မောင်နှမများအားလုံး မင်္ဂလာပါရှင့်
လိုရင်းတိုရှင်းပဲပြောတော့မယ်နော် မီးလေးမရစ်တော့ဘူး ဟီးးးးးးးးးးး(ကိုယ့်အကြောင်းကိုယ်သိလို့)
(၇)ရက်နေ့ကျရင်မြန်မာပြည်ကိုအလည်ပြန်မယ်ပေါ့နော် တူလေးဂျယ်လိုတော့ တစ်လလောက်ကြိုတင်မပြောဖြစ်ဘူးလေနော် (နည်းနည်းခွပ်ကြည့်တာ)
ထိုင်းကိုတော့ ၂လပိုင်းလောက်မှပြန်လာဖြစ်မယ်ထင်တာပဲလေ
သူငယ်ချင်းတွေကတော့ ပြန်တောင်မပြန်ရသေးဘူး သတိရနေကြပြီး ဟိဟိ
ဘားအံရောက်လို့ရှိရင်လိုက်လည်ရင်းနဲ့ ဓါတ်ပုံတွေရိုက်ပြီးတင်ပေးပါဦးမယ်
မျက်စိရှုပ်ဖို့သာပြင်ထားပေတော့ပေါ့နော်း)
ဘားအံမှာကွန်နရှင်လေးလဲ ကိုယ့်ဘက်ပါရင် ကဗျာတွေလဲစပ်ဖြစ်ရင် ဘလော့ဂ်ကိုတော့မပြစ်ထားပါဘူးနော်
မီးလေးကိုလဲမမေ့သွားကြနဲ့ဦးနော်
မီးလေးရဲ့ မောင်နှမများအားလုံးကို သတိရနေမှာပါနေမှာပါနော်
Monday, August 31, 2009
နှုတ်ဆက်ခဲ့ပါတယ်ရှင့်
Posted by flowerworld at 11:04 PM
Subscribe to:
Post Comments (Atom)
11 comments:
ပျော်ရွှင်ဖွယ် အားလပ်ရက်လေးများ ဖြစ်ပါစေဗျာ...
မမီးလေး...
ပြန်လာမဲ့နေ့ကို မျှော်နေမယ်...
ဘားအံက ဖားစည်ကြီးတွေ...
ဇွဲကပင်တောင်တွေ...
ကရင်ပြည်ရဲ့ ရှုမငြီးဖွယ်အလှတွေကို
မမီးလေးဇာရဲ့လက်စွမ်းပြရိုက်ချက်တွေနဲ့
အမြန်ဆုံးမြင်ချင်လှပါတယ်ဗျို့...
ကောင်မလေး ခုမှ သရဲလာခြောက်တယ်။ ဟွန့်
လုံးဝမကျေနပ်ဘူးးးးးးးးးးးးး
ဘယ်တွေပျောက်နေတာလဲ? ခုလည်း တူလေးဖိုးဂျယ် နောက်လိုက်သွားအုံးမယ်။ လုပ်ထားကြပေါ့ ရှင်တို့က ပြန်နိုင်တဲ့သူတွေပဲ။ နာလိုဘူးးး
မြန်မြန်ပြန်ခဲ့ ဒါပဲ။
ချစ်တဲ့မရောင်
အမရေ အစစအရာရာ အဆင်ပြေချောမွေ့ပါစေ
ပိုစ့်လေးတွေ စောင့်မျှော်နေပါမယ်
လေးစားလျက်
တောင်ပေါ်သား
ဝေးးးးးးးးး
ပျော်စရာကြီး မီးလေးရေ
အားရအောင်စား ဓါတ်ပုံတွေရိုက်ခဲ့
တီဇာ ရန်ကုန်ရောက်ရင် တူယေးဆီ ဖုန်းဆက်ပါယား
095026506 မုန့်ဝယ်ကျွေးချင်ရင် ပြောပါတယ်း)
ပျော်ရွှင်ပါစေ တီဇာရေ
တူယေး ဖိုးဂျယ်
ချစ်မီးလေးရေ.... အာဝါးးးးးးးးး
ပြန်မယ်ဆိုတော့..
လွမ်းနေမယ်.. ဟဲ...
ညလေးအကြောင်း ဘူမှ လျှောက်ပြောရဘူးနော်..
ဒါပဲ.. ချစ်ညီမ..
ခရီးလမ်းချောမွေ့ပါစေ...
တွေ့ချင်သူများနဲ့ အမြန်ဆုံပါစေ...
ချစ်တဲ့
ညလေး
မြန်မြန်ပြန် ပြီးရင်ပြန်လာနော် ငါစောင့်နေမယ် (တိုင်နဲ့ခေါင်းနဲ့ ဟီးး)
သိပ်လည်းကဲမနေနဲ့နော်
အသက်လည်းကြီးနေပြီး
ကလေးတွေကဲပါစေနော်
မျက်စေနောက်အောင်လုပ်မနေနဲ့ဦးနော်
ရေတံခွန်က ထန်းရည်နဲ့ ငါးခြောက်ဖုတ်
လေးက အရမ်းကောင်းတယ်လို့ ကလေးတွေ
ပြောနေကြတယ် နင်မသွားနဲ့ဦးနဲ့နော်
လေးဘက်ထောက်ပြီးပြန်လာနေရမယ်
ရေကူးရင်လည်းသတိထား နစ်နေမယ်
နင်ကိုကယ်နိုင်တဲ့ သူရှားတယ်
အကောင်က သေးသေးလေးဆိုတော့
ပြီးတော့ အိမ်မှာလည်းထမင်းစားအုန်းနော်
ဘုန်းကြီးကျောင်းတွေ မှာဘဲ သွားစားမနေနဲ့ဦး(စတာဟုတ်ဝူးနော်)
အစစအရာရာ အောင်မြင်ပါစေ
စာလည်းကြိုးစားနော်
မီးလေးလိုရာ ပန်းတိုင် အရောက်လမ်းနိုင်ပါစေးးးးးးးးးးးးးး
နှုတ်ဆက်တော့မှာလား
သံသရာဒီရထားနဲ့ 
ဟီး
သီချင်းတောင်ဖစ်တွားတယ်
ရွှေပြည်ကြီးရောက်လည်း
ကွန်ကောင်းရင်တင်ပေါ့ မဇာရ
ဟတ်ပီး ထရစ်( Happy Trip )
လေးပါနော်
ခင်တဲ့
မောင်လေးဝသန်မိုး
ရော ကြိုမပြောဘူးရော ခုမှသိရတယ်။
အဲ့လို့မှန်းသိရင် အိမ်လိပ်စာပေးလိုက်ပါတယ်။
ဘားအံမှာ ဂျီးမေးတော့ သုံးလို့ရနေတယ်တဲ့။
တခြားတော့ မသိဘူး။
ကွန်နက်ရှင် ကောင်းရင် ဘားအံမှာရှိတဲ့
လှပတဲ့ ရှုခင်းပုံလေးတွေတင်ပေးလိုက်ပါအုံး။
ကရင်ပြည်နယ်ကို မရောက်ဖူးသေးတဲ့ သူတွေအတွက်ပါ။
ခင်တဲ့
ကိုရီနို
ပြန်မလာသေးဘူးလား ကြာလှပြီ။
Post a Comment