တဲ့..
ကိုရင်နော်
အဆင်းအနံအရသာနဲ့ ပြည့်စုံတဲ့ အနုပညာမှန်း ကောင်းကောင်းသဘောပေါက်သွားပါပြီ ညီမငယ် ... ဆက် စားလိုက်ပါဦး ... အဲလေ ပြီး ခံစားလိုက်ပါဦး ... လို့ ...
ခင်မင်စွာဖြင့်
မကြီး
ဝိတ်လျော့နေတုန်းပဲလား .. ..
ဒါပေမယ့် မလွယ်ဘူး မဟုတ်လား
(အဟတ် ဟတ်)
အားတိုင်းစားဖို့ပဲ စဉ်စားနေတယ်နဲ့တူတယ်။
ဘလော့တခုလုံးလဲ စားစရာတွေနဲ့ ပြည့်နေပြီဗျို့
ဒီတစ်ခါ လက်ဖက်သုတ်မစားတော့ဘူးပေါ့.... ဟာဟ
ကဗျာလေးလာဖတ်သွားတယ်ဇာဇာ--
သမီး
တီ့ ဆီ လာ
ဟင်းရည်လာသောက်
ချက်ပြီးပြီ
ရောက်တယ် ဖတ်တယ် ညီမငယ်ရေ
ခံစားချက်ကြောင့်ပဲ
ငါ့အစာအိမ်က
တဂြီဂြီျမည္ခဲ့တာလား?
ရင်တွေခုန်/တုန်ခဲ့တာကရော
ငါသောက်ခဲ့တဲ့
ကော်ဖီတွေကြောင့်များလား?
ရေးချင်ခဲ့တဲ့ ငါ့ကဗျာတွေက
အလွမ်းကဗျာတွေချည်း ဖြစ်နေမှာကြောင့်
ငါမခံစားရဲခဲ့ပြန်ဘူး။
နင်မချစ်ခဲ့ပဲနဲ့များ
နင့်အကြောင်းရေးချင်နေမိတဲ့
ငါ့ကိုယ်ငါ ဘာလုပ်ရမလဲ?
တစ်ဆိတ် လမ်းညွှန်ပေးပါလား။
ခုတော့
ခံစားချက်ကြောင့်
နွမ်းကြေသွားတဲ့စိတ်ကို
ခဏတာမေ့ထားလို့
အစာအိမ်ရဲ့ တောင်းဆိုချက်အရ
အရင်ဦးဆုံး
ပန်းကန်ပြားနဲ့
ခံစားလိုက်ဦးမယ်ဟာ
နင်ရော စားသွားပါဦးလား?
ချစ်မီးလေး အတွက် အမှတ်တရ.... :P
ပန်းကန်ပြားနဲ့ခံစားချင်ရင် နေ့အိပ်မက်ပါ ၀ိုင်းကူမယ်လေ.. :P
Post a Comment