ကိုလတ်ရေ
ကိုလတ်နဲ့ ပတ်သက်လာရင်
မနာလိုမှု့များစွာက
ရင်ထဲမှာခိုအောင်းလို့ ..ပေါ့၊
ကိုလတ်ရဲ့ ဦးခေါင်းထက်မှာ
နေရာယူတတ်တဲ့ ဦးထုပ်လေးကိုလဲ
မနာလိုဘူး…...၊
ငယ် မြတ်နိုးတဲ့
မျက်ဝန်းလေးတွေကို ပိုင်စိုးလွန်းတဲ့
နေကာမျက်မှန်ကိုလဲ
မနာလိုဘူ.............၊
ရယ်လိုက်တိုင်း သိပ်ချစ်ဖို့ကောင်းတဲ့
သွားတန်းလေးတွေကို …
ဖုံးအုပ်ထားတတ်တဲ့
ပါးလွှာတဲ့ နှုတ်ခမ်းအစုံကိုလည်း
မနာလိုဘူး..........၊
ငယ် ၀င်ချင်တဲ့
ရင်ခွင်နွေးနွေးကို
အမြဲတစေ ခြုံလွှမ်းထားတတ်တဲ့
ဂျာကင်အကျီ ကိုလဲ
မနာလိုဘူး...........၊
ကိုလတ်ဘယ်သွားသွား
အမြဲတမ်းလိုက်ပါတတ်တဲ့
အဲ့ဒီ ဘွတ်ဖိနပ်တွေကိုလဲ
မနာလိုဘူးးးးးးးးးးး
ဖြစ်နိုင်မယ်ဆိုရင်
အကုန်လုံးကို
သော့ခတ်ချိတ်ပိတ်လို့
ငယ် တစ်ယောက်ထဲ ပိုင်ဆိုင်ထားချင်တယ်…....။
13 comments:
ဘုရား ဘုရားးး....
မနာလိုချက်ကတော့ ကမ်းကုန်တယ်
တစ်ကိုယ်လုံးဘာမှ မကျန်ဘူး
ကိုလတ်ဝတ်တဲ့ အတွင်းခံရော ပါလားမသိဘူး
ဟီးးးဟီးးးး
ချစ်တတ်လိုက်တာ ဂယ်ပဲ ဂယ်ပဲ
အဟားးး
နောက်တာနော် အတည်(မဇာ စကားနဲ့ ပြန်ပြောတာ)
ချစ်ခင်လေးစားစွာဖြင့်
အတွင်းခံတော့ပါနဲ့တော့......ဟီ
ဂယ်ဘဲချစ်သွားတာပေါ့ဟုတ်
အစားထိုးလိုက်တာကောင်းပါတယ်
အသဲကွဲနေတာဘာလုပ်မလည်းမတန်ဘူး
ဆက်လုပ် အားပေးတယ်
ဦးဖိုးချိန်နဲ့ဒေါ်မေ ရေ အတွင်းခံပါ ပါလို့ရှိရင် သူများပြောစရာဖြစ်မှာဆိုးလို့ မရေးတော့တာ ဖြစ်နိုင်ရင် အကုန်သိမ်းတယ်ကွာ ဟွန့် မှတ်ထား သူများကိုပြောချင်ဦး ပြီးတော့အစားထိုးတာမဟုတ်ပါဘူးရှင့် အချွန်နဲ့မမပါနဲ့ကွယ် နော်
တစ်ယောက်တစ်မျိုးဆီချစ်တာပါ မတူပါဘူး အစားလဲမထိုးပါဘူး နဂိုထဲက သူကအရင်ရောက်နေနှင့်ပြီးသား ဟိဟိ
မဇာ မနာလိုတာ လည်း
ဘာမှကိုမကျန်တော့သလောက်ပါလားဗျာ
ဟီးဟီး
ကိုဖိုးစိန်ပြောသလိုတစ်ခုတော့ချန်
း)
ခင်တဲ့
ဝသန်
အင်းမနာလိုလိုက်တာများနော် အဲ့လောက်တောင်ပဲချစ်ရလားမသိဘူးနော်။ ကိုဖိုးစိန်ပြောသလိုတော့အတွင်းခံတော့ မပါလောက်ပါဘူေးနာ်။..... ဆင်မင်စွာနဲ့ နောက်တာနော်။
ဒါဆို အင်အင်းပါတာဆိုရင်ရော မနာလိုဘဲ သိမ်းထားမှာလား ဟင်... မသိလို့ မေးတာပါနော်
ခေါင်းအုံးမှာပါးအပ်
မအိပ်တတ်ပါနဲ့ ကိုလတ်ရေ
ရေချိုးတဲ့အခါ ရေပေါက်လေးတွေ
နေထိုးတဲ့အခါ နေပျောက်လေးတွေ ကိုတောင်
သ၀န်တိုတတ်လို့ပါ။ :P :D
(ပြေးပြီ မီးလေးရေ..........)
ခေါင်းအုံးမှာပါးအပ်
မအိပ်တတ်ပါနဲ့ ကိုလတ်ရေ
ရေချိုးတဲ့အခါ ရေပေါက်လေးတွေ
နေထိုးတဲ့အခါ နေပျောက်လေးတွေ ကိုတောင်
သ၀န်တိုတတ်လို့ပါ။ :P :D
(ပြေးပြီ မီးလေးရေ..........)
ကလေးမလေး
ရောဂါတယ်ဆိုးနေပြီ၊
စိတ်ပြေလက်ပြောက် မြဘုရား ကိုသွားပြီး တရား ထိုင်လိုက်ပါလား၊
မြစ်ကူးပြီးတော့ ဖူးရတဲ့ ဘုရားတွေတော့ မသွားနဲ့နော်
မမရေ... စိတ်လျှော့.. စိတ်လျှော့
အချစ်တွေနဲ့ ပျော်နေတဲ့ နင့်ကိုတော့ ငါက မနာလိုဘူး..
(အလကား စတာနော် ချစ်.. ငါက နင်ပျော်တာကိုပဲ မြင်ချင်တာပါ)
ပိုင်စေသတည်း
ပိုင်စေသတည်း :P
Post a Comment