အားလုံးပဲမင်္ဂလာပါ....(စိုင်းစိုင်းလေသံနဲ့)
မီးလေးလဲပျင်းကြောဆွဲနေတာနဲ့ ပို့စ်အသစ်လဲမရေးဖြစ်ဘူး
မီးလေးကိုတတ်ဂ်ထားတဲ့ အတွေ့ချင်ဆုံး(၁၀)ယောက် ပို့စ်လေးကို ရေးသားလိုက်ပါတယ်
မီးလေးကိုအရင်စတတ်ဂ်တာကတော့ မီးလေးထက်အသက်ကြီးပေမယ့် မောင်လေးလို့ခေါ်တာနှုတ်ကျိုးနေလို့
မောင်လေးဝင်းဇော်လို့ခေါ်ခေါ်နေတဲ့ ကိုဝင်းဇော်တတ်ဂ်တာပါ ...........
ဒုတိယ ကတော့ သူကမီးလေးလိုပဲသိပ်ကြွားတာ မောင်ဆိုတာနှုတ်ဖျားကမချတဲ့ မီးလေးတို့ရဲ့ ချစ်မကြီး
မမ၀ါပါပဲ......
တတိယကတော့ မျောက်တောင်အရှုံးပေးရတဲ့ ဟိုနေရာလဲသူပါ ဒီနေရာလဲသူပါနဲ့ စိန်မျောက်မျောက်
ဖိုးစိန်ပါပဲ သူ့ကိုထမီမပြီးလိုက်လို့ မျောက်လိုကွတကွတနဲ့ထွက်ပြေးနေရတာလေ......
နောက်တစ်ယောက်ကတော့ ချစ်ညီမဝေလေးပါပဲ မီးလေးရဲ့တိုင်ပင်ဖော်တိုင်ပင်ဖတ်ပေါ့ တစ်ခါတစ်လေ ကိုယ်ကဆရာကြီးလေသံနဲ့ လုပ်သေးတာ အမှန်တော့ဘာမှသိတာမဟုတ်ဘူး ဟိဟိ
နောက်ဆုံးအယောက်ကတော့ တူတော်ဖိုးဂျယ်ပါပဲ အစလဲသန်သလို သူလဲမျောက်လောင်းလေးပါပဲ
အဲ့ဒီလေးဦး တတ်ဂ်ထားတယ်ဆိုတော့ရာ....မီးလေးကအဲ့ငါးဦးလုံးကိုတွေ့ချင်နေတာ မီးလေးကတွေ့ချင်တဲ့သူစာရင်းထဲမှာပြန်ထည့်လိုက်ရင် ၅ယောက်ပဲကျန်တော့မှာဆိုးလို့ ဟိဟိ
မီးလေးကမမ၀ါ၊မောင်လေးဝင်းဇော်၊တူလေးဖိုးဂျယ်၊ဖိုးစိန်နဲ့ ညီမဝေလေးတို့ကိုတွေ့ချင်ပါတယ်လို့နော်
မီးလေးထပ်တွေ့ချင်တဲ့ .................၁၀ ယောက်ကတော့
(၁) မီးလေးဘလော့ဂ်မရေးခင်ကတည်းက သူ့ရဲ့စာအရေးအသား အပြောအဆိုလေးတွေကိုချစ်ခင်ခဲ့ရ အားကျခဲ့ရတဲ့ ချစ်မမညလေးကိုတွေ့ချင်ပါတယ် အမြဲတမ်းလိုလိုမအားတတ်တဲ့ ချစ်မညလေးကတော့ မအားတဲ့ကြားက မီးလေးသိချင်တာတွေစပ်စုတာတွေကို စိတ်ရှည်ရှည်ဖြေပေးခဲ့သူပါပဲ ချစ်မညလေးကိုအရမ်းတွေ့ချင်ပါတယ်
(၂) သယ်ရင်းပင့်ဂိုးလ်..မီးလေးခေါ်တာတော့ ပင့်ကူမပေါ့ သူကအကြွားကလဲပိုတယ် အခုတော့ အကွဲတွေသဲနေလို့တဲ့လေ သူ့နဲ့ကမီးလေးဘလော့ဂ်မရေးခင်ကတည်းကခင်လာတာပေါ့.........
(၃) သယ်ရင်းမင်းယွန်း....ကိုဖတ်တီးပေါ့ဗျာ သူနဲ့လဲမီးလေးဘလော့ဂ်မရေးခင်ကတည်းကခင်လာတဲ့သူပါ မီးလေးဘလော့ဂ်ကိုအမျိုးမျိုးလုပ်ခိုင်း ကလိခိုင်းနေကြပေါ့ သူလုပ်ချင်ချင်မလုပ်ချင်ချင် မီးလေးကတော့ဇွတ်လုပ်ခိုင်းတာပဲ မရရင်စိတ်ကောက်ပြီးနေတာ ဟီးးးးးးးး
(၄) ကိုမိုးသောက်ကြီးပါ မီးလေးရဲ့ ဆရာပေါ့ မီးလေးပျင်းတယ်ဆိုလို့ ဘိလိယက်ထိုးသင်ပေးတဲ့ ဆရာကြီးပေါ့
မီးလေးဘာခိုင်းခိုင်း မညည်းမညူနဲ့လုပ်ပေးရရှာတာလေ ဆိုးလို့ကောင်းတဲ့ အကိုတစ်ယောက်ပေါ့ မီးလေးလဲဆုံနိုင်မယ်ဆိုရင်တွေ့ချင်မိပါတယ် သူကမီးလေးကိုသူ့ရွာမှာထန်းရည်အရမ်းကောင်းတယ် ဆိုပြီးဆွယ်ထားတာ ဟိဟိ
(၅)အသက်တူပေမယ့် သူကအမလို့ခေါ်နေမှတော့ ကိုယ်ကလဲမောင်လေးလို့သာခေါ်ပေးလိုက်တဲ့ တောင်ပေါ်သား ပါပဲသူ့ကိုလဲတွေ့ချင်တယ် အွန်လိုင်းမှာတွေ့တိုင်းအမနေကောင်းလားပဲ မေးမေးနေတယ် သူမေးမှကိုယ့်ရောဂါကို သတိရရသွားတယ် ခင်ဖို့အရမ်းကောင်းသလို့ တိုင်ပင်လို့လဲရပါတယ် အချွန်နဲ့မလာတော့သိဘူးရယ် ဟီးးးးးးးး လူပျိုကြီးဖြစ်မှာစိုးလို့ သူငယ်ချင်းနဲ့စပ်ပေးမလို့လုပ်နေတာ အတင်းငြင်းနေတယ်လေ ဟတ်ဟတ်
(၆) အွန်လိုင်းမှာတွေ့တိုင်း ၀က်ဆိုပြီးတော့ လာလာခေါ်တတ်တဲ့ဦးရှင်ကြီးပါ အဖိုးကြီးဖြစ်နေတာတောင်
ကလေးစိတ်ကမကုန်သေးဘူးရယ် ကလေးတော့မဟုတ်တော့ဘူး သူငယ်ပြန်နေတာလေ ဦးရှင်ကြီးကိုလဲတွေ့ချင်တယ် အရူးထောင်ပို့မလို့ လေ
(၇) ဇဇ လို့ခေါ်တတ်တဲ့ သူ တစ်ယောက်ပဲရှိပါတယ် သယ်ရင်းအလှတရားပါ သူ့ကိုရှယ်တွေ့ချင်တာ
ဆီးချိုရှိရင် သူနဲ့ကုမလို့လေ ဟိဟိ ခင်ဖို့ကောင်းတဲ့သယ်ရင်းလှလှကိုလဲတွေ့ချင်ပါတယ်
(၈) မမကဗျာတွေက ညီမလေးရဲ့ခံစားချက်နဲ့အရမ်းတိုက်ဆိုင်တာပဲ ကောင်းတယ်ဆက်ရေးဆိုပြီး အမြဲလာလာချွဲတတ်တဲ့ ညီမလေးသဉ္ဇာပါ အွန်လိုင်းမှာတွေ့တိုင်းအာဝါးးးတွေဇွတ်ဇွတ်ပေးတတ်လို့ ပါးတောင်ပဲ့ကုန်ပြီးးးဟတ်ဟတ် ညီမလေးကိုလဲတွေ့ချင်ပါတယ်
(၉)တီတီယောင်းယောင်းလို့ ခေါ်တတ်တဲ့ လူတွေ့ရင်အာဝါးးးးးးးးးကြီးပဲပေးတတ်ပြီး စကားလဲမပီတဲ့
တူမလေးယောင်းယောင်း(မက်မက်)ကိုတွေ့ချင်ပါတယ် အကိုတွေနဲ့မျှားတတ်တဲ့ကောင်မလေးလေ ဟီးးးးးးး
(၁၀)နောက်ဆုံးပိတ်အိတ်နဲ့တစ်ခါထဲလွယ်ခိုင်းလိုက်မယ် အပျိုကြီးမမကိုပေါ့ မီးလေးစိတ်ညစ်ရင် အားပေးပေးတတ်တဲ့ စိတ်ပြေအောင်ပြေရာပြေကြောင်းပြောပြောပေးတတ်တဲ့ ဟင်းတွေလဲ အမြဲတမ်းချက်ကျွေးတဲ့ မမလုလုကိုတွေ့ချင်ပါတယ် မီးလေးဆီလာရင်ဟင်းတွေတစ်ဝကြီးချက်ကျွေးမယ်လို့ အစားပုပ်တဲ့ မီးလေးကိုပြောပြောနေတတ်တဲ့ချစ်မမလုကိုတွေ့ချင်ပါတယ်ချင့်
(၁၀)ယောက်ပဲဆိုလို့ (၁၀)ယောက်ပဲရေးလိုက်ရတာ ဒါတောင်၅ယောက်ဖယ်ထားလိုက်လို့ ဟိဟိ
အမှန်တော့မောင်နှမများအားလုံးကို တွေ့ချင်ပါတယ် တစ်နေ့နေ့တော့တွေ့ကြရလိမ့်မယ်လို့လဲမျှော်လင့်ပါတယ်
အားလုံးကိုချစ်ခင်လျှက်ပါ
မှတ်ချက်။ ။ မောင်လေးဖြိုးဝေတိုးကဒီပို့စ်ကိုစလုပ်တာဆိုပြီးမမ၀ါလာသတိပေးမှ မီးလေးကိုတတ်ဂ်တဲ့သူတွေထဲမှာမောင်လေးဖြိုးဝေတိုးလဲပါတယ်ဆိုတာ သတိရတယ် အဟဲ
မောင်လေးရေတောင်းပန်ပါတယ် မောင်လေးကအရင်ဦးဆုံး တတ်ဂ်ထားတာဆိုတော့ အမလဲမရေးဖြစ်တာနည်းနည်းကြာသွားတယ်လေကွယ်နော် တောင်းပန်ပါတယ်နော် တွေ့မှပဲ မုန့်တွေအများကြီးနဲ့ဖားတော့မယ်နော် ဟီးးးးးးးးးး
Thursday, April 30, 2009
မီးလေးအတွေ့ချင်ဆုံး(၁၀)ယောက်
Subscribe to:
Post Comments (Atom)
15 comments:
တို့လဲချစ်ခင် တွေ့ချင်ပါသည်။ ဟိဟိ
တွေ့စေဗျာ... တွေ့စေ
ခေါင်းထဲမှာ ရော ရင်ထဲမှာပါ စာတွေ စကားတွေ အကုန်ပျောက်နေလို့ အပျောက် ရိုက်နေတာ ..
ခင်ဗျားလေးက သတိယတော်မူသေးတယ် :)
ရေးဆိုပေမယ့် ဘာရေးရမှန်း မသိ .. အဟင့်
အီဖေကိုယ်တို့ ကမတွေ့မဖြစ်စာရင်းပေါ့လေး
မဇာရဲ့ 
ဇွဲကပင်တူတူတက်မယ်နော်
ကတိနော်
ရောက်အောင်လာမယ်
ချစ်ညီမ...
ညီမလေးကို မောင်လေးဖြိုးဝေတိုး အရင်ဆုံး တက်ဂ်
ထားသေးသလားလို့..... ဒီတက်ဂ်ပို့စ်သူအရင်ဆုံးစတာ
လေ....
မမကတွေ့ချင်လို့ မမကိုတွေ့ချင်တာပေါ့လေ....
ရပါတယ်..ရပါတယ်....
တွေ့ကြတာပေါ့ ညီမလေးရယ်...
တွေ့ရင်မုန့်ဝယ်ကျွေးရမယ်နော်....
မောင်မိုးသောက် ကိုယ်ပျောက်သိုင်းတတ်သွားတာ
အခုမှ ပေါ်လာတော်မူတယ်....း)
မောင်နှမတွေအားလုံး ပျော်ရွှင်စွာတွေ့ဆုံနိုင်ကြပါစေ...
ချစ်တဲ့
မမ၀ါ
မကြီး ရှာကီလာ မက်မက်
ပျော်ရွှင်ဖွယ်ကောင်းတဲ့ တဂ်ပို့စ်လေး လာအားပေး ပါတယ်။ သူငယ်ချင်းတွေ တစ်နေ့ အကုန်တွေ့ နိုင်ကြဖို့ မျှော်လင့်ပါတယ်။
စလင်းဘော်ဒီနဲ့ လှပနိုင်ပါစေ
ခင်မင်လျက်
ဝက်ကလေးရေ ဒီရက်ပိုင်း ဂရုစိုက်နော် ၀က်တွေ ကျန်းမာရေးသိပ်မကောင်းဘူး။ အလျှော့စာရင်းထဲပါသွားမယ်။ ဟဲဟဲ စတာပါ နေကောင်းကျန်းမာပါစေ။
မမရေ....
မမမီးလေးဇာကို ညလေး သဉ္ဇာကလည်း
အရမ်းအရမ်းကိုတွေ့ချင်နေတာနော်.....
တွေ့မှ အာဝါးတွေ တစ်ဝကြီးပေးပစ်မယ် ဟီးဟီး...
နောက်ဆိုတွေ့ရအောက်ကြိုးစားရမယ့်
မီးလေဇာရေ့နောက်တစ်ခါတဂ်လာရင်
အယောက်၂၀လောက်တဂ်ပါလို့ပြောရမလို
ဖြစ်နေပီ့ဟီးး
အတွေ့ချင်ဆုံး လူတွေ နဲ့ အမြန်ဆုံးခင်မင် ဆုံတွေ့နိုင်ပါစေ မီးလေးရေ ... :)
ဟိ..... အာဝါးး ချစ်မ....
တစ်နေ့နေ့တော့ ဖြစ်လာမှာပေါ့နော် ဘယ်ပြောနိုင်မလဲ.. :P
တနေ့တော့ ဖြစ်လာမှာပါ..... တနေ့နေ့တော့ ဖြစ်လာမှာပါ.... ဟဲဟဲ
စိုးပိုင်သီချင်းထဲ လာဆိုတာ... .
တွေ့ရင်တော့ မုန့်ဝယ်ကျွေးရမယ်.. နော်...
ပြီးရင် ဇွဲကပင်တောင်ပေါ်တူတူတက်ကြမယ်...
အာဝါးးးးးးးးးးးးးးးး
ဦးဦးဝင်းဇော်က လူမှားပြီး တီတီယောင်းကို ခေါ်သွားတယ်.. ဟတ်ဟတ်။.. :P
တီတီဇာကယဲ တားကိုများ
မျောက်လောင်းလေးတဲ့
တော်ဖီ ယာလည်တော့ဝူး
စိတ်ကောက်တယ် ကျန်ဖီး)
တွေ့တော့မှ မုန့်တွေ ၀ယ်ကျွေးခိုင်းမယ်။
ဟိုက်စိတ်ဆိုးနေပလားမသိဘူး နောက်ကျနေလို့...
ဖျားနေတာဇဇရ
ငါးပါးသီလထိန်းကွယ်
အစားလျှော့စားကွယ်
ငါတို့လည်းတွေ့ချင်ပါတယ်။
(မိတ်ဆွေကောင်းများနဲ့ ဘ၀ခရီးသွားနိုင်စေသော်ဝ် )
မီးလေးရေ... ညလေး မေးလ်ကို approved လုပ်ပါဦးနော်...
ညလေး အရင်မေးလ်က အဖျက်ခံရလို့လေ။ မီးလေးကို add ထားတာ ကြာပေါ့.. ခုထိ မpproved သေးဘူး။
ဒီကလဲ တွေ့ချင်သပ... ပြန်ရောက်ရင် ကရင်ပြည်နယ် လာလည်ဦးမှာ...
Post a Comment