Friday, March 13, 2009

ဇွဲကပင်က ကရင်မောင်နှမ

(ရေတံခွန်အသွားလမ်းပေါ်က မြင်ရတဲ့ ဇွဲကပင်)
(ကရင်မောင်နှံပုံလေးကတော့ ၀ိုင်းပြထားတဲ့နေရာလေးပါ)

ပုံနှစ်ပုံလုံးကိုအန်တီမေငြိမ်းရဲ့ဘလော့ခ်ကနေယူထားတာပါ

မြင့်တဲ့သူကအကိုပါ ညီမကတော့နိမ့်နိမ့်လေးပုံပါ...........

ပုံပြင်ဆန်ဆန်ဇာတ်လမ်းကလေးကတော့ မီးလေးခုပြောပြပါ့မယ် သူငယ်ချင်းတွေကိုလဲပြန်မေး
ထားတာပေါ့ သူတို့တွေနဲ့ကိုယ်သိတာနဲ့တူလားဆိုပြီးတော့ပေါ့ ဖြစ်ချင်တော့သူငယ်ချင်းတွေကလဲတစ်ယောက်မှမသိကြဘူး နောက်ဆုံးတော့ ဇက၀ါဆီကနေသိရတယ် သူသိတာနဲ့မီးလေးသိတာနဲ့ တူနေတယ်လေ...အတိုချုပ်ပြီးပြောပြမယ်နော်
.ဇာတ်လမ်းလေးကတော့ ဒီလိုပါရှင်..ဟိဟိ

ဟိုးတုန်းကပေါ့ ဇွဲကပင်တောင်နားမှာ မိသားစု(၄)ယောက်တူတူနေကြတယ်ပေါ့.......
အမေရယ်အဖေရယ် သားနဲ့သမီးနဲ့ပေါ့....သားကတော့(ရ)နှစ်အရွယ် သမီးကတော့(၅)နှစ်အရွယ်ပေါ့
တစ်နေ့ကျတော့ ကလေးနှစ်ယောက်နဲ့အဖေလုပ်သူတောင်ယာသွားလုပ်ကြတာပေါ့...
ထမင်းစားချိန်ရောက်တော့ ထမင်းစားဖို့လုပ်နေတုန်း သောက်စရာရေမရှိလို့
အဖေလုပ်သူက သံလွင်မြစ်ထဲမှာရေသွားဆင်းခပ်တယ်..ကလေးတွေကလဲ အဖေကိုစောင့်ရင်းစားဖို့စီစဉ်နေကြတာပေါ့ ဒီလိုနဲ့အဖေကသွားတာကြာလို့လိုက်သွားရင်း
အော်သံကြားလို့ပြေးသွားကြည့်တာ သူတို့အဖေကို ကျားဆွဲသွားတာမြင်လိုက်ရတယ်...

အဖေဆုံးလို့နှစ်နည်းနည်းကြာတာနဲ့ အမေလုပ်တဲ့သူကနောက်အိမ်ထောင်ပြုလိုက်ပါလေရော

နောက်ထက်ယူလိုက်တဲ့ယောင်္ကျားက သူတို့နှစ်ယောက်ကို မကြည့်ဖြူဘူးပေါ့ ပထွေးဆိုတော့ ပထွေးပုံစံပဲပေါ့
သူတို့ကိုအမြဲတမ်း အပြစ်မရှိအပြစ်ရှာပြီး ရိုက်နှက်ကန်ကျောက် နေတာပေါ့.. အမေလုပ်တဲ့သူကသနားပေမယ့်
ဘာမှမကူညီနိုင်ဘူးပေါ့....
တစ်နေ့ကျတော့ အမေလုပ်သူက သူတို့မောင်နှမကိုခေါ်ပြီးဇွဲကပင်တောင်ပေါ်ကို ခေါ်လာခဲ့တယ်
တောင်ပေါ်မရောက်ခင်နားလေးမှာ သူတို့မောင်နှမ နှစ်ယောက်ကိုတွန်းချလိုက်ပါလေရော (သူငယ်ချင်းပြောတာကတော့ ပထွေးနှိပ်စက်တာကို သနားလွန်းလို့ သတ်တာတဲ့) (မီးလေးမှတ်မိသလောက်တော့ ပထွေးကသတ်ခိုင်းတာ..)
ပြီးတာနဲ့သူလဲအိမ်ပြန်သွားတာပေါ့...ကံကောင်းချင်တော့ မောင်နှမနှစ်ယောက်ပြုတ်ကျတာအောက်က ၀ါးရုံ(သို့)ခြုံတစ်ခုခုပေါ့ ခံနေလို့အသက်မသေသွားရှာဘူးပေါ့ သူတို့တွေအိမ်ကိုမပြန်ရဲကြတော့ပဲ တောထဲမှာသွားနေတုန်း ရသေ့တစ်ပါးနဲ့ ဆုံတယ် ရသေ့က သားနဲ့သမီးနဲ့ဘာဖြစ်ချင်လဲ လို့မေးတော့
လူတွေကိုအန္တရာယ်ကင်းအောင်စောင့်ရှောက်ချင်တယ် လို့ဖြေကြတယ် ဒါနဲ့ရသေ့လဲ တောင်ပေါ်မှာမီးပုံဖိုခိုင်းတယ် မီးပုံကတစ်ဖြည်းဖြည်းနဲ့ ကြီးသထက်ကြီးလာတာပေါ့ ကြီးနိုင်သမျှပေးကြီးပြီးတော့
သူတို့မောင်နှမကိုဆေးတစ်ယောက်တစ်လုံးစီတိုက်တယ် ပြီးတော့တစ်ယောက်ချင်းစီ မီးပုံထဲခုန်ဆင်းခိုင်းတယ်
နောက်တော့ သူတို့မောင်နှမသေပြီး နတ်စိမ်းတွေ ဖြစ်လာတာပေါ့...... ကရင်မောင်နှမပုံကတော့ သူ့အလိုလိုပေါ်နေတာ..............
ဒါကတော့ဇွဲကပင်တောင်ဇာတ်လမ်းတစ်ပုဒ်ပေါ့ နောက်ထပ်ဇာတ်လမ်းလေးတွေကတော့ မမှတ်မိသေးလို့အေးဆေးမှရေးမယ်နော်

5 comments:

Sein Lyan Tun said...

ပထွေးက သတ်ခိုင်းတာလား..
သနားပါတယ် ကလေးနှစ်ယောက်
မဇာပြောမှပဲသိတော့တယ်..

မိုးသောက်(ရှမ်းလေး) said...

အော်.. အဲလို သမိုင်းကြောင်းနဲ့လား... ဗဟုသုတ ရသွားပြီ... :D

Anonymous said...

ဒါကလည်း ရာဇ၀င်ပေါ့နော်

Anonymous said...

စိတ်ဝင်စားစရာကောင်းလိုက်တာ
သူတို့ကို ဘာဆေးတိုက်တာလဲ? ဘာလို့ဆေးတိုက်တာလဲဟင်?

Anonymous said...

ကြားတောင် မကြားဖူးဘူးဗျ။ အိပ်ယာဝင် ပုံပြင်
တွေလား ဘာလားတော့ မသိဘူး ဒီလို ဇာတ်လမ်းတွေ အများကြီးရှိတယ်ဗျ။ တချို့ တကယ့်အဖြစ်တွေနေမှာပေါ့။ ဒီပုံပြင်ကတော့ ခုမှကြားဖူးတယ်။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit